• ပုဂံ အမှတ်တရ
  • မန္တလေး အမှတ်တရ
  • Sea Game အမှတ်တရ
  • ဦးပိန် အမှတ်တရ
  • Sea Game အမှတ်တရ
တနေ့ တာမှာ ကုသိုလ်, ဥစ္စာ, ကျန်းမာရေး, အတတ်ပညာ, တန်ခိုးဂုဏ်သိမ်
ဒီငါးမျိုး တမျိုးမျိုးမှ အကျိုးမရပဲ ကုန်သွားတဲ့နေ့ ဟာ
ဝမ်းနည်းစရာအကောင်းဆုံးနေ့ ပါပဲ။ ( မသေခင်က အသေဖြစ်ရတဲ့နေ့ ပါပဲ။ )
ကုသိုလ် ဥစ္စာ,
ကျန်းခံ့သာ၍
ပညာ တန်ခိုး
တမျိုးမျိုးမှ
အကျိုးမထွက်
ထိုနေ့ တွက်
သက်သက် ၀မ်းနည်းဖွယ်။
တရား

တနေ့ အတွက်အကျိုးမရရင်

Posted by wai phyo  |  No comments

8:44 AM Share:

0 comments:

ငါ အိုသွားသောအခါ ငါဟာ အရင်က ငါ မဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
ချည့်နဲ့နဲ့ လက်တွေနဲ့ ထမင်း-ဟင်းတွေ အက်ႌေပၚ ဖိတ္စင္သြားတဲ့အခါ အက်ႌ လုံချည် ဖိုသီဖတ်သီ ဖြစ်နေတဲ့အခါ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုံးက ဖိတ်ဖိတ်စင်စင် စားနေလို့ ငါ သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
အပ်ကြောင်းထပ်မက ပြောဘူးတဲ့စကားတွေကို ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြု နားထောင်ပေးပြီး ငယ်ငယ်တုံးက အိပ်ရာဝင်တိုင်း တထောင့်တည ပုံပြင်တွေ,ငါးရာ့ငါးဆယ် နိပါတ်တော်တွေ, ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါ ချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။
မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့၊ ငယ်ငယ်တုံးက ချော့တလှည့် ခြောက်တခါ
ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။ 
ခေတ်သစ်နည်းပညာသစ်တွေကို  မသိ နားမလည်ခဲ့ရင် မလှောင်ပါနဲ့၊ ငယ်ငယ်တုံးက ဘာကြောင့်-ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါ ပြန်ဖြေခဲ့တာကို သတိရပေးပါ။
စိတ်သွားတိုင်း ကိုယ်မပါ၊ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစုံနဲ့ ငါ့ကို ကူတွဲပေးပြီး  လမ်းလျှောက်သင်စ အရွယ်တုံးက တလှမ်းချင်း လမ်းလျှောက် လေ့ကျင့်ပေးခဲ့ဖူးတာတွေကို သတိရပေးပါ။
အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာတွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့် ပေးပါ။ စကားအကြောင်းအရာတွေ ငါ့အတွက် အရေးမကြီးပါဘူး၊ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။
တနေ့ထက်တနေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ဝမ်းမနည်းပါနဲ့၊ နားလည်ပေးပါ၊ အားပေးပါ၊ အရင်တုံးက လူ့ဘဝတက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘဝ နောက်ဆုံးအချိန်တွေအတွက် အဖော်ပြုပေးပါ။ ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။
ဒဿန

ငါ အိုသွားသောအခါ

7:03 AM Share:

0 comments:

တစ်ခါတုန်းက ရေကန်တစ်ကန်ထဲမှာ ကင်းမြှီးကောက်တစ်ကောင်ဟာ ရေကန်နှုတ်ခမ်းဝပေါ်တက်လိုက် မတက်နိုင်ပဲရေထဲ ပြန်ကျလိုက်နဲ့ ဖြစ်နေခဲ့တယ် ။ အဲဒါကို အဖိုးအိုတစ်ယောက်မြင်သွားတဲ့အခါ ရေကန်အနားကိုသွားပြီ ကင်းမြှီးကောက်ကိုကယ်ဖို့အတွက်သူ့လက်နဲ့ဆုပ်ကိုင်လိုက်တယ် ။

ကင်းမြှီးကောက်ဟာ အဖိုးအိုရဲ့လက်နဲ့အကိုင်ခံတဲ့အခါ လှမ်းပြီးသူ့အမြှီဲးနဲ့ပေါက်ချလိုက်တယ် ။ အဖိုးအိုက နာကျင်သွားတဲ့အတွက် ကင်းမှီးကောက်ကို ကိုင်ထားတဲ့သူ့လက်ကို ပြန်လွှတ်ချလိုက်တယ် ။ အဲဒီအခါ ကင်းမြှီးကောက်ဟာရေထဲပြန်ပြုတ်ကျသွားပြီး ရေနစ်နေခဲ့ပြန်တယ် ။ အဖိုးအိုက ခဏနေတဲ့အခါ သူ့လက်နဲ့ ကင်းမြှီးကောက်ကို ကယ်ဖို့ကြိုးစားပြန်တယ် ။ အဲဒီအခါမှာလည်း ကင်းမြှီးကောက်ကသူ့အမြှီးနဲ့ပေါက်ချလိုက်ပြန်တယ် ။

အဲဒါကိုမြင်တဲ့ ဘေးနားမှာရှိတဲ့လူငယ်က အဖိုးအိုကိုမေးတယ် ။ “ အဖိုး ဒီသတ္တ၀ါက သူ့ကိုကယ်နေတာတောင် အဖိုးကို ပြန်ပြန်ပြီးသူ့အမြှီးနဲ့ပေါက်နေတယ် အဖိုး ကို သူရန်ရှာနေတယ်ဆိုတာမသိဘူးလား ဘာလို့ကယ်နေသေးတာတုန်း ” အဖိုးအိုကပြုံးပြီးတော့ပြန်ပြောလိုက်တယ်။

“ ရန်ရှာတယ် အမြှီးနဲ့ပေါက်တယ်ဆိုတာကင်းမြှီးကောက်ရဲ့သဘာဝပါ အဖိုးရဲ့သဘာဝက သတ္တ၀ါတွေကိုကယ်တင်တာပါ ဒီတော့ ကင်းမြှီးကောက်ရဲ့အပြုအမူကြောင့်အဖိုးရဲ့ သဘာဝဗီဇကို အပျက်ဆီးမခံနိုင်ပါဘူး”

လူငယ်က ခဏတာစဉ်းစားပြီးနားလည်သဘောပေါက်သွားတယ် ။ ပြီးတော့ လူငယ်က ဘေးနားက သစ်ကိုင်းလေးကိုချိုးပြီး ကင်းမြှီးကောက်ကိုဆယ်ယူပြီးကယ်တင်လိုက်ပါတယ်။

=============================
ဒီနေရာမှာ တွေးစရာတွေတော့ရှိပါတယ် ။ အဖိုးအိုကလည်း ကယ်ချင်တာပဲ လူငယ်လို အရင်ကတည်းက သစ်ကိုင်းလေးနဲ့ဆယ်လိုက်လည်းရတာပဲမဟုတ်လားလို့ မေးစရာတွေရှိမှာပါ ။ ဒါပေမယ့် ပုံပြင်ရဲ့ဆိုလိုရင်းက ဒါမဟုတ်ပါဘူး ။
ပုံပြင်ရဲ့ဆိုလိုရင်းကတော့ ..
သင့်ရဲ့ သဘာဝ ဗီဇကို ဘယ်တော့မှမပြောင်းလဲလိုက်ပါနဲ့ ။ တစုံတယောက်က သင့်ကိုနာကျင်စေခဲ့ရင် သတိထားပြီးရှောင်ရှားလိုက်ပါ ။ တခါတလေ နာကျင်မှုကရလာတဲ့ သူတပါးအတွက်ပေးဆပ်လိုက်ရတဲ့ပျော်ရွှင်မှုကလည်း ကျေနပ်စွာ လက်ခံစေတတ်ပါတယ် ။ သင် ဘာတွေပဲလုပ်လုပ် သင့်ရဲကစိတ်ဝိဥာဉ်က သင်လုပ်သမျှကို ခွဲခြားသုံးသပ်စိတ်ဖြာနိုင်ပါစေ။

သက်တန့်ချို
Ref : The Scorpion

ဒဿန

ခွဲခြားသုံးသပ် စိတ်ဖြာနိုင်ပါစေ

7:52 AM Share:

0 comments:

Get updates in your email box
Complete the form below, and we'll send you the best coupons.

Deliver via FeedBurner
Web Designed By Wai Phyo
back to top