• ပုဂံ အမှတ်တရ
  • မန္တလေး အမှတ်တရ
  • Sea Game အမှတ်တရ
  • ဦးပိန် အမှတ်တရ
  • Sea Game အမှတ်တရ
Handsetတွေ ဒီလောက် တံဆိပ်မျိုးစုံ၊ Model မျိုးစုံများပြားလွန်းတဲ့ ခေတ်ကြီးထဲမှာ Android အစစ်ဖြစ်ကြောင်း ဘယ်လိုစမ်းရင်သိနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။ တစ်ချို့JAVA ဖုန်းတွေက Android ဖုန်းတွေလို အသွင်အပြင်တွေ တော်တော်ဆင်ပါတယ်။ ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။ Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာသိရှိနိုင်ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆိုတာကို သိနိုင်ဖို့ခက်ပါတယ်။ တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေမှာတွေ့ရတတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန်ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Androidဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။ Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ဖုန်းတွေက ဘာတွေကွဲပြားလဲဆိုရင်တော့ ကွဲလွဲတာတွေသိပ်မရှိပေမဲ့။ Brand အစစ်နဲ့ခွဲခြားလို့မရအောင်တူတဲ့ Clone Handsetsတွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ်လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက်ဒီနည်းလမ်းလေးကို ပြောပြလိုက်ပါတယ်။
အခုနောက်ပိုင်းဝင်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားပါတယ်။ လုံးဝကို အစစ်နဲ့တူပါတယ်။ အဲ့လိုဖုန်းတွေကို အစစ်မဟုတ်ကြောင်း ဘယ်လိုစမ်းနိုင်လဲဆိုရင်၊ အလွယ်ဆုံးက Setting ထဲကိုဝင်ပြီး Display ကိုရှာလိုက်ပါ။ Samsung Galaxy Series တွေအတွက်ဒီနည်းနဲ့ စမ်းကြည့်လို့ရပါတယ်။ Display ထဲမှာ Font Style ကိုရှာကြည့်လိုက်ပါ။ တွေ့ရင်အစစ်ဖြစ်ကြောင်း ယုံလို့ရပါတယ်။ မတွေ့ရင် အစစ်မဟုတ်ဘူးပေါ့ဗျာ။ နောက်တနည်းကတော့ လုံးဝအစစ်ဖြစ်တယ်ဆိုတာကို စမ်းကြည့်လို့ရပါတယ်။ Setting ထဲကိုဝင်လိုက်ပါ။ About Phone ကိုတွေ့ပါလိမ့်မယ်။ Android Version 4.0.4 စသဖြင့်ရေးထားတဲ့ နေရာလေးကို ၃ခါ လေးခါလောက် ဆက်တိုက်နှိပ်ကြည့်ပါ။ စက်ရုပ်ပုံလေးပေါ်လာပြီး Android Versionရယ် ICS, Jelly Bean ဆိုတာကို ဖေါ်ပြပေးပါလိမ့်မယ်။ နောက်ပြီး စက်ရုပ်ပုံလေးကို ဆက်ဖိထားလိုက်ရင် စက်ရုပ်ပုံလေးတွေပြေးနေတာကို တွေ့ရပါလိမ့်မယ်။ Clone Handsetsတွေမှာ အဲ့ဒီလိုဖြစ်အောင်မလုပ်နိုင်ပါဘူး။ ဒီနည်းလမ်းတွေက Android ဖုန်းတွေကို အစစ်ဟုတ်မဟုတ် စစ်ကြည့်လို့ရနိုင်ပါတယ်။

ဗဟုသုတ

Android အစစ်ဖြစ်ကြောင်း ဘယ်လို စမ်းရင်သိနိုင်မလဲ

Posted by wai phyo  |  No comments

11:01 PM Share:

0 comments:

အကြင်မိန်းမသည် -
၁။ စားသောအခါ ၊
၂။ အ၀တ်တန်ဆာပြုပြင်ဆင်ယင်သောအခါ
ဤ အခါတို့၌ အမိကဲ့သို့ နှစ်သက်ဖွယ်ပြုပြင်ပေးတတ်၏ ။
၃။ လျို့ဝှက်အပ်ကုန်သော မကျစ်မလစ်သောအရာတို့၌
နှမကဲ့သို့ လွန်စွာရှက်တတ်၏ ။
၎။ အမှုကိစ္စဆောင်ရွက်သောအခါ ၊
၅။ လင်၏အနီးအပါးသွားလာသောအခါ ၊
ဤ အခါတို့၌ ကျွန်မကဲ့သို့ ရိုသေစွာပြုတတ်၏ ။
၆။ ဘေးရန်အန္တရာယ်တွေ့ကြုံလာသောအခါ၌ တိုင်ပင်ဖေါ်တိုင်ပင်ဖက်ရ၏ ။
၇။ အိပ်သောအခါတို့၌ မွေ့လျော်စေတတ်၏ ။
၈။ အရောင်အဆင်းပြုပြင်ခြင်းတို့၌ တင့်တင်စွာပြုပြင်တတ်၏ ။
၉။ လင်ယောက်ျားက အမျက်ထွက်သောအခါ သည်းခံတတ်၏ ။
ဤလက္ခဏာဂုဏ်ရည် အလီလီနှင့်ပြည့်စုံသော အမျိုးကောင်းသမီးကို
မိန်းမမြတ် ဟူ၍ ပညာရှိတို့ ဆိုမိန့်တော်မူကြကုန်၏ ။
ထို မိန်းမကောင်း မိန်းမမြတ်သည် ဒီဘ၀ ဒီခန္ဓာကို စွန့်ခွါရသည်ရှိသော်
နောက်ဘ၀၌ နတ်ပြည်နတ်ရွာ ကောင်းမြတ်သောသုဂတိဘ၀ဇာတ်သို့
မုချဧကန် ရောက်ရမည်မှာ အမှန်ဖြစ်၏ ။ ။
ဘုတ္တေသု မန္တေသု ဇနီ ၀ ကန္တိနီ ၊ ဂုယှေသု ဌာနေသု ဘဂိနီ ၀ ဟိရီနီ ။
ကမ္မေသု ပတ္တေသု ကရီ ၀ ဒါသိနီ ၊ ဘယေသု မန္တီ သယနေသု ရမတီ ။
ရူပီသု သိက္ခီ ကုဗ္ဗနေသု ခမနီ ၊ သာ နာရီ သေဋ္ဌီတိ ၀ဒန္တိ ပဏ္ဍိတာ ။
ကာယဿ ဘေဒါ စ ဒိဝေ ဘဝေယျ သာ ။ ။
( လောကနီတိ - ဣတ္ထိကဏ္ဍ ဂါထာ - ၁၃ )

ဗဟုသုတ

မိန်းမကောင်းမိန်းမမြတ်တို့၏ လက္ခဏာများ

6:48 PM Share:

0 comments:

၁။ ကြမ်းကြုတ်သောအလုပ်ရှင် ၊
၂။ ၀န်တိုနှမြော ကပ်စီးနဲသောအလုပ်ရှင် ၊
၃။ မချီးမြောက် မစွန့်ကျဲ မပေးကမ်းတတ်သောအလုပ်ရှင် ၊
၎။ နှိပ်စက်ညှဉ်းဆဲတတ်သောအလုပ်ရှင် - ဤ လေးယောက်တို့တည်း ။
န သေဝေ ဖရုသံ သာမိံ ၊ န စ သေဝေယျ မစ္ဆရီ ။
တတော အပဂ္ဂဏှံ သာမိံ ၊ နေ၀ နိဂ္ဂဟိတံ တတော ။
( လောကနီတိ - မိတ္တကဏ္ဍ ဂါထာ - ၁၁ )
ဗဟုသုတ

မမှီဝဲအပ်သောအလုပ်ရှင်

Posted by wai phyo  |  No comments

၁။ ကြမ်းကြုတ်သောအလုပ်ရှင် ၊
၂။ ၀န်တိုနှမြော ကပ်စီးနဲသောအလုပ်ရှင် ၊
၃။ မချီးမြောက် မစွန့်ကျဲ မပေးကမ်းတတ်သောအလုပ်ရှင် ၊
၎။ နှိပ်စက်ညှဉ်းဆဲတတ်သောအလုပ်ရှင် - ဤ လေးယောက်တို့တည်း ။
န သေဝေ ဖရုသံ သာမိံ ၊ န စ သေဝေယျ မစ္ဆရီ ။
တတော အပဂ္ဂဏှံ သာမိံ ၊ နေ၀ နိဂ္ဂဟိတံ တတော ။
( လောကနီတိ - မိတ္တကဏ္ဍ ဂါထာ - ၁၁ )

6:46 PM Share:

0 comments:

ညို့ချက် (၁)
တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါ
ယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ် "သိတံ" လို့ ခေါ်တယ်။ (မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ)

ညို့ချက် (၂)
တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက်
နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။ (မကြားတကြားနဲ့ သတိထားရမယ့် ဆည်းလည်းသံလေးတွေပေါ့)

ညို့ချက် (၃)
တစ်ချို့ မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက်ရဲ့ ရှေ့ကိုရောက်ရင်ကြောက်ပြ၊ စိုးထိတ်ပြတတ် တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။ (အားကိုးခံချင်တဲ့ ယောက်ျားလေးတွေအကြိုက်ပေါ့ဗျာ နောက်မှ(ညားပြီးမှ) မိန်းမကြမ်းကြီးဖြစ်နေတတ်မို့ သတိရှိ ဟိဟိ)

ညို့ချက် (၄)
တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။
လျှာတစ်လစ်ထုတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်လေး "လဇ္ဇ" လို့ခေါ်တယ်။ (ကလေးဆန်တယ် ချစ်စရာကောင်းတယ်ဆိုပြီး အသည်းယားရင်း ယားရင်း ချစ်သွားတတ်တဲ့ ပုံစံမျိုးပေါ့။ သတိထားကြနော် လျှာတစ်လစ် ထုတ်တုန်းက ချစ်စရာကောင်းခဲ့ပြီး ညားပြီးမှ အဲဒီလျှာကပဲ ဗျစ်တောက် ဗျစ်တောက် မြည်တွန်တတ်တယ်ဆိုတာ …..အဟဲဟဲ)

ညို့ချက် (၅)
တစ်ချို့မိန်းကလေးတွေကျတော့ စကားကိုမကြားတစ်ကြားဖြစ်အောင် လုပ်ပြောတတ်တယ်။ အဲ့ဒါကတော့ ညှို့ချက် နံပါတ်ငါး"မန္ဓ၀ါစာ" လို့ခေါ်တယ်။ (ချစ်တယ်ဆိုတဲ့ အဖြေကို မပေးချင်ပေးချင် ပေးရတဲ့ လေသံမျိုးပေါ့ နောက်တော့လည်း အတင်းအဖျင်းပြောရင် အသုံးဝင်လာ တတ်တဲ့ ညို့နည်းလေးပေါ့)

ညို့ချက် (၆)
မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။ (ရုပ်ရှင်တွေထဲမှာ အနှေးရိုက်ပြရင် သိပ်ကိုကြည့်ကောင်းတဲ့ ပုံစံမျိုးပေါ့ ညားပြီးတဲ့အခါမှ ထောင့်ကပ်ကြည့်တာမဟုတ်ဘဲ မျက်စောင်းတွေချည်း တဒိုင်းဒိုင်းအထိုးခံရနေနိုင်တဲ့ အကြည့်မျိုးပါ ဟဲ ဟဲ)

ညို့ချက် (၇)
မျက်ရည်ကျပြတာက ညို့ချက်ခုနှစ် "ရုဒါ"တဲ့။ (သနားရာကနေ ဟင်း ဟင်း ဟင်း ချစ်မိသွားတယ်ဆိုတာမျိုးပေါ့ မျက်ရည်ဆိုတာက မိန်းမတွေရဲ့ လက်နက်လေ အဲဒီလက်နက်နဲ့လည်း ကိုယ်တွေကို ခြွေသွားတတ်တယ်နော်)

ညို့ချက် (၈)
မခံချင်အောင် စကားနာထိုးတာက ညို့ချက်ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။ (စကားနာထိုးစဉ်က မနာဘဲ ပိုပိုချစ်တတ်တဲ့လူတွေ အိမ်ထောင်ကျပြီးတော့ အရမ်းနာတတ်တဲ့ ညို့ချက်လေးပါ အဟိ)
အခုဖော်ပြခဲ့တာကတော့ ယောက်ျားလေးတွေကို ကျအောင်ညို့ နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျိုးပါ။
ဗဟုသုတ

သတိထားသင့်သော မိန်းကလေးများ၏ ညို့ချက် (၈)ချက်

9:05 AM Share:

0 comments:

၁။ သူဖွင့်ပြောတာကို ကောင်မလေးတွေငြင်းလိုက်တယ် ဆိုပေမဲ့ သူသင့်ကိုအရမ်းကျေးဇူးတင်နေမှာပါ။ 
၂။ သင်တကယ်ချစ်ရင် သင့်ရဲ့စိတ်ရင်းကိုပြောပြလိုက်ပါ…စောင့်မနေပါနဲ့။ကောင်လေးတွေဟာအသဲကွဲနာကျင်ရင်ပြန်မကောင်းတတ်လို့ပါ။ 
၃။ သင်သိပ်မဆိုးပါနဲ့။ သူတို့မှာလည်း အတိုင်းအတာတစ်ခုတော့ရှိတာပေါ့။ 
၎။ သင့်အပေါ်သူဆိုးနေတယ်ဆိုတာဟာ သင့်ကိုချစ်လို့ပါ… သင့်ကို အရင်းနှီးဆုံး၊နားလည်မှုအပေးဆုံး လို့သတ်မှတ်ထားလို့ပါ။ 
၅။ သင့်အတွက် ဆိုပြီးပေးတဲ့ ဟာတွေကို သင်ကမကြိုက်ဘူးဆိုပြီးမလုပ်ပါနဲ့ သူတစ်ညလုံးစဉ်းစားထား တဲ့အတွေးတွေပါတယ်။ 
၆။ သူ့ကိုယုံကြည်ပါ အားပေးပါ သင့်အတွက် လုပ်ဆောင်နေတာချည်းပါပဲ။ 
၇။ သူ့ကိုသံသယမ၀င်ပါနဲ့ "ဘယ်သွားမလဲ" ဆိုတဲ့မေးခွန်းမေးမဲ့အစား "သတိထားသွားလို့ ပြောပါ။ 
၈။ ချစ်တယ်ဆိုတာပဲပြောမနေနဲ့ ဒါပေမဲ့ မပြောဘဲနဲ့လဲမနေနဲ့ တခါတရံ သူတို့က ဒီစကားကိုပိုကြား ချင်တယ်။ 
၉။ သူသင့်အတွက်မျက်ရည်ကျတယ်ဆိုတာ တကယ်ချစ်လို့ပါ.. သူငိုရင် လက်ကလေးကိုကိုင်ပြီး မျက်ရည်တွေကို သုတ်ပေးပါ။ 
၁၀။ သူကို ယုံကြည်ပါ.. သူသင့်ကို မလိမ်ပါဘူး လိမ်ခဲ့တယ်ဆိုရင်တောင် White lie ပါ။ သင်တို့ရဲ့ အချစ်ခိုင်မြဲဖို့ အတွက်ပါ။
အချစ်

ယောင်္ကျားလေးများအား ခွင့်လွတ်သင့်သောအချက် (၁၀) ချက်

9:29 AM Share:

0 comments:

မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံး နေတော်မူချိန်က ဖြစ်ပါတယ်။ တစ်နေ့သာဝတ္ထိပြည်ရှင် ကောသလဘုရင်ဟာ တိုင်းခန်းလှည့်လည်ရင်း မထင်မရှား ဆင်းရဲသားအမျိုးသမီး တစ်ဦးကိုနှစ်သက်သဘောကျခဲ့ပါတယ်။နန်းတော်ပြန်ရောက်ပြီး အဲဒီအမျိုးသမီးအကြောင်းကို စုံးစမ်းခိုင်းတဲ့ အခါအိမ်ထောင်ရှိ အမျိုးသမီး တစ်ယောက်ဆိုတာ သိခဲ့ရပေမယ့် ဘုရင်ကောသလဟာ အမျိုးသမီးအပေါ်စွဲ လန်းနေမိတဲ့အတွက် ဒီအမျိုးသမီးကို အရယူဖို့သူမရဲ့ ယောက်ျားကိုခေါ်ပြီး နန်းတော်မှာအလုပ်ခန့်ခဲ့ပါတယ်။ ကောသလမင်းကြီးဟာ အမျိုးသမီးဟာ လင်ရှိမယား ဖြစ်နေတဲ့အတွက် အဲဒီလင်ယောက်ျားကို တစ်နည်း နည်းနဲ့အပြစ်ရှာပြီး အပြစ်အတိုင်းအဆုံးစီရင်ကာ ကျန်ခဲ့တဲ့အမျိုးသမီးကို သိမ်းပိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သူဆင်းရဲသား လင်ယောက်ျားကို နန်းတော်မှာ တာဝန်ပေးခဲ့ခြင်း ဖြစ်ပါတယ်။
လင်ရှိမယားကို သိမ်းပိုက်လိုတဲ့ ဘုရင်ဟာ ရည်ရွယ်ချက်အတိုင်း တစ်နေ့တော့ သူဆင်းရဲသား ယောက်ျားကို တာဝန်တစ်ခုကို စေခိုင်းခဲ့ပါတယ်။ ဘုရင်ကြီးက “အချင်းယောက်ျား… ငါ့ဘုရင်နန်းတော်ကနေ တစ်ယူဇနာ ကျော်ကျော်လောက်မှာရှိတဲ့ မြစ်တစ်ခုကိုသွားပြီး အဲဒီမှာရှိတဲ့ ကုမုဒြာကြာပန်းနဲ့ အရုဏ၀တီမြေကို ငါဘုရင် ရေးချိုးချိန်အမီ ဆောင်ယူကာ ဆက်သရမယ်၊ အချိန်မီ ရောက်မလာရင် သင့်ကိုမင်းပြစ်မင်းဒဏ်ပေးမယ်၊ အမြန်သွားပြီး ဆောင်ယူခဲ့လော့”လို့ မင်းအမိန့်နဲ့ စေခိုင်းခဲ့ပါတယ်။ ဘုရင်ကြီးဟာ မဖြစ်နိုင်တာကိုတမင် အပြစ်ရှာပြီး ခိုင်းတဲ့သဘော ဖြစ်ပေမယ့် မင်းခယောက်ျား သူဆင်းရဲသားကတော့ အမိန့်အတိုင်းသွားရောက် ဆောင်ယူရမှာဖြစ်ပါတယ်။
ဒါနဲ့သူဆင်းရဲသားလည်း ဇနီးမယားကို အကျိုးအကြောင်းပြောကာ ထမင်းရိက္ခာပြင်စေပြီး တစ်ယူဇနာခရီးကို အပြီးနှင်ခဲ့ပါတယ်။ လမ်းခရီးမှာ ထမင်းစာချိန်ရောက်လို့ ထမင်းစားပြီးတဲ့အခါ ပါလာတဲ့ ထမင်းဟင်းများရဲ့ တစ်ချို့တစ်ဝက်ကို ခရီးသွား ယောက်ျားကိုလည်း လှူကာ ကျန်တဲ့အစားအစာတွေကိုလည်း မြစ်ထဲမှာရှိတဲ့ သတ္တ၀ါတွေကို ကျွေးမွေးလှူဒါန်းပြီး သစ္စာပြုလိုက်ပါတယ်။ တိုတိုပြောရရင် ဒီကုသိုလ်ကောင်းမှုကြောင့်ပဲ မရနိုင်တဲ့ကုမုဒြာကြာနဲ့ အရုဏ၀တီမြေကို ရရှိခဲ့ပါတယ်။ဘုရင်အမိန့်အတိုင်း လိုအပ်တာကိုယူဆောင်ပြီး နန်းတော်သို့အချိန်မီရောက်အောင် ပြန်လာခဲ့ပေမယ့် အကြံကြီးတဲ့ဘုရင်ကြီးဟာ သူဆင်းရဲသားမရောက်ခင် နန်းတော်မြို့တံခါးကို စောစောအပိတ်ခိုင်းလိုက်ပါတယ်။ ဆင်းရဲသားယောက်ျားဟာ မြို့တံခါးပိတ်ထားတဲ့ အတွက်အဲဒီည အိပ်စရာမရှိတဲ့အခါနောက်ဆုံး သတ္တ၀ါတွေရဲ့ထုံးစံအတိုင်းဒုက္ခရောက်မှ ဘုရားကျောင်း ကန်ကိုသတိရကာ မြတ်စွာဘုရားကျောင်းတော်မှာ သွားရောက်အိပ်စက်ခဲ့ရပါတယ်။
ကောသလဘုရင်ဟာ အဲဒီညမှာ ဆင်းရဲသားယောက်ျားကို မင်းဒဏ်နဲ့ အဆုံးစီရင်ပြီး သူ့မယားကို သိမ်းပိုက် ဖို့အရေး၊ သူမနဲ့အတူ နေထိုင်နိုင်ရေး စတဲ့အတွေးတွေနဲ့ ကိလေသာမီး တောက်လောင်ကာ အိပ်မရဖြစ်နေ ခဲ့ပါတယ်။အိမ်မပျော်ဖြစ်နေတဲ့ ဘုရင်ဟာ ညဥ့်နက်နက်အချိန်မှာ လောဟကုမ္ဘီငရဲမှာ ငရဲခံနေရတဲ့ငရဲသား လေးယောက်ရဲ့အသံကို ထူးထူးခြားခြား ကြားလိုက်ရပါတယ်။ အဲဒီငရဲသား လေးယောက်ဟာ ငရဲခံရင်းသူတို့ မှားခဲ့တဲ့အမှားအတွက် ခံရတဲ့ဒုက္ခတွေကို တစ်ယောက်နဲ့တစ်ယောက် ကြားရအောင် အော်ဟစ်ညဉ်းညူ ပြောကြားဖို့ ကြိုးစားကြရင်း အပြည့်အစုံ မပြောနိုင်ဘဲ တစ်ယောက်က“ဒု”၊ တစ်ယောက်က“သ”၊ တစ်ယောက်က “န”၊ တစ်ယောက်က “သော”လို့ တစ်လုံးစီလောက်ပဲ အော်ပြောနိုင်ကြပြီး ငရဲအိုးထဲပြန်မြုပ် သွားခဲ့ကြပါတယ်။ အိပ်မပျော်ဖြစ်နေတဲ့ ကောသလမင်းကြီးဟာ အဲဒီအသံကြီးတွေကို ကြားပြီး အရမ်းထိတ် လန့်ကာဘယ်လိုမှ အိပ်မရတော့ဘဲ တစ်ညလုံး မိုးလင်းခဲ့ရပါတယ်။
မနက်လင်းတော့ ကောသလဘုရင်ဟာ ညကအဖြစ်အပျက်တွေကို တွေးတောကြောက်လန့်ပြီး ပညာရှိပု ရောဟိတ်ကို မေးမြန်းတဲ့အခါ ပုရောဟိတ်ပုဏ္ဏားက “အရှင်မင်းကြီး ဒါဟာ အရှင်မင်းကြီး အသက်အန္တရာယ် အတွက်စိုးရိမ်စရာဖြစ်ပါတယ်၊ ဒီအန္တရာယ်တွေကင်းဖို့ သဗ္ဗသတဆိုတဲ့ ယဇ်ကိုပူဇော်ရပါမယ်၊ဒီယဇ်ပူဇော်ဖို့ အတွက် ဆင်၊မြင်း၊နွားလဥသဘ၊ နို့ညှစ်နွားမ၊ဆိတ်၊ အာဇာနည်မြင်း၊ ကြက်၊၀က်၊ သတိုးသား၊သတိုးသမီး စသဖြင့်သတ္တ၀ါတစ်မျိုးမျိုးကို တစ်ရာစီပြုကာ သတ်ပြီးပူဇော်ရပါမယ်၊ အဲဒါဆိုဘုရင်ကြီးရဲ့ အသက်အန္တရာယ် အတွက်စိုးရိမ်စရာမရှိပါ အရှင်မင်းကြီး”လို့ လျှောက်တင်လိုက်ပါတယ်။ ကောသလဘုရင်ဟာ ဉာဏ်အမြင် နည်းပါးပြီး ကိုယ့်အသက်ရှင်ရေးဆို ဘာမဆိုလုပ်နိုင်တဲ့ သူဖြစ်တဲ့အတွက် ပုရောဟိတ်ပြောတဲ့အတိုင်းစီရင် စေပါတယ်။ဘုရင်ရဲ့ယဇ်ပူဇော်မှုအစီအစဉ်ကြောင့် တိုင်းပြည်တစ်ပြည်လုံး အုပ်အုပ်ကျက်ကျက်ဖြစ်ပြီး သား သမီးပါသွားတဲ့ မိဘဆွေမျိုးတွေဟာ အမျိုးမျိုးပူဆွေး ငိုကြွေးကြပါတယ်။ဒီအသံတွေကြောင့် ကောသလမင်း ကြီးရဲ့မိဘုရားဖြစ်တဲ့ ပညာရှိ မလ္လိကာမိဘုရားဟာ ဘုရင်ကြီးကိုတွေ့ပြီး ဒါဟာလမ်းမှန်တဲ့ အလုပ်မဟုတ်တဲ့ အကြောင်း၊ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မှာ ဘုရားရှင်သာဖြစ်ကြောင်းနဲ့ ဘုရားရှင်ထံ သွားရောက်လျှောက် ကြားဖို့အကြောင်း အကြံပြုလိုက်ပါတယ်။ နောက်ဆုံးတော့ကောသလမင်းကြီးဟာ မိဘုရားကြီးရဲ့အကြံအ တိုင်းဘုရားရှင်ထံ သွားရောက်ခဲ့ပါတယ်။
ဘုရားရှင်ထံရောက်တဲ့အခါ ကောသလမင်းကြီးက ညကကြားခဲ့ရတဲ့ အသံတွေအကြောင်း လျှောက်ထားတဲ့ အခါ မြတ်ဗုဒ္ဓက အဲဒီအသံတွေဟာ တခြားမဟုတ် မကောင်းတဲ့ ကာမေသုမိစ္ဆာစာရကံကြောင့် လောဟကုမ္ဘီ ငရဲမှကျရောက်နေတဲ့ ငရဲသား လေးယောက်တို့ရဲ့ အသံပဲဖြစ်ကြောင်း မိန့်တော်မူကာ အဲဒီ ငရဲသားတွေရဲ့ အတိတ်အကြောင်းကို ဟောတော်မူပါတယ်။
မြတ်ဗုဒ္ဓက “ဒီငရဲသားတွေဟာ ကဿပမြတ်စွာဘုရားရှင် လက်ထက်တုန်းက အတူသွားအတူလာအတူပျော် ပါးစားသောက်ကြတဲ့ ချမ်းသားတဲ့ သူဋ္ဌေးသားတွေ ဖြစ်ခဲ့ကြကြောင်း၊ သူဋ္ဌေးသားလေးယောက်ဟာ ငွေကြေး ချမ်းသာကြတဲ့အတွက် အပျော်အပါး အမျိုးမျိုးကို ပျော်ပါးကြရင်း နောက်ဆုံးသူတို့ လေးယောက်တိုင်ပင်ကာ စည်းစိမ်ဥစ္စာတွေကို ချောမောလှပတဲ့ အမျိုးသမီးတွေကိုပေးကာ သူတို့နဲ့ပျော်ပါးတဲ့အခါ အသုံးပြုကြဖို့ဆုံး ဖြတ်ပြီးချောမောလှပတဲ့ အမျိုးသမီးမှန်သမျှ အိမ်ထောင်ရှိရှိ မရှိရှိ စည်းစိမ်ပေးပြီးပျော်ပါးခဲ့ကြကြောင်း၊ ကဿပဘုရားရှင် ပွင့်တော်မူတဲ့ အချိန်ဟာ အနှစ်နှစ်သောင်းတမ်းမှာ ပွင့်တဲ့အတွက် သူဋ္ဌေးသားလေး ယောက်ဟာကာမေသုမိစ္ဆာစာရ အမှုကိုနှစ်သောင်းနဲ့ချီပြီး ပြုလုပ်ခဲ့ကြကြောင်း၊ ဒီအကုသိုလ်ကြောင့်ပဲသူတို့ လေးယောက်သေတဲ့အခါ အ၀ီစိငရဲမှာ ကျရောက်ကာ အ၀ီစိငရဲမှာ နှစ်ပေါင်းမြောက်များစွာ ခံစားပြီးအခု တစ်ခါလောဟကုမ္ဘီငရဲမှာ ထပ်ပြီးခံနေရတာဖြစ်ကြောင်း၊ မင်းကြီးကြားတဲ့ အသံတွေဟာ လောဟကုမ္ဘီငရဲမှာ ခံစားနေရတဲ့ အဲဒီသူဋ္ဌေးသား လေးယောက်ရဲ့ အသံပဲဖြစ်ကြောင်း” စသဖြင့် အတိတ်ဆောင်ကာ ကောသလမင်းကြားခဲ့တဲ့ အသံကြီးလေးခုရဲ့ အဓိပ္ပါယ်ကို ထပ်မံရှင်းလင်း မိန့်တော်မူပါတယ်။
မြတ်စွာဘုရားရှင်က ကောသလမင်းကြီး ကြားခဲ့တဲ့ အသံတွေထဲက “ဒု”ဆိုတဲ့ အသံဟာ ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့
“ဒုဇ္ဇီဝိတ မဇီဝိမှိ၊ ယေသန္တေ န ဒဒမှသေ။ ၀ိဇ္ဇမာနေသု ဘောဂေသု၊ ဒီပံ နာကမှ အတ္တနော။ ငါတို့အားစည်း စိမ်ဥစ္စာများ ထင်ရှားရှိကုန်ပါလျက် မပေးမလှူမိကြကုန်၊ မိမိ၏မှီရာ ကိုင်းကျွန်းသဖွယ် ဖြစ်သည့်ကုသိုလ် ကောင်းမှုကို မပြုမိကြသည့် ငါတို့သည် မကောင်းသဖြင့် အသက်မွေးခြင်းကို ပြုလုပ်ခဲ့ကြကုန်၏” လို့ပြောလို တာဖြစ်ကြောင်း၊
“သ” ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ငရဲသား အနေနဲ့ “သဋ္ဌိဝဿ သဟဿာနိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။ နိရယေ ပစ္စမာနာနံ၊ ကဒါ အန္တော ဘ၀ိဿတိ။ လောဟကုမ္ဘီ ငရဲမှ ခံစားနေရသည့် ငါအားတို့ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အနှစ်ခြောက်သောင်းတို့ ပြည့်ကုန်ပြီး ဖြစ်သော်လည်း ထိုငရဲခံရမှုသည် မည်သည့်အခါတွင် အဆုံးသတ်မည်နည်း” လို့ ပြောလိုတာ ဖြစ်ကြောင်း၊“န”ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့
“နတ္ထိ အန္တော ကုတော အန္တော၊ န အန္တော ပဋိဒိဿတိ။ တဒါ ဟိ ပကတံ ပါပံ၊ မမ တုယှဉ္စ မာရိသာ။ ငါတို့အား အဆုံးအပိုင်းအခြားသည် မရှိခဲ့၊ ငရဲ၏ အဆုံးကား အဘယ်မှာ ရှိအံ့နည်း၊ ငရဲခံရခြင်း၏အပိုင်းအ ခြားသည်မထင်ရှား၊ ငါတို့သည် လူဖြစ်စဉ်က မကောင်းမှု အများအပြားကို ပြုမိခဲ့လေပြီ” လို့ ပြောလိုတာ ဖြစ်ကြောင်း၊
“သော”ဆိုတဲ့ အသံဟာလည်း ဒီအသံပိုင်ရှင် အနေနဲ့“သောဟံ နူန ဣတောဂန္တွာ၊ ယောနိံ လဒ္ဓါန မာနုသိံ။ ၀ဒညူ သီလသမ္ပန္နော၊ ကာဟာမိ ကုသလံ ဗဟုံ။ ငါသည် ဤသံပူရည် ငရဲမှ လွတ်မြောက်ပြီး လူ့ဘ၀ကို ရပါမူကား အလှူခံသူ လူပုဂ္ဂိုလ်တို့၏ စကားကိုသိ လေ့ရှိသည်ဖြစ်၍၊ သီလနှင့်ပြည့်စုံသည်ဖြစ်၍၊ များစွာသော ကုသိုလ်ကောင်းမှုကို ပြုပါတော့အံ့” လို့ပြော လိုတာဖြစ်ကြောင်း စသဖြင့် ဒု - သ - န - သော ဆိုတဲ့ အသံတွေရဲ့ ဆိုလိုရင်း အကျယ်ကို ဟောကြား ချီးမြှင့်တော်မူပါတယ်။
အသံပိုင်ရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်းနဲ့ ဆိုလိုရင်းအဓိပ္ပါယ်တွေကို ကြားနာလိုက်ရတဲ့ ကောသလဘုရင် အရမ်းကြောက်လန့်သွားပြီး သူများသားမယားကို ပြစ်မှားကျူးလွန်လိုတဲ့ စိတ်တွေလည်း ပျောက်ကုန်ပါ တော့တယ်။
ဒီဖော်ပြချက်တွေကတော့ ဒု - သ - န - သော ဆိုတဲ့ တရားစကားကို ဟောကြားဖြစ်ခဲ့တဲ့ အကြောင်းနဲ့ ဒု - သ - န - သော ဆိုတဲ့ စကားအဓိပ္ပါယ်နဲ့ ဒီစကားပိုင်းရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်း လေးပဲ ဖြစ်ပါတယ်။
ဒီနေရာမှအဓိက ပြောချင်တာက အများသိထားကြတဲ့ ဒု - သ - န - သော ဆိုတဲ့စကားလုံးတွေအကြောင်းနဲ့ ဒီအသံတွေကို ပြုကြတဲ့ ငရဲသားတွေရဲ့ မကောင်းတဲ့ လုပ်ရပ်တွေ အကြောင်းကို ပြောချင်တာဖြစ်ပါတယ်။ ဒီငရဲသားတွေရဲ့ အတိတ်ကလုပ်ခဲ့တဲ့ သူတပါးသားမယားကို ဖျက်စီးခဲ့တဲ့ ကာမေသုမိစ္ဆာစာရ ကံရဲ့တန်ပြန် သက်ရောက်မှု အကျိုးပေးရဲ့ ကြောက်စရာ ကောင်းပုံကို သိစေချင်တာ ဖြစ်ပါတယ်။ စေတနာ ရည်ရွယ်ချက် ရှိရှိနဲ့ ကျူးလွန်ခဲ့ကြတဲ့ အကုသိုလ် ကံတစ်ခုဟာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ခံရတတ်တဲ့ သဘောကို သဘောပေါက် နားလည်စေချင်တာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလို အကုသိုလ်မျိုး မပြုဖြစ်အောင်ကိုယ်ကျင့် သီလကို အထူးလုံခြုံစေချင်တာ ဖြစ်ပါတယ်။
ဒါကြောင့် ဒု - သ - န - သောဆိုတဲ့ စကားလုံးတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာအဖြစ်အပျက် အဓိပ္ပါယ် တွေကိုကောင်းကောင်းနားလည် သဘောပေါက်ပြီး ရခဲတဲ့လူ့ဘ၀ကို ရထားကာ ဘုရားသာသနာနဲ့လည်း ကြုံနေကြတဲ့ အခိုက်မှာ ကိုယ်ကျင့်သီလကို လုံခြုံအောင် စောင့်ထိန်းရင်း ကုသိုလ် ကောင်းမှုများကိုပါ ရသမျှ စုဆောင်းနိုင်ကြဖို့ ဒီစာစုလေးနဲ့ အသိပေးရင်း ဒု သ န သောမှ ရှောင်နိုင်အောင် ကြိုးစားကြဖို့လည်း စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ)

တရား

ဒု ၊ သ ၊ န ၊ သော

5:17 AM Share:

0 comments:

HIV Free Blood Pool                  ၃၉၉၀၂၀
ပုညကုသလ ဗဟုကရ                    ၂၁၆၆၈၅
မြတ်မေတ္တာအဖွဲ့                           ၀၉၅၁၂၂၀၈၈
သာဓုကျောင်းတိုက်                       ၅၁၀၅၆၆
ရှိုင်းဟုတ်ကုပ္ပဏီလူမှုရေးအဖွဲ့           ၅၁၄၇၆၈
သွေးမေတ္တာအဖွဲ့                          ၀၉၅၅၄၉၄၃၄
ရင်ခုန်သံအဖွဲ့                              ၇၂၁၅၇၈,၂၄၃၅၄၂
လင်းလက်                                 ၀၉၅၀၂၆၀၉၇
ဓမ္မရောင်ခြည်                             ၃၇၁၈၀၀
ဒါနဥပ ပါရမီသွေးလှူရှင်များအဖွဲ့       ၀၉၅၀၀၄၆၆၅
                                            ၀၉၅၁၃၉၇၁၃
(၂၄)နာရီဆက်သွယ်ပါ။ အချိန်ပြည့် ကူညီပါသည်။
ဗဟုသုတ

သင်သွေးလိုပါလျှင်

3:40 AM Share:

0 comments:

ပညတ်ဆိုတာအများကလက်ခံထားတဲ့၊ အများလည်းနားလည်အောင် သတ်မှတ်ထားတဲ့ သဘောပါ။ အခေါ် အဝေါ် သဘောပါ။ လူမျိုးစုံတော့ အခေါ်အဝေါ် မျိုးစုံပါတယ်။ ဆိုပါစို့။ အိုး- ကိုပဲ မြန်မာလို အိုးလို့ခေါ်ပေမယ့် အင်္ဂလိပ်လို တစ်မျိုး၊ တရုတ်လိုတစ်မျိုး၊ ကုလားတစ်မျိုး အမျိုးမျိုး အခေါ်အဝေါ် ပြောင်းနေပါတယ်။ ပညတ်ဆိုတာ ပုံသဏ္ဌာန်၊ အရွယ်အစား၊ အရောင် အဆင်း၊ နေရာဒေသ၊ အချိန်အခါတွေပါ။ ဒါတွေကို အများနားလည်အောင် ခေါ်ဝေါ်ရတာပါ။ ပညတ်ဆိုတဲ့သဘောက ပုံသဏ္ဌာန်ကြောင့်လည်း ပြောင်းလဲသွားတယ်။ အခေါ်အဝေါ်ပေါ့။ အရွယ်အစား၊ အရောင်အဆင်း၊ နေရာဒေသ၊ အချိန်အခါ ဆိုတာတွေကြောင့်လည်း ပြောင်းလဲပါတယ်။ ဒါကြောင့် ပညတ်က ပြောင်းလဲတယ်။ မခိုင်မြဲဘူးလို့ဆိုပါတယ်။

ပရမတ်တရား တွေက မူလအခြေခံသဘောတွေပါ။ ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ် မူလ ပင်ကိုယ်သဘောကနေ မပြောင်းလဲပါဘူး။ ပင် ကိုယ်သတ္တိ မပျောက်ပါဘူး။ ဥပမာအနေနဲ့ ပြောရရင် သောက်ရေအိုး တစ်လုံးကို နှလုံးသွင်းလိုက်ကြပါစို့။ သောက်ရေထည့် ထားလို့ သောက်ရေအိုးလို့ ခေါ်တာမှန်နေတာပါ။ ခြေဆေးဖို့ ရေတွေထည့်ထားရင် ခြေဆေးအို၊ ဟင်းရွက်စုံချဉ်ရေစိမ်ဖို့ ချဉ်ဖတ် ထည့်ထားရင် ချဉ်ဖတ်အိုး၊ အိုးတိုက်ဖွဲပြာတွေ ထည့်ထားရင် ဖွဲပြာအိုးလို့ခေါ်ရမှာပါပဲ။ ဒါဟာ အမှန်ပါပဲ။ လောကလူသားတွေ နားလည်တယ်။ လက်ခံတယ်။ ပညတ် အမှန်တရားပါ။ ဒီအိုးကိုပဲ ဘာမျှ အသုံးမပြုဘဲထားရင် အိုးဟာ အိုးပါပဲ။ အဲ-တစ်ခု တော့ရှိတယ်။ မြေကြီးကို အရင်းခံထားပြီး အမာခံလုပ်၊ ဖုတ်ထားတဲ့အတွက် မြေအိုးလို့ ခေါ်ကြပါတယ်။ ခွက်ပုံစံဆို မြေခွက်၊ အင်တုံပုံစံ ဆိုရင် မြေအင်တုံဖြစ်ပြီပေါ့။ ဒီမြေအိုးပါပဲ။ တစ်ပုံစံတည်း ဖြစ်ပေမယ့် အညာဒေသ ရွှေဘိုကျောက်မြောင်းက ထွက်ရင် အညာအိုး၊ ရွှေဘိုအိုး၊ ကျောက်မြောင်းအိုး လို့ ခေါ်ကြပြန်တယ်။ ဒီအိုး တစ်လုံးတည်းကိုပဲ မ၀ယ်ခင်က၊ မသုံးခင်က ဆိုရင် အိုးအသစ်၊ ၀ယ်ပြီး၊ သုံးပြီး ပြီဆိုရင် အိုးအဟောင်းလို့ ခေါ်ကြပြန်ပါရော။ အရွယ်ကြီးရင် အိုးကြီး၊ အရွယ်ငယ်ရင် အိုးသေးလို့လည်း ခေါ်ပါတယ်။ သောက်တော်ရေအတွက် ဘုရားစင်ပေါ် တင်ထားရင် ဘုရားအိုး၊ စားပွဲပေါ် တင်ထားရင်စားပွဲ တင်အိုး၊ အိမ်နောက်ဖေးအိမ်သာထဲ ထားလိုက်ရင် အိမ်သာအိုး ဖြစ်သွားပြန်တယ်။ တစ်ခုခုနဲ့ ထိမိ၊ ခိုက်မိလို့ အိုးကွဲသွားရင် ဟောမြေအိုး၊ သောက်ရေအိုး၊ အိုးအဟေင်း ဆိုတာတွေ ပျောက်ကုန်ပြီး အိုးကွဲကြီးလို့ ဖြစ်သွားတာပေါ့။ အိုးကွဲကြီးကို ကလေးတွေက တစ်ခြမ်းပြီး တစ်ခြမ်းထုလိုက်၊ ဆော့လိုက် လုပ်တော့ အိုးခြမ်းကွဲ၊ အိုးခြမ်းပဲဖြစ်ပြန်ရော။ တစ်ခါ ထပ်ပြီး အိုးခြမ်းပဲ့လေးတွေကို အမှုန့်ဖြစ်အောင် ထုလိုက်၊ ကျိတ်လိုက်ရင် မြေမှုန့်တွေ ဖြစ်သွားပါတယ်။ ဒါဘာမြေလဲလို့မေးရင် အိုးကနေ ဖြစ်သွားတဲ့ မြေဖြစ်လို့ အိုးမြေလို့ ခေါ်ပါတယ်။ မြေအိုးကနေ အိုးမြေ ဖြစ်သွားပါပြီ။ ပုံသဏ္ဌာန်၊ အရွယ်အစား၊ နေရာဒေသ၊ အချိန်ကာလတွေပြောင်းလို့ အခေါ်အဝေါ်တွေ ပြောင်းလဲတဲ့ သဘောက ပညတ်အာရုံတွေရဲ့ သဘောပါ။ မြေအိုး ပဲဖြစ်ဖြစ်၊ အိုးမြေပဲဖြစ်ဖြစ် မူလအရင်းခံက မြေပါပဲ။မြန်မာလို မြေလို့ ခေါ်နေတာပါ။ ဒါပေမယ့် မြေရဲ့တကယ် အရှိသဘော ဆိုတာ အမှုန့်ကို ခေါ်တာမဟုတ်ပါဘူး။ အဲဒီ မြေကြီးကို မျက်စိမှိတ်မှိတ်၊ ဖွင့်ဖွင့် သွားထိလိုက်ရင် ထိတဲ့အခါမှာလည်း လက် ညှိုးနဲ့ ထိထိ၊ လက်ခလယ်နဲ့ထိထိ ထိလိုက်ရင် ထိတဲ့ သဘောရှိနေပါတယ်။ မာတဲ့ပျော့တဲ့သဘောလို့ အသိမှာဖြစ် တတ်ပါတယ်။ မာမှု ပျော့မှုလို့ခေါ်တဲ့ အဲဒီ ထိသဘော မြေဓာတ် ပရမတ်ဟာ မြေအိုး၊ သောက်ရေအိုး၊ အိုးကြီး၊ အိုးသေး၊ အိုး ဟောင်း၊ အိုးသစ်ဆိုတဲ့ အမည်တွေ၊ ပညတ်တွေ ဘယ်လိုပဲ ပြောင်းပြောင်း မာ ပျော့ ထိ ဆိုတဲ့ မြေဓာတ် ပရမတ်ကတော့ အမြဲ ရှိနေပါတယ်။ မြေမှုန့်တွေ ဖြစ်တဲ့အထိလည်း ရှိနေပါတယ်။ ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်အကြောင်းကြောင်း တွေကြောင့်ပဲ ဖြစ်ဖြစ် မြေဓာတ်ရဲ့ သဘောက မပြောင်းလဲပါဘူး။ ဒါကို ပရမတ်ရဲ့ အမှန်တရားလို့ ခေါ်ပါတယ်။ ပညတ်က အများသတ် မှတ်တဲ့သဘော အမှန်ပါပဲ။ဒါပေမယ့် မရှိတရားပါ။ ပရမတ်ဆိုတာ အများသတ်မှတ်သည် ဖြစ်ဖြစ်၊ မသတ်မှတ်သည် ဖြစ်ဖြစ်၊ သိသိ မသိသိ အမှန်တရားပါပဲ။ တကယ် အရှိတရားပါ။ ပရမတ်ဆိုတာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဆိုတဲ့ သဘောတွေရှိပါ တယ်။ ပညတ်ကတော့ မရေတွက်နိုင် အောင်များပါတယ်။ ဒီသဘောတွေဟာ ပညတ်နဲ့ ပရမတ်တွေရဲ့ သဘောတွေပါပဲ။( ဆရာတော် အရှင်ဆေကိန္ဒ ပြန်လည်ဖြေကြားထားခြင်းများသာ ဖြစ်ပါသည်။)
တရား

ပညတ်နဲ့ ပရမတ်

3:19 AM Share:

0 comments:

Get updates in your email box
Complete the form below, and we'll send you the best coupons.

Deliver via FeedBurner
Web Designed By Wai Phyo
back to top