• ပုဂံ အမှတ်တရ
  • မန္တလေး အမှတ်တရ
  • Sea Game အမှတ်တရ
  • ဦးပိန် အမှတ်တရ
  • Sea Game အမှတ်တရ
မြေကြီးဖြစ်မှတော့
မိုးလွတ်ပါ့မလား…လို့ တွေးမနေနဲ့တော့
ချစ်သူရေ…တို့တတွေပေခံလိုက်ကြစို့ရဲ့။
မသေချာတာတွေကတော့အများကြီးပဲ
ဒါပေမယ့်
သေချာတာလေးတွေလည်းရှိတတ်လို့
တို့…စောင့်…ရ ဦးမယ်။
(မကြာခင်မှာ လင်းရနံ့တွေဝေလာမှာပါပဲ
ကိုယ်ယုံတယ်)
ဘယ်သူမဆို
မနက်ဖြန်ခါကိုတော့ နေထွက်ခွင့်ပေးရမယ်လေ။   ။

တာရာမင်းဝေ
ကဗျာ

ချစ်သူ…သို့

Posted by wai phyo  |  No comments

7:02 AM Share:

0 comments:

ဘဝမှာ… ကုန်ဆုံးသွားပြီးရင်
ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့
အရာသုံးခုရှိပါတယ်။
အချိန်၊ စကားလုံး၊ အခွင့်အရေး ဆိုတာတွေပေါ့။

ဘဝမှာ… (ဘယ်တော့မှ)
လက်လွတ်အဆုံးရှုံးမခံရမယ့် အရာသုံးခုရှိတယ်။
ငြိမ်းချမ်းမှု၊ မျှော်လင့်ချက်နဲ့ ရိုးသာမှု တို့ပဲ။

ဘဝမှာ… တန်ဖိုးထားရဆုံးအရာသုံးခုရှိတယ်။
ချစ်ခြင်းမေတ္တာ၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့
သူငယ်ချင်းများ ဖြစ်ပါတယ်။

ဘဝမှာ… မသေချာတဲ့အရာသုံးခုကတော့
အိပ်မက်ရယ်၊ အောင်မြင်မှုရယ်၊ ကံကြမ္မာရယ်။

ယောက်ျား(ကောင်း)၊ မိန်းမ(ကောင်း)တစ်ယောက်
ဖြစ်စေတဲ့ အရာသုံးခုကတော့
(ခက်ခဲတဲ့)အလုပ်၊ ရိုးသားမှုနဲ့ အောင်မြင်မှု ပါပဲ။

ယောက်ျားတစ်ယောက်၊ မိန်းမတစ်ယောက်ကို
ဖျက်ဆီးပစ်နိုင်တဲ့ ဘဝရဲ့အရာသုံးခုကတော့
အရက်၊ မာနနဲ့ ဒေါသ ပဲဖြစ်ပါတယ်။

 By:ကောင်းသန့်
အဆို အမိန့်များ

ဘ၀နီတိ

8:55 PM Share:

0 comments:

သင်ခန်းစာချိန်တစ်ခုအတွင်းမှာပေါ့ ဆရာက မေးပါတယ်...
"အဖြူမဟုတ်ရင် ဘာလည်းကွ"
အဖြူမဟုတ်ရင် အမည်းပေါ့ ဟု ကျောင်းသားတစ်ယောက်က ပြန်ဖြေပါတယ်...။

ဒီအဖြစ်အပျက်လေးကိုကြည့်ရင် လူ.လောကထဲမှာ  ပြဿနာ
 တော်တော်များများကိုဖြေရှင်းတဲ့အခါအဲဒီကျောင်းသားလေးလိုမျိုး ဖြစ်နိုင်ချေ (Propability)
 များစွာကိုမစဉ်းစားပဲ၊ ဆန်.ကျင်ဘက်အမြင် (Opposite View)
တွေကိုသာ ရုတ်တရက် စဉ်းစားမိတတ်ကြပါတယ်...
တစ်ကယ်က "အဖြူမဟုတ်ရင် မဖြူတာတာတွေ အားလုံး ဖြစ်နိုင်တာလေ" ... ။

ဥပမာ ကိုယ်သိထားတဲ့ အမှန်တရားတစ်ခုနဲ.အခြားလူပေးလာတဲ့
အဖြေတစ်ခုနဲ့  ကိုက်ညီမှု မရှိတဲ့ အခါမျိုးမှာ တစ်ဘက်သူမှားနေတယ်ဆိုပြီး
ရုတ်တရက် ကောက်ချက်ချမိတတ်ပါတယ်... ကိစ္စရပ်တိုင်းမှာ
ဖြစ်နိုင်ခြေတွေ တစ်ခုထက်ပိုပြီး ရှိနိုင်တယ်ဆိုတာ၊
 စဉ်းစားပုံ စဉ်းစားနည်း (The Way Of Thinking) အပေါ်မူတည်ပြီး အဖြေ ဒါမှမဟုတ်
ရလဒ်တွေဟာ တစ်နည်းတစ်ဖုံ ပြောင်းလဲသွားနိုင်တယ်ဆိုတာတွေ
ကိုနားလည်ထားရပါမယ်...
"ဒါမှ ငါမှန်တယ်၊ မင်းမှားတယ် ဆိုတဲ့ အမြင်တွေက လွတ်မြောက်ပြီး
ငါလည်းမှန်တယ်၊ မင်းလည်းမှန်တယ် ဒါပေမယ့်
ဘယ်သူ.ရဲ့ လမ်းကြောင်းက
ပိုပြီးအားကောင်းတယ်ဆိုတဲ့ အမြင်မျိုးကို မြင်နိုင်စွမ်းရှိမှာပါ ...   ...။

မင်းသားကြီး 
ဒဿန

အတွေး ဒဿနများ

8:48 PM Share:

0 comments:

Get updates in your email box
Complete the form below, and we'll send you the best coupons.

Deliver via FeedBurner
Web Designed By Wai Phyo
back to top