• ပုဂံ အမှတ်တရ
  • မန္တလေး အမှတ်တရ
  • Sea Game အမှတ်တရ
  • ဦးပိန် အမှတ်တရ
  • Sea Game အမှတ်တရ
၁။ ဦးနှောက်၏ ၇၅ ရာခိုင်နှုန်းကို ဖွဲ့စည်းထောက်ပံ့ပေးခြင်း။
၂။ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးခြင်း။
၃။ သွေး၏ ၈၃ ရာခိုင်နှုန်းကို ပြန်လည်ဖြည့်ဆည်းပေးခြင်း။
၎။ ကြွက်သား ၏ ၇၅ ရာခိုင်နှုန်းကို ပြန်လည်ဖြည့်ဆည်းပေးခြင်း။
၅။ အရိုး၏ ၂၂ ရာခိုင်နှုန်းကို ဖွဲ့စည်းထောက်ပံ့ပေးခြင်း။
၆။ အစားအစာကို စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးခြင်း။
၇။ အဆိပ်အတောက်ကို ဖယ်ရှားပေးခြင်း။
၈။ ခန္ဓာကိုယ်မှ အဟာရဓာတ်များ ဆွဲယူရန် ဆောင်ရွက်ပေးခြင်း။
၉။ အသက်ရှုရန် အောက်ဆီဂျင် သန့်အောင်ထုတ်ပေးခြင်း။
၁၀။ အရိုးအသား အချိုင့်အဆက်များကို သန်မာစေခြင်း။
၁၁။ ဆဲလ်ရှင်သန်ရန် အဟာရနှင့် အောက်ဆီဂျင်များ သယ်ဆောင် ထားပေးခြင်း။
၁၂။ လုပ်ငန်းခွင်တွင် လုပ်ဆောင်ချက်တိုးမြင့်ပေးခြင်း။
၁၃။ ခေါင်းမူး၊ ခေါင်းကိုက် သက်သာစေခြင်း။
၁၄။ ပင်ပန်း နွမ်းနယ်မှု သက်သာ၍ လန်းဆန်းစေခြင်း။
၁၅။ ကင်ဆာဖြစ်နိုင်လျော့နည်းခြင်း။
၁၆။ အားကစားလုပ်လျှင် လုပ်ဆောင်ချက် မြင့်တင်စေခြင်း။
၁၇။ ကျောက်ကပ်ကျန်းမာရေး အထောက်အပံ့ပေးခြင်း။
၁၈။ ပိုမို ငယ်ရွယ်၍ ကျန်းမာစေအောင် ဖန်တီးပေးနိုင်ခြင်း။ ---
Ref: medicfact
Aung Kham (TSJ team)
ဗဟုသုတ

ရေသောက်ခြင်းနှင့် ကျန်းမာရေး အကျိုးကျေးဇူး

Posted by wai phyo  |  No comments

3:46 AM Share:

0 comments:

(၁) သနားညှာတာခြင်း ကင်းလျက် သွေးစွန်းသောလက်ဖြင့် သူ့အသက်ကိုသတ်လေ့ရှိခြင်း။
(၂) ရွာ၌ဖြစ်စေ တော၌ဖြစ်စေ သူ့ဥစ္စာကို ခိုးယူလေ့ရှိခြင်း။
(၃) မာတုရက္ခိတ (အမိ စောင့်ရှောက်ထားသူ) စသော မိန်းမ ဆယ်မျိုးတို့၌ ကာမဖြင့် မှားယွင်းစွာ ကျင့်လေ့ရှိခြင်း။
(၄) ပရိသတ်အလယ်၌ တံစိုးလက်ဆောင် စသော လာဘ်အမိသကြောင့်မဟုတ်မမှန် ပြောလေ့ရှိခြင်း။
(၅) ညီညွှတ်သူများ အချင်းချင်း ကွဲပြားအောင် ကုန်းချောစကား ပြောကြားတတ်ခြင်း။
(၆) သူတစ်ပါးတို့၏ နားစပ်ခါးစေတတ်လျက် အမျက်ထွက်ဖွယ်စကား ကြမ်းတမ်းသော စကားကို ပြောကြားတတ်ခြင်း။
(၇) အကျိုးမဲ့ အခါမဲ့ တရားမဲ့ဖြစ်သော ပြိန်းဖျင်းသော စကားကိုပြောဆိုတတ်ခြင်း။
(၈) သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာ အဆောက်အဦတို့သည် ငါ့ဥစ္စာဖြစ်မူကောင်းလေစွ စသည်ဖြင့် သူတစ်ပါး ဥစ္စာပစ္စည်းကို ရှေးရှုကြံစည်မှုအဘိဇ္ဈာစိတ် အကြံရှိခြင်း။
(၉) ဤသတ္တဝါတို့အား ဖမ်းဆီးသတ်ဖြတ် ကြပါစေ စသဖြင့် ဖျက်ဆီးလိုသောစိတ်အကြံရှိခြင်း။
(၁၀) လှူဒါန်းပူဇော်ခြင်းသည် အကျိုးမရှိ အစရှိသဖြင့် မှားသောအမြင်ရှိခြင်း။
Credit ဗုဒ္ဒစာပေ
Post by minzarnitgi
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)
တရား

ငရဲကျကြောင်း တရား(၁၀) ပါး

10:02 PM Share:

0 comments:

"အောင်မြင်သော လူတစ်ယောက်ဖြစ်အောင် မကြိုးစားပါနဲ့။ တန်ဖိုးရှိသော လူတစ်ယောက် ဖြစ်အောင်သာ ကြိုးစားပါ"
အိုင်းစတိုင်း၏ မရိုးနိုင်သော အဆိုအမိန့် 
ဒဿန

တန်ဖိုးရှိသော လူ

Posted by wai phyo  |  No comments

"အောင်မြင်သော လူတစ်ယောက်ဖြစ်အောင် မကြိုးစားပါနဲ့။ တန်ဖိုးရှိသော လူတစ်ယောက် ဖြစ်အောင်သာ ကြိုးစားပါ"
အိုင်းစတိုင်း၏ မရိုးနိုင်သော အဆိုအမိန့် 

12:03 PM Share:

0 comments:

သကြားဆိုတာ ကြံပင်ကလုပ်တာ ညိုညိုမဲမဲကြီး
အင်္ဂလန်မှာ ကျွန်တော်ဘယ်အိမ်သွားသွား သကြားကညိုညိုမဲမဲကြီးတွေ
ခင်ဗျားတို့လို "သကြားကဖွေးနေတာပဲ"... ဖွေးတာကောင်းမနေနဲ့ အဲဒီထဲမှာ သေတာတွေပါတယ်
အရောင်ရှိတဲ့ကြံကို အရောင်ချွတ်ဆေးထည့်မှ အဲဒီလိုဖြူတဲ့အရောင်ထွက်မှာပေါ့
အဲဒီသကြားတွေက အပွင့်လေးတွေမဟုတ်ဘူး.. ထန်းလျက်တုံးလို ခဲခဲကြီးတွေ
အပွင့်လေးတွေ လှလိုက်တာဆိုတာကလည်း အဲဒီလိုအပွင့်ဖြစ်အောင် ဓာတုဆေးတွေထည့်ရပါတယ်
ကျွန်တော်တို့က အရောင်ရှိရင် အရောင်ချွတ်စားကြတယ်
အရောင်မရှိတဲ့ပစ္စည်းကျတော့ အရောင်ဆိုးစားကြတယ်.. လျှာလေးတွေကိုရဲလို့၊ လက်တွေလည်း နောက်နေ့တွေအထိ ရဲရဲကြီးကျန်ခဲ့တယ်
လက်မှာ ဒီလောက်တောင်အရောင်ကျန်ခဲ့မှတော့ ဗိုက်ထဲမှာ အရောင်တွေဘယ်လောက်ရှိနေမလဲ------ ကာတွန်းဆရာအော်ပီကျယ် (အသိပညာဖြင့်မောင်းနှင်သောမှ ကောက်နှုတ်ချက်)
ဗဟုသုတ

သကြား

9:14 PM Share:

0 comments:

ကိုယ်ကျိုးကို စွန့်၍ သူတစ်ပါးအကျိုးကို ဆောင်ရွက်သူအတွက်
ဆွေမျိုး မလိုတော့ပါ၊ ပူပန်မည့်သူတွေ အလျှိုအလျှို ပေါ်လာလိမ့်မည်။

(မင်းသိင်္ခ)။
တရား

ကိုယ်ကျိုး စွန့်သူ

Posted by wai phyo  |  No comments

ကိုယ်ကျိုးကို စွန့်၍ သူတစ်ပါးအကျိုးကို ဆောင်ရွက်သူအတွက်
ဆွေမျိုး မလိုတော့ပါ၊ ပူပန်မည့်သူတွေ အလျှိုအလျှို ပေါ်လာလိမ့်မည်။

(မင်းသိင်္ခ)။

12:48 AM Share:

0 comments:

မေး။ ။ အရှင်ဘုရား တပည့်တော်ကြီးပွားချမ်းသာအောင် ဘယ်လိုလုပ်လုပ် စည်းစိမ်ဥစ္စာ မတိုးတတ်ဘဲ ဖြစ်နေပါတယ်။ အဲဒါ ဘယ်လိုပြုလုပ်ရပါမလဲဘုရား။

ဖြေ။ ။ ကြီးပွားတိုးတတ်ချင်ပါက

၁။ မိမိရရှိသော ပစ္စည်းဥစ္စာတို့ဖြင့် မိဘတို့အား ရိုသေစွာပြုစုကျွေးမွေးပါ။ အဲဒီအခါ မိဘတွေက ငါတို့သားသမီးလေး ကျန်းမာချမ်းသာပါစေလို့ မေတ္တာစစ်မှန်ဖြင့် ဆုပေးကြလိမ့်မယ်။ အဲဒီမေတ္တာအကျိုးကြောင့် စည်းစိမ်ဥစ္စာများ တိုးပွားလိမ့်မယ်။

၂။ မိမိရရှိသော ပစ္စည်းဥစ္စာတို့ဖြင့် သားသမီး၊ လက်အောက်ငယ်သား အလုပ်သမားများကို ရိုသေစွာပြုစုကျွေးမွေးပါ။ အဲဒီအခါ သူတို့တွေက ကျန်းမာချမ်းသာပါစေလို့ မေတ္တာစစ်မှန်ဖြင့် ဆုပေးကြလိမ့်မယ်။ အဲဒီမေတ္တာအကျိုးကြောင့် စည်းစိမ်ဥစ္စာများ တိုးပွားလိမ့်မယ်။

၃။ မိမိရရှိသော ပစ္စည်းဥစ္စာတို့ဖြင့် မိမိရဲ့လုပ်ငန်းရှင်များကို ရိုသေစွာပြုစုကျွေးမွေးပါ။ အဲဒီအခါ သူတို့တွေက ကျန်းမာချမ်းသာပါစေလို့ မေတ္တာစစ်မှန်ဖြင့် ဆုပေးကြလိမ့်မယ်။ အဲဒီမေတ္တာအကျိုးကြောင့် စည်းစိမ်ဥစ္စာများ တိုးပွားလိမ့်မယ်။

၎။ မိမိရရှိသော ပစ္စည်းဥစ္စာတို့ဖြင့် မိရိုဖလာကိုးကွယ်လာတဲ့ နတ်ဒေ၀ါများကို ရိုသေစွာပြုစုကျွေးမွေးပါ။ အဲဒီအခါ သူတို့တွေက ကျန်းမာချမ်းသာပါစေလို့ မေတ္တာစစ်မှန်ဖြင့် ဆုပေးကြလိမ့်မယ်။ အဲဒီမေတ္တာအကျိုးကြောင့် စည်းစိမ်ဥစ္စာများ တိုးပွားလိမ့်မယ်။

၅။ မိမိရရှိသော ပစ္စည်းဥစ္စာတို့ဖြင့် မြင့်မြတ်တဲ့ရဟန်းသာမဏေများကို ရိုသေစွာပြုစုကျွေးမွေးပါ။ အဲဒီအခါ သူတို့တွေက ကျန်းမာချမ်းသာပါစေလို့ မေတ္တာစစ်မှန်ဖြင့် ဆုပေးကြလိမ့်မယ်။ အဲဒီမေတ္တာအကျိုးကြောင့် စည်းစိမ်ဥစ္စာများ တိုးပွားလိမ့်မယ်။

အထက်ပါ အင်္ဂါ(၅)ချက်နဲ့ ပြည့်စုံသူသည် မည်သည့်အခါမှ ဆင်းရဲခြင်းမရှိဘဲ ကြီးပွားတိုးတတ် နေပါလိမ့်မည်။ (အံ၊ ၂၊ ၆၇)

အရှင်ကောမလ ဆန်နီနေမင်း
တရား

ကြီးပွားတိုးတတ်ချင်လျှင်

12:09 AM Share:

0 comments:

Get updates in your email box
Complete the form below, and we'll send you the best coupons.

Deliver via FeedBurner
Web Designed By Wai Phyo
back to top