• ပုဂံ အမှတ်တရ
  • မန္တလေး အမှတ်တရ
  • Sea Game အမှတ်တရ
  • ဦးပိန် အမှတ်တရ
  • Sea Game အမှတ်တရ
Everyone is the leader of himself ဆိုပြီး မြန်မာပြည်မှာ စပြီး ပြောခဲ့ ဟောခဲ့ ရေးခဲ့ တဲ့ သူကတော့ မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲသမိုင်းမှာသခင်ကိုစတင်ခဲ့တဲ့ ဆရာကြီးသခင်ဘသောင်းပဲဖြစ်ပါတယ်။ လူတိုင်းခေါင်းဆောင်ဖြစ်ခွင့် ရှိပါတယ်။၁၈ ရာစု နဲ့ ၁၉ ရာစုအစောပိုင်းကတော့ Leaders are born လို့ ယုံကြည်ခဲ့ ကြပြီး ၁၉ ရာစုနှောင်းပိုင်းမှာတော့ Leaders are made ဆိုတာကိုလက်ခံခဲ့ ကြပါပြီ။ Leader ဆိုတဲ့ ခေါင်းဆောင်တွေမှာရှိသင့်တဲ့ Traints (စရိုက်လက္ခဏာ) ၁၃ မျိုးရှိပါတယ်။ဒါတွေကတော့
1. RESPECT–လေးစားမှုမှာ ဘယ်လိုလူတွေကိုလေးစားရမှာလဲဆိုတော့ လူတိုင်းကိုလေးစား ရမှာဖြစ်ပါတယ်။360ံ ဂုဏ်သိက္ခာရှိရှိလေးစားစွာဆက်ဆံရမှာဖြစ်ပါတယ်။လေးစားစွာ မဆက်ဆံ နိုင်ရွေ့  Leader တန်းမမှီနိုင်ပါဘူး။ပထမဆုံး Trait မှာတင်လမ်းဆုံးသွားပါပြီ။Respect ဆိုတဲ့  လေးစားမှုဟာ Demand ဆိုပြီး တောင်းဆိုလို့မရပါဘူး Earned ဆိုတဲ့ ထိုက်တန်စွာ ပြန်လည်ရရှိမှု ဖြစ်ပါတယ်။လူတွေကကိုယ့် ကိုဆက်ဆံစေခြင်သလို ကိုယ်ကလူတွေကို ပြန်လည်ဆက်ဆံရမှာဖြစ်ပါတယ်။
2. EMPOWERMENT– လုပ်ပိုင်ခွင့် အာဏာခွဲဝေခြင်းဆိုတာ လည်းမရှိမဖြစ် Traits ထဲမှာပါပါတယ်။မိမိ တစ်ဦးတည်း အခွင့်အာဏာအားလုံးကို Monopolize လုပ် လက်ဝါးကြီးအုပ်ပြီး အထက်အောက် Transperant မဖြစ်စေသောခေါင်းဆောင်မှုမျိုးဟာ ရေရှည်မအောင်မြင်တတ်ကြပါ။ 
3. ACCOUNTABILITY–ယုံကြည်စိတ်ချအားထားရမှုကလည်း အရေးပါပါတယ်။ငါခေါင်းဆောင် ငါ လုပ်ချင်တာ လုပ်မယ်ဆိုတာကြီးတွေက တော်တော်လေးမရှိသင့်တော် တဲ့ အုပ်ချုပ်မှုမျိုးပါ။ အထက်ကယုံကြည်ပြီး အောက် ကအားကိုးရတဲ့ ခေါင်းဆောင် မှုမျိုးရှားပါတယ်။
4. LISTENING–နားထောင်နိုင်တဲ့ စွမ်းရည်ဆိုတာ တနည်းအားဖြင့် အတ္တကင်းကင်း နဲ့ သူများရဲ့ အရေးစိတ်ဝင် စားပြီးကူညီလိုစိတ်ရှိတဲ့ Leaders တွေမှာတွေ့ရလေ့ ရှိပါတယ်။ တော်တော်များများဟာ ကိုယ်ပြောချင်တာပြောပြီးစကားဝိုင်းအဆုံးသတ်တာများပါတယ်။
5. SINCERITY–ရိုးသားမှုဆိုတာကတော့ တန်ဖိုးမဖြတ်နိုင် Leaders Traints တစ်ခု ဖြစ်ပါတယ်။ငါပြောသလိုလုပ်ငါလုပ်သလို မလုပ်နဲ့ဆိုတဲ့ ခေါင်းဆောင်တော်တော်များ ပါတယ်။မိမိရဲ့ အမှားကို ရိုးသားစွာထုတ်ဖေါ်ပြောဆိုရဲတဲ့ခေါင်းဆောင်တော်တော်ရှား လာပါပြီ။သူများ အမှားကိုထောက် ကိုယ့် အမှားကို ဆင်ခြေဆင်လက်တွေနဲ့ဖုံးဖိတတ်တဲ့ ခေါင်းဆောင် မျိုးဟာ ကြဆုံးတတ်ကြပါတယ်။
6. REWARD–Reward ဆိုတဲ့ချီးမြှောက် မှုတရားတွေကလည်း အောက်လက်ငယ်သားများ ရဲ့ Motivation ကို မြှင့်တင်နိုင်စွမ်းရှိပါတယ်။Tangibles ရော Intangible ရောအရေးကြီးပါ တယ်။
7. DISCIPLINE–စည်းကမ်းဆိုတဲ့ ဘောင်ကလည်းအရေးကြီးပါတယ်။ အဲဒီဘောင်နဲ့ မိမိကိုယ်ကိုရော အောက်လက် ငယ်သားကိုပါဝန်းရံရမှာ ဖြစ်ပါတယ်။
8. MISSION–ဆိုတဲ့လုပ်ငန်းဆောင်တာ ရည်မှန်းချက်ထားရှိပြီး ပေါက်မြောက် အောင်မြင်အောင်ဆောင်ရွက် နိုင်စွမ်းရှိရပါမယ်။
9. CREDIT–ချီးကျူးဂုဏ်ပြုမှုတရားတွေကလည်း အရေးပါလှပါတယ်။ လူအများရှေ့ မှာချီးမြှောက်ပါနှစ်ယောက်ထဲတွေ့ ချိန်ဝေဖန်ပါတဲ့ ။အနည်းဆုံးကျေးဇူးတင်ပါတယ် တော်ပါတယ် ဂုဏ်ယူပါတယ် ဆိုပြီး လက်စွဲနှုတ်ဆက် တဲ့ ချီးကျူးဂုဏ်ပြုမှုလေးဟာ Inspire ဖြစ်စေနိုင် တာတွေ့ ရပါတယ်။ခေါင်းဆောင်တိုင်း မချီးမွမ်းတက် ကြပါဘူး သူတို့ ကိုယ်တိုင်သာ အချီးမွမ်းခံ ချင်ကြတာ များပါတယ်။
10. COMMUNICATION–အထက်အောက် ဘေးတိုက် လိုအပ်သလို ဆက်သွယ်ပြန် ကြား မှုပြုနိုင်ခြင်းဟာ Leaders တစ်ယောက်ရဲ့  အရည်အ ချင်းဖြစ်ပါတယ်။
11. ATTITUDE–ဆိုရာမှာ ကိုယ်အပေါ်ကိုယ်ကိုတိုင်ရဲ့သဘောထား ၊ ကိုယ့် လက်အောက် ငယ်သားအပေါ်သဘောထားအဖွဲ့အစည်းအပေါ်သဘောထား စတာတွေ ဟာ positive ဆန်နိုင်ရပါမယ်။
12. INTEGRITY–ဂုဏ်သိက္ခာဆိုတာ အပျိုစင်နဲ့တူတယ်တဲ့တခါဆုံးရှုံးသွား ရင်နောက်ပြန်မရ နိုင်တော့လို့ပါ။အောင် မြင်ကျော်ကြားလာတဲ့ နောက်ပိုင်းမှာ Integrity ကိုဖျတ်မဲ့အရာများစွာ ရဲ့သွေးဆောင်မှုကို ခံနိုင်ရည်ရှိတဲ့ ခေါင်းဆောင် ဟာလူသေ သော်လည်းနာမည်မသေသူတွေပါ။
13. COURAGE–သတ္တိ ဆိုတာနှစ်မျိုးရှိပါတယ် စာရိတ္တသတ္တိ နဲ့  ၀ါရိတ္တသတ္တိ ပဲဖြစ်ပါတယ်။ မလုပ်သင့် တာကိုရှောင် နိုင်တဲ့ စာရိတ္တ သတ္တိနဲ့  လုပ်သင့် လုပ်ထိုက်တာကို ရဲဝံ့ စွာ လုပ်ကိုင်ရဲတဲ့ ဝါရိတ္တ သတ္တိ ပဲဖြစ်ပါတယ်။ခေါင်းဆောင် ကောင်းရဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံအနေနဲ့ ကဏ္ဍတော်တော်များများမှာ ခေါင်းဆောင်ကောင်းများလိုအပ်လျှက်ရှိ ပါတယ်။အထက်ပါခေါင်းဆောင်ကောင်းရဲ့ အင်္ဂါအရည်အသွေးများကိုဖြည့် စည်းနိုင်ကြသော ခေါင်းဆောင်ကောင်းများ ပေါ်ပေါက်လာနိုင်ပါစေကြောင်း …………………..။

HRD
By https://www.facebook.com/alexendra.nay
ဗဟုသုတ

ခေါင်းဆောင်ကောင်းနှင့် ပါတ်သတ်သောမှတ်ချက်များ

Posted by wai phyo  |  No comments

9:00 PM Share:

0 comments:

လူသားအရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာများ၏ လုပ်ငန်း
တာဝန်များသည် အပေါ်ယံအားဖြင့် အားလုံး တူညီမှု ရှိနိုင်သော်လည်း အတွင်းကျကျ အသေးစိတ် လုပ်ငန်း တာဝန်များသည် လုပ်ငန်း၊ ကုမ္ပဏီ တစ်ခုချင်းအလိုက်၊ အခြေအနေ တစ်ခုချင်းအလိုက် ကွဲပြားခြားနား ကြသည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ တစ်ခါတစ်ရံတွင် လူသား အရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာများ၏ လုပ်ငန်းတာဝန် အသေးစိတ်ကို သတ်မှတ်ရန် ခက်ခဲလှပါသည်။ ဤ အကြောင်း ကြောင့်ပင် လူသား အရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာများသည် အမျိုးမျိုးသော လုပ်ဆောင် ချက်များကို လုပ်ကိုင်တတ်ရန် လိုအပ်ပြီး အခန်းကဏ္ဍ အမျိုးများစွာတို့ကို နိုင်နင်းစွာ ကိုင်တွယ် တတ်ရပေမည်။ ဤသည်မှာ ပြည့်စုံ ကျွမ်းကျင်သော လူသားအရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာ တစ်ယောက်အဖြစ် ရပ်တည်ရေးတွင် အဓိက ကျလှပေသည်။ ဤသို့ဆိုပါက မည်ကဲ့သို့သော လုပ်ငန်းတာဝန် အခန်းကဏ္ဍများကို လုပ်ဆောင် တတ်ရမည်နည်းဟု မေးရန် ရှိပေသည်။ အမေရိကန် ပြည်ထောင်စုရှိ American Society for Training & Development အဖွဲ့ကြီးက လူသားအရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာအများစု၏ လုပ်ငန်းတာဝန် သတ်မှတ်ချက်များနှင့် လုပ်ငန်းတာဝန် အသေးစိတ်တို့ကို စစ်တမ်းကောက်ယူပြီး ဖော်ပြပါ မေးခွန်းအတွက် အဖြေ ပေးခဲ့ပါသည်။ လူသား အရင်းအမြစ် စီမံခန့်ခွဲသူများအတွက် အောက်ပါ အဓိက တာဝန်ကြီး ၁၅ ရပ်သည် အထက်ဖော်ပြပါ စစ်တမ်း ကောက်ယူခြင်းမှ ထွက်ပေါ် လာပါသည်။

၁။ အကဲဖြတ်သူ (Evaluator)
လူသားအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းအစီအစဉ်များ၏ ထိရောက်မှုနှင့် အသုံးဝင်မှုများကို လေ့လာစိစစ်ပြီး ဝန်ထမ်းများနှင့် အဖွဲ့အစည်းအား မည်သို့မည်ပုံ အကျိုးပြုနိုင်သနည်းဟု လေ့လာ အကဲဖြတ်နိုင်သူ ဖြစ်ရပေမည်။

၂။ အဖွဲ့အား အထောက်အကူပြုသူ (Group Facilitator)
အဖွဲ့လိုက် ဆွေးနွေးခြင်းနှင့် အဖွဲ့လိုက် ဆောင်ရွက်ခြင်းတို့ကို စီမံခန့်ခွဲပြီး တစ်ဦးချင်းစီနှင့် အုပ်စုအဖွဲ့လိုက် အတွေ့အကြုံကောင်းများ ရရှိခံစားနားလည်တတ်လာစေရန် ဆောင်ရွက်နိုင်သူ ဖြစ်ရပေမည်။

၃။ တစ်ဦးချင်း ဖွံ့ဖြိုးတိုးတက် ရေးသားအကြံပြု ဆွေးနွေးသူ (Individual Development Counsellor)
ဝန်ထမ်းတစ်ဦးချင်း၏ ကိုယ်ပိုင် အရည်အသွေးများ၊ တန်ဖိုးများ၊ ရည်မှန်းချက်များအား ဆန်းစစ်ဖော်ထုတ်ရာတွင် အထောက်အကူပေးပြီး အလုပ်အကိုင်ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်များ သတ်မှတ်ဖော်ထုတ်ရေးဆွဲပြီး အကောင်အထည်ဖော် ရေးဆောင်ရွက်နိုင်သူ ဖြစ်ရပေမည်။

၎။ သင်ကြားရေးနှင့် အလုပ်အကိုင်ဆိုင်ရာ လမ်းညွှန်စာများ ရေးသားသူ (Instructional Writer)
မည်သို့မည်ပုံ ဆောင်ရွက်ရမည်ဆိုသည့် သင်ကြားရေးနှင့် အလုပ်အကိုင်ဆိုင်ရာ လမ်းညွှန်စာများ ရေးသားနိုင်သူ ဖြစ်ရပေမည်။

၅။ လမ်းညွှန်ပြသသူ (Instructor)
တစ်ဦးချင်းသင်ယူစေရန် သတင်းအချက်အလက်များ ပြင်ဆင်တင်ပြခြင်းနှင့် သတ်မှတ်ထားသော သင်ယူမှုအတွေ့အကြုံများ ရရှိစေရန် လမ်းညွှန်ပြသနိုင်သူ ဖြစ်ရပေမည်။

၆။ လေ့ကျင့်သင်ကြားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံခန့်ခွဲသူ (Manager of Training & Development)
လေ့ကျင့် သင်ကြားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ သို့မဟုတ် စီမံချက်များအား စီစဉ်ခြင်း၊ စုဖွဲ့ဆောင်ရွက်ခြင်း၊ တာဝန်ပေးခြင်း၊ ကွပ်ကဲခြင်းတို့ကို ဆောင်ရွက်ပြီး အဖွဲ့အစည်းရှိ အခြားအဖွဲ့ငယ်များနှင့်အတူ လေ့ကျင့် သင်ကြားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များအား ပူးပေါင်းလုပ်ဆောင်နိုင်ရေးကို ချိတ်ဆက်ပေးနိုင်သူ ဖြစ်ရပေမည်။

၇။ ဈေးကွက်ဖော်ဆောင် မြှင့်တင်သူ (Marketer)
လေ့ကျင့်သင်ကြားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအမြင်များ၊ အစီအစဉ်များနှင့် ဝန်ဆောင်မှုများကို အဖွဲ့အစည်း၏ ဌာနအသီးသီး လက်အောက်ရှိ ကြိုတင်သတ်မှတ်ထားသည့် ဝန်ထမ်းအားလုံး သိရှိစေရန် ဆောင်ရွက်နိုင်သူ ဖြစ်ရပေမည်။

၈။ ပြန်ကြားရေးဆိုင်ရာ ကျွမ်းကျင်သူ (Media Specialist)
လေ့ကျင့်သင်ကြားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများအတွက် ပြန်ကြားရေးဆိုင်ရာ အရုပ်နှင့် အသံပြုလုပ်ချက် နည်းပညာများ၊ ကွန်ပျူတာပြုလုပ်ချက် နည်းပညာများနှင့် အခြားသင်ထောက်ကူ နည်းပညာများကို ကျွမ်းကျင်ပိုင်နိုင်သူ ဖြစ်ရပေမည်။

၉။ လိုအပ်ချက်များကို ဆန်းစစ်လေ့လာသူ (Needs Analyst)
ကြိုတင်သတ်မှတ်ထားသည့် ဆောင်ရွက်နိုင်မှုနှင့် အမှန်တကယ် ဆောင်ရွက်နိုင်မှုအကြား ကွာဟချက်များကို ဖော်ထုတ်ပြီး ၎င်းကွာဟချက်များ ဖြစ်ပေါ်ရခြင်း အကြောင်းရင်းကို ရှာဖွေဖော်ထုတ်နိုင်သူ ဖြစ်ရပေမည်။

၁၀။ အစီအစဉ် စီမံအုပ်ချုပ်သူ (Programme Administrator)
သင်ယူမှု အစီအစဉ်များအတွက် လိုအပ်သည့် အထောက်အကူ ပစ္စည်းများ၊ စက်ပစ္စည်းများ၊ ပါဝင်မည့်သူများနှင့် အခြားလိုအပ်သည့် အစိတ်အပိုင်းအားလုံး အဆင်သင့် ရှိနေစေပြီး အစီအစဉ်တစ်ခုလုံး အောင်မြင်ချောမောစွာ အကောင်အထည် ဖော်နိုင်ရေးကို ဦးစီးဆောင်ရွက်နိုင်သူ ဖြစ်ရပေမည်။

၁၁။ အစီအစဉ်ပုံဖော်သူ (Programme Designer)
သီးခြားသတ်မှတ်ထားသော အစီအစဉ်များ၏ ရည်ရွယ်ချက်များ ပြင်ဆင်ချမှတ် လူသားအရင်းအမြစ် စီမံခန့်ခွဲသူတို့ ဆောင်ရွက်ရမည့် (၁၅) ရပ်၊ ပါဝင်သည့် အကြောင်းအရာများအား အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ လုပ်ဆောင်ချက်များ ရွေးချယ်သတ်မှတ်ခြင်းနှင့် အစီအစဉ် ကျနမှု ရှိနေ စေရန် ဆောင်ရွက်နိုင်သူ ဖြစ်ရပေမည်။

၁၂။ မဟာဗျူဟာ ကျွမ်းကျင်သူ (Strategist)
လေ့ကျင့်သင်ကြားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက် တာဝန်များ အောင်မြင်ပြီးမြောက်စေရန် ပို့ချရန်ရှိသော သင်တန်း ပုံစံများ၊ ဖွဲ့စည်းမှုများ၊ မူဝါဒများ၊ အစီအစဉ်များ၊ ဝန်ဆောင်မှုများနှင့် လက်တွေ့ဆောင်ရွက်မှုများအား ရေရှည်အစီအမံများ ချမှတ်ပြီး အကောင်အထည် ဖော်နိုင်သူ ဖြစ်ရပေမည်။

၁၃။ လုပ်ငန်းတာဝန်အား ဆန်းစစ်လေ့လာသူ (Task Analyst)
အလုပ်အကိုင် သို့မဟုတ် အဖွဲ့အစည်းတစ်ခုတွင် သီးခြားသတ်မှတ်ထားသော အကျိုးရလဒ်များ အောင်မြင်စွာရရှိစေရန် လုပ်ဆောင်မှုများ၊ လုပ်ငန်းတာဝန်များ၊ အသေးစိတ် လုပ်ငန်းတာဝန်များ၊ လူသားအရင်းအမြစ်နှင့် လိုအပ်သော အထောက်အပံ့များအား ဖော်ထုတ် သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်နိုင်သူ ဖြစ်ရပေမည်။

၁၄။ သဘောတရား ပညာရှင် (Theoretician)
သင်ယူခြင်း၊ သင်ကြားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုများနှင့် သက်ဆိုင်သော သဘောတရား အယူအဆများအား တိုးတက်စေခြင်းနှင့် စမ်းသပ် စစ်ဆေးခြင်းများကို ဆောင်ရွက်နိုင်သူ ဖြစ်ရပေမည်။

၁၅။ ချိတ်ဆက်ဖော်ဆောင်ပေးသူ (Transfer Agent)
တစ်ဦးချင်းသင်ယူမှုမှ ရရှိထားသော အတွေ့အကြုံများကို လက်တွေ့နှင့် ချိတ်ဆက် အသုံးချနိုင်ရေးကို ကူညီသူ ဖြစ်ရပေမည်။ အချုပ်အားဖြင့် တင်ပြရသော် လူသားအရင်းအမြစ် စီမံခန့်ခွဲသူများအတွက် အထက်ဖော်ပြပါ အဓိက တာဝန်ကြီး ၁၅ ရပ်သည် အဖွဲ့အစည်း အမျိုးမျိုးရှိ လူသားအရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာများအတွက် အရေးကြီးသော တာဝန်ကြီးများ ဖြစ်ပေသည်။ ၎င်း အဓိက တာဝန်ကြီးများသည် လူသားအရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာများအတွက် အလုပ်အကိုင်ဆိုင်ရာ ကိုယ်ပိုင်အစီအစဉ်များ (Career Mapping) ချမှတ်ရာတွင် များစွာ အထောက်အကူ ပြုနိုင်ပေသည်။ ၎င်းတာဝန်ကြီးများကို အခြေခံပြီး လူသားအရင်းအမြစ် စီမံခန့်ခွဲသူများသည် လူသားအရင်းအမြစ် စီမံခန့်ခွဲမှုပညာရပ် တစ်ခုလုံးကို ခြုံငုံလေ့လာသူ (HRM Generalist) အဖြစ်လည်းကောင်း၊ လူသားအရင်းအမြစ် စီမံခန့်ခွဲမှု ပညာရပ်အောက်ရှိ လုပ်ငန်းစဉ် တစ်ခုတည်းကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာသူ (HRM Specialist) အဖြစ်လည်းကောင်း ရွေးချယ်နိုင်ကြပေမည်။ ထို့အပြင် လူသားအရင်းအမြစ် စီမံခန့်ခွဲသူများအား စစ်တမ်းကောက်ယူခြင်းမှ ရရှိလာသော ဖော်ပြပါ အဓိက တာဝန်ကြီးများသည် လူသားအရင်းအမြစ် စီမံခန့်ခွဲသူများအတွက် လက်တွေ့ကျသော သဘောတရားများကို ဖော်ပြပေးခြင်းဖြင့် ၎င်းတို့၏ လုပ်ငန်းတာဝန် သတ်မှတ်ချက်များနှင့် လုပ်ဆောင်ရမည့် အခန်းကဏ္ဍများကို ရှင်းလင်းစွာ သိမြင်စေပါကြောင်း ရေးသားဖော်ပြအပ်ပေသည်။

ထွန်းထွန်းအောင် (စီးပွား)

ဗဟုသုတ

လူသားအရင်းအမြစ် စီမံခန့်ခွဲသူတို့ ဆောင်ရွက်ရမည့် အဓိက တာဝန်ကြီး (၁၅) ရက်

8:47 PM Share:

0 comments:

အခန်းကို လိမ္မော်ရောင်သုတ် ခြင်းသည် ယုံကြည်သက်ဝင်မှုနှင့် စွမ်းအားရှိခြင်း သင်္ကေတများဖြစ်စေ ၍ အကောင်းမြင်သည့် ခံစားချက် နှင့် ပျော်ရွှင်ခြင်းကို ပေးစွမ်းစေ သည်။
အ၀ါရောင်ဆေးသုတ်ခြင်းသည် စိတ်ရှည်ခြင်း၊ ဉာဏ်ပညာကြီးခြင်းအပြင် နေအလင်းရောင်ထွက် လာသည့် အလားအလာသဏ္ဌာန် ဆောင်သည်။
ပန်းရောင်မှာ အိပ်ခန်းနံရံအ တွက် သင့်လျော်မှုရှိစေပြီး ပျော်ရွှင် ၀မ်းမြောက်ခြင်း သရုပ်ကိုပြသည့် မည်သို့သော ပန်းရောင်မဆို အိပ်ခန်း မကြီးအတွက် အလှဆုံးအရောင်ဖြစ် သည်။
မရမ်းရောင်သည် ယုံကြည်အား ထားခြင်း၊ လေးစားခြင်း သစ္စာရှိခြင်း တည်းဟူသော စိတ်ဓာတ်ကို ကိုယ် စားပြုသည်။ လိုက်ကာ အိပ်ယာခင်း၊ ခေါင်းအုံးများတွင် အသုံးပြုနိုင်သော် လည်း အိပ်ခန်းအတွက် လွန်ကဲသော သက်ရောက်မှုကို ဖြစ်စေ၍ နံရံအ ရောင်အဖြစ် မသုံးမိပါစေနှင့်။
အခန်းအပြာရောင်သည် မှန်ကန်သောရွေးချယ်မှုဖြစ်ပြီး ကြီးပွား တိုးတက်မှု စိတ်အေးချမ်းသာမှုရှိစေ သော ပတ်ဝန်းကျင်ကိုဖြစ်စေသည်။ စိမ်းပြာရောင်ကိုလည်း အသုံးပြုနိုင် သည်။
အစိမ်းရောင်မှာ သဘာဝဆန် ပြီး မျှော်လင့်ချက်ရောင်ခြည်၊ လတ် ဆတ်မှုကိုပေးနိုင်ပြီး စိတ်နှင့် ခန္ဓာကို နုပျိုသစ်လွင်စေသည်။ အထူးသဖြင့် ကလေးများအိပ်ခန်းကိုစိမ်းတိမ်း တိမ်းအရောင်သုတ်ပေးခြင်းဖြင့် ကျန်းမာကြံ့ခိုင်စိတ်ကိုဖြစ် စေသည်။
အနီရောင်သည် စိတ်ဖိစီးမှုများ စေပြီး အင်အားစုပ်ယူ သကဲ့သို့ဖြစ် တတ်သည်။ အနီရောင် ဖျော့ဖျော့ကို နံရံအစား၊ ခေါင်းအုံးအရောင်အဖြစ်သုံးနိုင်သည်။
အဖြူရောင်မှာပေလွယ်ပြီး အိပ် ခန်းမျက်နှာကျက်နှင့် အခန်းတွင် သုတ်ထားခြင်းဖြင့် တန်ပြန်အလင်း ကိုရရှိစေသည်။ မျက်စေ့ကျိန်း စေသဖြင့် မသုတ်သင့်ပါ။

Ref : Health Updates Journal
ဗဟုသုတ

သင့်အိပ်ခန်းကို ဘယ်လိုအရောင် သုတ်မလဲ

10:05 PM Share:

0 comments:

Heart Attack ဖြစ်တဲ့ လူနာအတော်များများဟာ တစ်ယောက်တည်းရှိနေချိန်မျိုးမှာ Heart Attack ရတာ များပါတယ်... Heart Attack ရကာနီး လူတစ်ယောက်ဟာ နှလုံးခုန် မမှန်မှုကြောင့် အားလျော့မူးဝေပြီး သတိလက်လွတ် ဖြစ်မသွားခင် ၁၀ စက္ကန့်လောက်သာ မိမိကိုယ်ကို ကယ်တင်ဖို့ အချိန်ရပါတယ်...
Heart Attack ကိုခံစားရတဲ့ လူနာအနေနဲ့ နှလုံးခုန်မူမမှန်မှုနဲ့ မူးလဲချင်သလို ခံစားရတဲ့အခါ အဆက်မပြတ်နဲ့ ပြင်းပြင်းထန်ထန် ချောင်းဆိုးပေးရပါမယ်... ချောင်းမဆိုးခင်မှာ အသက်ကိုဝအောင် ရှူပြီး ချောင်းကိုဆက်တိုက်ကြာကြာ (သလိပ်ကပ်တဲ့အခါ သလိပ်ရအောင် ဆိုးသလိုမျိုး) ဆိုးရမှာ ဖြစ်ပြီး "အဟွတ်!!!!!!!!!!" ဆိုပြီး ချောင်းတစ်ချက်တည်းကို ရှည်ရှည်ဆွဲပြီး ဆိုးရမှာ ဖြစ်ပါတယ်...
ဒီလို အသက်ရှူခြင်းနဲ့ ချောင်းဆိုးခြင်းကို ၂ စက္ကန့်ခြား တစ်ခါနှုန်းနဲ့ ကြားထဲမှာလစ်ဟာချိန်မရှိစေဘဲ အကူအညီရောက်လာတဲ့ အချိန်အထိ (သို့) နှလုံးခုန် မူမှန်သွားတဲ့အချိန်ထိ ပြုလုပ်ရမှာပါ...
ဒီလိုလုပ်ရခြင်းရဲ့ အကြောင်းတွေကို ပြောရရင် အသက်ပြင်းပြင်းရှူခြင်းက Oxygen ကို အဆုတ်တွေဆီ လုံလောက်စွာ ပို့ဆောင်ပေးနိုင်ပါတယ်... ချောင်းပြင်းပြင်းထန်ထန် ဆိုးခြင်းကတော့ နှလုံးရဲ့ ညှစ်အားကို ကောင်းစေပြီး သွေးလည်ပတ်မှုကို ဆက်လက်ထိန်းသိမ်းဖို့ ကူညီပေးသလို နှလုံးရဲ့ခုန်နှုန်း ပြန်လည်မှန်ကန်လာစေဖို့လည်း အထောက်အပံ့ပေးပါတယ်... ဒီလိုနည်းနဲ့ Heart Attack ခံစားရတဲ့ လူနာဟာ ဆေးရုံကိုရောက်တဲ့အထိ မိမိကိုယ်ကို သတိလက်လွတ်မဖြစ်သွားအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်...

Credit by ကြယ်မင်းတာယာ (13.6.13)
ကျန်းမာရေး

Heart Attack ရခဲ့ရင် ဘယ်လိုလုပ်သင့်သလဲ???

8:54 AM Share:

0 comments:

“ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။”

၁။ ဂဏန်း = လက်မ ထောင်ခြင်း
၂။ ပုတ်သင် = ပြောသမျှ ခေါင်းငြိမ့်ခြင်း
၃။ ၀ါးပင် = လေသင့်ရာ ယိမ်းတတ်ခြင်း
၎။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်ခြင်း
၅။ လိပ်မျိုး = မိမိဘက်သို့ ယက်တတ်ခြင်း
၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက။

၁။ ဂဏန်း
ဂဏန်းနဲ့ တူတဲ့ လူစားမျိုးတဲ့။ ဂဏန်းဆိုတဲ့ ကောင်ဟာ အမြဲတမ်း လက်မတစ်ထောင်ထောင်နဲ့ ရှိတတ်ပါတယ်။ ငါမှတတ်တာ၊ မင်းတို့က ဘာမှ သိတာမဟုတ်ဘူး။ ငါ့ဆရာ လာမလုပ်နဲ့ ဆိုတဲ့ လူစားမျိုးပါ။ အောက်လက်ငယ်သားကို ကျွန်လို ဆက်ဆံတတ်တဲ့ သူမျိုးကို ဆရာမတင်ထိုက်ဘူး။

၂။ ပုတ်သင်
ပုတ်သင်လို လူစားမျိုးတဲ့။ ဒီကောင်ကတော့ ကိုယ်ပိုင်အရည်အချင်းဘာမှ မရှိပါဘူး။ သူများပြောတိုင်း ခေါင်းညိတ်တယ်၊ ဘယ်သူက ပြောပြော “အေးလုပ်လိုက်ဆိုတာချည်းပဲ”။ အဲဒီလိုလူမျိုး ဆရာ တင်မိပြန်ရင်လည်း ငါးပါးမကဘူး။ ဆယ့်ငါးပါး လောက်မှောက်ရော။

၃။ ၀ါးပင်
ဝါးပင်လို လူစားမျိုးတဲ့။ ဒီလူကတော့ ခပ်ညံ့ညံ့လူစားမျိုး၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘူး။ကိုယ်ပိုင်ရပ်တည်မှု မရှိဘူး၊ နေရာတကာ ရေလိုက် ငါးလိုက်ဆိုတဲ့ လူစားမျိုး၊ အစွယ်ကောင်းရင် ပါသွားတာချည်းပဲ၊ ကောင်းတာဆိုလည်း အစွယ်ကောင်းရင် လုပ်တယ်။ မကောင်းတာဆိုရင်လည်း မက်လုံးကောင်းရင်လုပ်တယ်။ ပျော့ညံ့တဲ့ လူစားမျိုး၊ ဒီလိုလူစားမျိုးလည်း ဆရာ တစ်ယောက်အနေနဲ့ အားမကိုးထိုက်ပြန်ဘူး။

၎။ နွားသိုး
နွားသိုး နဲ့တူတဲ့ လူမျိုး။ ဒီကောင်ကတော့ ဘာမဆို အမှားအမှန် မဝေခွဲဘူး။ နေရာတကာ ရှုးဒိုင်းဒိုင်းနဲ့ စွတ်လုပ်တတ်တယ်။ နှလုံးရေ နည်းပြီး၊ လက်ရုံးရေ အားကိုးတဲ့ လူစားမျိုးပေါ့။ ဒီလိုလူမျိုး ခေါင်းဆောင်တင်မိရင်လည်း အားလုံးပျက်ဆီးဘို့များပြီ။

၅။ လိပ်
လိပ် နဲ့တူတဲ့ လူစား။ ဒီလူမျိုးကတော့ အတ္တကြီးတဲ့ လူစားပေါ့။ ဘာမဆို သူ့အတွက်ပဲ သူသိတယ်။ “ငါခေါင်းဆောင်၊ ငါပေးမှ မင်းတို့ ရမယ်၊ ငါပြီးမှ ပြီးမယ်”ဆိုတဲ့လူစားမျိုး၊ ကိုယ်ကျိုးစီးပွါးပဲ သိတယ်။ အများအတွက် ထည့်မတွက်တတ်တဲ့လူစားမျိုး။(ပရဟိတ စိတ်မ၀င်စားတဲ့ လူစားမျိုး)

၆။ ခွေးအ
ခွေးအနဲ့ တူတဲ့ လူမျိုး။ ဒီလူစားကတော့ ကောက်ကျစ်တယ်။ ဘယ်နေရာမဆို နည်းမှန်၊ လမ်းမှန်က မသွားတတ်ဘူး။ ဘယ်သူ့ကိုမဆို လှည့်စားလိုက်ရမှ စားဝင် အိပ်ပျော်တဲ့လူမျိုး။ ကိုယ့်လက်အောက်ငယ်သားကို ကိုယ့်လက်ခုတ်ထဲက ရေလို၊ ကိုယ်လိုတဲ့ နေရာမှာပဲ အသုံးချတတ်တယ်။

(သိင်္ဂါလောဝါဒသုတ်ကို ကိုးကားပါသည်)
ဗဟုသုတ

ခေါင်းဆောင် မတင်ထိုက်သူများ

8:42 AM Share:

0 comments:

အင်တာဗျူးတစ်ခုမှာ ဘီလ်ဂိတ်ပြောတဲ့ စကားလေးပါ။ "ကျနော် ကျောင်း တက် တုန်းက ဘာသာရပ်အချို့  စာမေးပွဲကျပြီး သူငယ်ချင်းတွေ က အောင်မြင်တယ်။ သူတို့က မိုက်ခရိုဆော့ဖ်ကုမ္ပဏီရဲ့  ဝန်ထမ်းတွေ ဖြစ် သွားပြီး ကျနော်က မိုက်ဖရိုဆော့ဖ်ကုမ္ပဏီပိုင် ရှင် ဖြစ်လာတယ်" 
တကယ့် လက်တွေ့ ကမ္ဘာ့ အိုင်တီလောကမှာလည်း ဒီတိုင်းပါပဲ။ မိန်းကလေး များက အတန်းထဲမှာ အမှတ်ပြည့်နဲ့ အိုင်တီမေဂျာ ကို အောင်မြင်ပြီး ယောင်္ကျားလေးများက ကျပါတယ်။ သို့ပေမယ့် ယင်း အမျိုးသားများက ကမ္ဘာ့ထိပ်တန်း ဆိုင်ဘာလုံခြုံရေး အဖွဲ့အစည်းတွေက အားကိုးရတဲ့ ဟက်ကာတွေ ဖြစ်ကုန်ပါတယ်။ တစ်ချို့ တစ်လေ ကို ပြောတာ ပါ။
ဒါကြောင့် စာမေးပွဲမှာ အမှတ်ပြည့်ရဖို့ ကြိုးစားနေခြင်းက အကန့်အသတ် ရှိပါတယ်။ တကယ့် လက်တွေ့ဘဝ အသုံးချဖို့ ရည်ရွယ်ရိုးမှန်ရင် ထားရမယ့် target က တစ်မျိုးပြောင်းသွားပါပြီ။ ဘီလ်ဂိတ်တို့၊ စတိဗ်ဂျော့တို့ဆိုတာ တစ်ချိန်တုန်းက ကွန်ပြူတာကုဒ်တွေကို စာရွက်ပေး ချရေးလို့ ရောင်း စားပြီး ကျောင်းတက်ခဲ့တဲ့သူတွေပါ။ ဒီတော့ အထောက်အပံ့ပစ္စည်း မရှိတာတို့၊ အင်တာနက်လိုင်းမကောင်းတာတို့က ပြစရာ အကြောင်းပြချက် တစ်ခုမဖြစ်သင့်ပါဘူး။ လုပ်ချင်စိတ်၊ ဖြစ်ချင်စိတ်ကသာ အဓိက ကျတာပါ။
သာမန် လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်လုပ်မယ်၊ လခစားဘဝမှာ တာဝန်ကျေရုံပဲ လုပ်မယ်ဆိုရင် တစ်သက်လုံး နောက်လိုက်ပဲ ဖြစ်မှာပါ။ လုပ်ငန်းရှင်ဖြစ်မလာပါဘူး။ ကိုယ့်လျှောက်မယ့် ပရော်ဖက်ရှင်တစ်ခုကို အတိအကျ ရွေးပြီး ခုကတည်းက အကောင်းဆုံး လုပ်သွားဖို့ အကြံပေး တိုက်တွန်း လိုက်ရ ပါတယ်။

အောင်ခမ်း (TSJ team)
ဒဿန

အောင်မြင်သူတို့ လမ်းစဉ်

8:59 AM Share:

0 comments:

 - မနက်အိပ်ယာထ မျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။
ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ '' မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား" လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။
- မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ပွါးလိုက်ပါ။ ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။
- ကြည်လင်နေတဲ့ရေကိုကြည့်ပြီး ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြ ပါစေ။ ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။ 
ဤရေအေးမြသလို သတ္တ၀ါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။
ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။
ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။
- ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ၀င်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိ ကုသိုလ်ဖြစ်သွားပါပြီး။
- မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့အညစ်အကြေးတွေကို အာရုံပြုပြီး ငါ့ရဲ့ ခန္ဓာကိုယ်ဟာ စက်ဆုပ်ရွံရှာဖွယ် ပါတကား….လို့ အသုဘ ဘာဝနာပွါးလိုက်ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ်ဖြစ်သွားပါပြီး။
အသုဘဘာဝနာပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာ ရှိပါသေးတယ်။ အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပ၀တ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ အ၀တ်တွေနဲ့ ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။
အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက် ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား…လို့စွန့်ပြီး မျက်နှာသစ်လိုက်ပါ။ ဒါဆို မျက်နှာသစ်ရင် ကုသိုလ်(၅)မျိုး ရသွားပါပြီ။

(ဆရာတော်ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ စာအုပ်မှပြန်လည်မျှဝေခြင်းဖြင့် ဒါနကုသိုလ်ပြုပါသည်။)

မြတ်ဗုဒ္ဓအလင်း
တရား

မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူပါ

9:11 AM Share:

0 comments:

ဗဟုသုတ

အင်္ဂလိပ်ဂဏန်းတွေရဲ့ လျို့ဝှက်ချက်

Posted by wai phyo  |  No comments

8:58 AM Share:

0 comments:

ဘ၀နတ်ထံပျံလွန်သွားသည်မှာ နှစ်ပေါင်း(၆၀)ကျော်ခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင်မည်သည့် ဆေးဝါးအကူအညီမျှမပါ မပုပ် မသိုးဘဲ ပကတိအတိုင်းရှိနေသည့် စွန်းလွန်းဆရာတော်ဘုရားကြီး ဦးက၀ိ ရုပ်ကလာပ်တော်နှင့်ပတ် သက်၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ အထူး ကြည်ညိုစိတ်ဝင်စားကြသကဲ့သို့ ပြည်ပနိုင်ငံများမှ ဧည့်သည်များ ကလည်း ဆရာတော်ကြီး၏ မပုပ် မသိုးရုပ်ကလပ်တော်အား အထူး စိတ်ဝင်စားကြောင်း စွန်းလွန်းဂူကျောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

““ဆရာတော်ကြီးက သက်တော်(၇၅) ၀ါတော်(၂၈)မှာ ပျံလွန်တော် မူခဲ့တာပါ။လက်ရှိဒီမှာထားရှိ ပူဇော်တာကတော့ နှစ် (၆၀)ကျော်ပါပြီ။ အနယ်နယ်အရပ် ရပ်က လူတွေ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို လာရောက်ဖူးမျှော် ကြည်ညိုကြသလို ပြည်တွင်းက ခရီးသွား ကုမ္ပဏီတွေရဲ့အစီအစဉ် နဲ့မြင်းခြံကိုရောက်လာတဲ့ နိုင်ငံခြား ဧည့်သည်တွေကလည်း ဆရာ တော်ကြီးရဲ့မပုပ်မသိုးတဲ့ ရုပ်က လာပ်တော်ကို အံဖွယ်တစ်ခုလို အရမ်းစိတ်ဝင်စားကြပါတယ်”” ဟု စွန်းလွန်းကျောင်းတာဝန်ရှိသူ ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြော ကြားသွားသည်။

ဆရာတော်ကြီး၏ ရုပ်က လာပ်တော်အား လာရောက်လေ့ လာသည့် UK နိုင်ငံသား မစ္စတာ ဘင်းဒရစ်အားHot News သတင်းထောက်က ဆရာတော် ကြီးရုပ်ကလပ်နှင့်ပတ်သက်၍မေး မြန်းကြည့်ရာ ““ထူးခြားတဲ့အံ့သြ ဖွယ်ရာတွေ ကမ္ဘာမှာအများကြီး ရှိပါတယ်။အဲဒီထဲကမှ မြန်မာပြည် မှာက သဘာဝနဲ့ဆန့်ကျင်တဲ့ သူ တော်စင်၊သူတော်မြတ်တွေရဲ့ဆေး အကူအညီမပါတဲ့၊မပုပ်တဲ့ရုပ်က လာပ်တွေ အံ့သြဖွယ်ရာ တွေ့ရ ပါတယ်။ဒီလိုမျိုးတွေကိုကျွန်တော် တို့အနေနဲ့မှတ်တမ်းယူပြီး ကမ္ဘာ မှာပြန် Share မှာပါ””ဟု ပြော ကြားသွားသည်။

စွန်းလွန်းဆရာတော်ဘုရား ကြီးအား အဘဦးသန့်၊အမိဒေါ်တုတ်တို့မှ မြန်မာသက်္ကရာဇ် ၁၂၃၉ ခုနှစ် တပေါင်းလဆန်း(၂)ရက်၊ တနင်္လာနေ့နံနက်(၃)နာရီတွင် ဖွားမြင်ခဲ့ပြီး သာသနာ့ဘောင်သို့ ၀င်ပြီးနောက် ၁၂၈၂ခုနှစ် ၀ါဆို လပြည့်ကျော် (၁၃)ရက်၌ ပထမ တရားထူး၊၁၂၈၂ခုနှစ် ၀ါခေါင်လ ပြည့်ကျော်(၁၃)ရက်၌ ဒုတိယ တရားထူး၊၁၂၈၂ခုနှစ် တော်သလင်း လပြည့်ကျော် (၁၃)ရက်၌ တတိယ တရားထူးနှင့် ၁၂၈၂ခုနှစ် သီတင်းကျွတ်လပြည့် (၁၃)ရက်၌ စတုတ်္ထတရားထူးများကို ရရှိတော် မူခဲ့ပြီး ၁၃၁၄ခုနှစ် ကဆုန်လပြည့် ကျော်(၉)ရက် စနေနေ့ ညနေ (၄း၄၅)အချိန်၌ ပရိနိဗ္ဗာန်ပြု တော်မူခဲ့သည်။

ခန့်ခန့်(ဒဿနိက)
တရား

မပုပ်မသိုး စွန်းလွန်းဆရာတော်ဘုရားကြီး ရုပ်ကလာပ်

4:52 AM Share:

0 comments:

Get updates in your email box
Complete the form below, and we'll send you the best coupons.

Deliver via FeedBurner
Web Designed By Wai Phyo
back to top