• ပုဂံ အမှတ်တရ
  • မန္တလေး အမှတ်တရ
  • Sea Game အမှတ်တရ
  • ဦးပိန် အမှတ်တရ
  • Sea Game အမှတ်တရ

Poems

သင့်ကိုမျက်ရည်ကျအောင် လုပ်တဲ့သူက
သင်အချစ်ရဆုံးသူပါ.....
သင့် မျက်ရည်တွေကို နားလည်နိုင်စွမ်းသူက
သင်ကို အချစ်ဆုံးသူတဲ့....
သင့် မျက်ရည်တွေကို ခြောက်ခန်းစေနိုင်သူကတော့
သင်နဲ့ နောက်ဆုံးအချိန်အထိ လက်တွဲရမဲ့သူပါပဲ...


ဘ၀မှာ အဆင်မပြေတာတွေကြုံတိုင်း.....
အခက်အခဲတွေ တွေ့တိုင်း.....
လိုအပ်ချက်တွေ ရှိတဲ့အခါတိုင်း...
အားငယ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်တိုင်း..
ရင်ခွင် တစ်ခုကို အလိုလို တောင့်တမိတတ်ကြပါတယ်.........


"ယူနဲ့စကားပြောရတာ အရမ်းရီရတယ်" တဲ့
တကယ်တော့ ငါ ဟာသဥာဏ်ရွှင်လို့ မဟုတ်ပါဘူး
မင်းစိတ်ချမ်းသာအောင် ငါ ဘာလုပ်ပေးရမလဲဆိုတဲ့ အသိ
ငါ့ရင်မှာ ထာဝရ ကိန်းအောင်းနေလို့ပါ...


တစ်ချိန်ချိန်မှာ အချစ်စစ်ကို ရှာတွေ့ခဲ့ရင်
နင် သိပ့်ချစ်တဲ့သူကို ချစ်တယ်လို့ ၀န်မခံခင်
တစ်ချိန်က နင့်ကို အရမ်းချစ်ခဲ့တဲ့သူတစ်ယောက်ကို
အရင်ဆုံး သတိရပေးပါ.....


တောင်းစရာမလိုပဲရတဲ့အနမ်းတစ်ပွင့်ကိုငါမြတ်နိုးတယ်...
ကမ်းစရာမလိုပဲလှမ်းတဲ့လက်တစ်စုံကိုဖမ်းဆုပ်ထားချင်တယ်...
မေးစရာမလိုပဲပြောတဲ့ချစ်တယ်ဆိုတာလေးကိုကြားချင်တယ်...
မျှော်လင့်စရာမလိုပဲရတဲ့ကြင်နာယုယမူကိုလိုချင်တယ်...
စောင့်ဆိုင်းစရာမလိုပဲရတဲ့ဂရုစိုက်မူကိုလိုချင်တယ်...
ဘာကိုမှမမက်မောပါဘူး....
သံသယရှိစရာမလိုတဲ့နွေးထွေးတဲ့ ဆက်ဆံရေးလေးကိုပဲ
ငါမျှော်လင့်မိပါတယ်...


ငါ့ဘက်ကကျစ်တဲ့ကြိုးကပဲ
မခိုင်မြဲခဲ့လို့လား
မင်းဘက်ကကျစ်တဲ့ကြိုးကပဲ
လျော့ရဲနေ ခဲ့တာလား
အစထဲကပဲဆက်ထုံးတွေများနေခဲ့လို့လား
ဘာကြောင့်ပဲဖြစ်ဖြစ်
နှစ်ပင်ပေါင်းမှဖြစ်လာတဲ့ သံယောဇဉ်ကြိုးကတော့
ခုချိန်မှာ တိခနဲပြတ်တောက်သွားခဲ့ပြီလေ
မေးခွင့်ရှိခဲ့မယ်ဆိုရင် စကားတစ်ခွန်းမေးခွင့်ပြုပါ
မင်းချီခဲ့တဲ့ကြိုးမှာ သစ္စာရောပါခဲ့ရဲ့လား???


သူ့ကိုခွင့်လွှတ်လိုက်တာ လွယ်ကူပေမဲ့
သူ့ကိုနောက်ထပ် ယုံကြည်ဖို့တော့
ခက်လိမ့်မယ်


ဘ၀ကိုစာအုပ်လို ပြန်လှန်ခွင့်ရမယ်ဆို
နင်နဲ့အတူ ရှိဖူးတဲ့ စာမျက်နှာမှာ
ငါခေါင်းချပါရစေ...


အခြားသူကို ဂရုစိုက်တတ်တဲ့သူတွေဟာ
များသောအားဖြင့်အခြားသူရဲ့ ဂရုစိုက်ခြင်းကိုလည်း
တချိန်တည်းမှာ လိုအပ်နေတတ်တယ်


မေ့ထားတာပါ
မေ့သွားတာမဟုတ်ပါဘူး
ဝိညာဉ်လွင့်မတတ်
လွမ်းနေရုံကလွဲပြီး
ငါ အကုန်အဆင်ပြေပါတယ် ချစ်သူ...


ရိုးသားမှုဟာ လူတစ်ယောက်ကို
ယုံကြည်လေးစားဖို့အတွက် အရေးအကြီးဆုံးအချက်တစ်ချက်ပါ
မင်း ဘယ်လောက်ပဲ အထင်ကြီးစရာတွေ လုပ်ပြလုပ်ပြ
ငါ မင်းကို ယုံကြည်လေးစားလာမှာ မဟုတ်ဘူး
ဘာဖစ်လို့လဲဆိုတော့
မင်းမှာ ရိုးသားမှုကို မျက်ကွယ်ပြုထားတဲ့ ဟန်ဆောင်ခြင်းတွေ
ရှိနေကတည်းက မင်းလုပ်ပြနေတဲ့ အထင်ကြီးစရာတွေတိုင်းဟာ
ငါ့အတွက် ဟာသလေးတွေ ဖြစ်နေလို့ပဲ...


တချို့အချိန်အခါမှာ
သဘောမပေါက်တာ မဟုတ်ဘူး
သဘောပေါက်ပေမဲ့ ပြောဖို့ အားမရှိတာဖြစ်တယ်..


တစ်နေ့နေ့မှာ
ငါ မင်းကိုလွမ်းသလိုမျိုး
နင် ငါ့ကိုလွမ်းလာလိမ့်မယ်။
တစ်နေ့နေ့မှာ
ငါ နင့်ကို အလိုရှိသလိုမျိုး
နင် ငါ့ကို အလိုရှိလာလိမ့်မယ်။
တစ်နေ့နေ့မှာ
ငါ နင့်ကိုချစ်သလိုမျိုး
နင် ငါ့ကိုချစ်လာလိမ့်မယ်။
ဒါပေမဲ့ ငါ နင့်ကို ချစ်နေတော့မှာ မဟုတ်ဘူး...


ငါချစ်လို့ နင်စိတ်ညစ်မယ်ဆို.. နင်မသိအောင်ငါချစ်မှာပေါ့
မုန်းဖို့တော့မခိုင်းနဲ့လေ မေ့ဖို့ဆို ပိုဝေးတယ်
စဉ်းစားကြည့်ပါလား ဘယ်တရားမလဲ.. ငါ့လဲငါ့ခံစားချက်နဲ့ငါပဲဟာ


နင်တို့ရင်ထဲက အချစ်ဆိုတာကို ငါမယုံပါဘူး....!
ကြယ်ခြွေမယ့် စိတ်ကူးကိုပဲ အကောင်အထည် ဖော်လိုက်ပါချစ်သူ၊
ငါ့ရင်က ယုံကြည်မှုကိုတော့ တူးဖော်မနေပါနဲ့တော့၊
နှလုံးသားရဲ့ အနက်ရှိုင်းဆုံး နေရာကကို ယုံကြည်မှု ကင်းမဲ့သွားခဲ့တာမို့
ချစ်ခြင်းအပေါ် ငါအမြင်တွေ တော်တော်ကိုစောင်းသွားခဲ့ပါပြီ
အချိန်၊ရာသီနဲ့ နာရီတွေက ကုစားမယ်လို့လည်း နင်မတွေးပါနဲ့တော့
ငါတို့ဝေးဖို့ကိုပဲလိုလားတယ်.....!


အချို့က ချစ်လျက်နဲ့ ကွဲကြတယ်...
ဒါပေမယ့်.... မုသားတွေပါတယ်..။
အချို့က ကွဲလျက်နဲ့ ချစ်ကြတယ်...
ဒါပေမယ့်.... မာနတွေပါတယ်...။
အချို့က ဝေးလျက်နဲ့ နားလည်ကြတယ်...
ဒါပေမယ့်. အချစ်ဆိုတာပါတယ်.။


အနားဂတ်အတွက် မစဉ်းစားရင်နေပါ
အတိတ်ကမင်းအတွက် အဓိပ္ပါယ် တချို့တ၀က်ရှိခဲ့ရင်
ငါ့ကို သတိရပေးပါ…


မကျွတ်မလွတ်နိုင်သေးတဲ့ အိပ်မက်ထဲမှာ
မင်းဘယ်တော့ အမျှဝေမှာလဲ။


ယုံကြည်မှုနဲ့ ချစ်ခဲ့တဲ့ အချစ်ကို
အလွဲသုံးစားလုပ်ခဲ့ရင်
မင်းဟာ ငါ့ရဲ့ယုံကြည်မှုတွေကို
ရိုက်ချိုးတဲ့အတွက်
မင်းကို ထာဝရ မုန်းသွားမှာပါချစ်သူ…။


ကောင်းကင်က ကြယ်တွေကြွေတိုင်းသာ မင်းရဲ့ ဆုတောင်းတွေပြည့်မယ်ဆိုရင်
မင်းဆုတောင်းတွေ အမြဲပြည့်နေဖို့အတွက်
မကြာခဏ ကြွေပေးနေမယ့်ကြယ်တွေ ငါဖြစ်ပါရစေ။


လွမ်းတတ်သူအဖို့ အချိန်တိုင်းကလွမ်းစရာတွေချည်းပါပဲ...။
ကျွန်တော် အရူးတစ်ယောက်နဲ့တွေ့တော့ မေးကြည့်မိတယ်။
"အချစ်ဆိုတာကို ခင်ဗျားသိလား"
"သိတော့သိတယ်၊ ဒါပေမယ့် ပြောမပြတတ်တော့ဘူး"
"ဘာဖြစ်လို့လဲ"
"အဲဒါကို သိပြီးကတည်းက ငါခုလို ရူးသွားခဲ့တာပဲ" တဲ့။


မြင့်မြတ်တဲ့အချစ်ရှိတဲ့ နေရာမှာ...
အံ့မခန်းဖွယ်ရာတွေ အမြဲရှိနေတယ်တဲ့...


ရွှေရောင်တောက်ပနေတဲ့ အနာဂတ်တွေကို မွေးဖွားသန့်စင်လာဖို့ ကြယ်တွေဟာ ကြွေကျပါလိမ့်မယ်။


အသိမေ့လောက်တဲ့... အကြည့်တစ်ချက် လိုချင်တယ်....။


ပျော်ရွှင်မှုဆိုတာ ရှာဖွေရတဲ့အရာမဟုတ်ဘူး။
သူ့အလိုလို ရောက်လာတတ်တာမျိုးပါ။
ရှာတွေ့ခဲ့တယ်ဆိုရင်တော့ အဲဒါပျော်ရွှင်မှု မဟုတ်ပါဘူး။
ပျော်ရွှင်မှုအရေခွံ လွှမ်းခြုံထားတဲ့ အခြားတစ်ခုခုသာ ဖြစ်ပါလိမ့်မယ်။


အချစ်ဆိုတာ ကင်ဆာလိုပဲ...။
ရှိနေမှန်းမသိရဘူး။
သိတဲ့အချိန်ကျတော့ အမြစ်တွယ်နေပြီလေ။


တစ်ယောက်နဲ့တစ်ယောက် နားလည်ရင်
ဘာတွေပဲဖြစ်ဖြစ်
အတူကျော်ဖြတ်သွားနိုင်မှာပါ။


ကိုယ့်ကို နားလည်တဲ့လူတစ်ယောက်ကို ရှာဖို့
ကိုယ်က သူ့နားလည်နိုင်တဲ့လူဖြစ်အောင် အရင်ဆုံး လုပ်ရလိမ့်မယ်။


ငါလိုအပ်တာက.....
ပေးဆပ်သူမဟုတ်ဘူး.....
မျှဝေတတ်သူပဲဖြစ်တယ်။


ပြုံးတိုင်းလည်း ပျော်တယ်လို့ မထင်နဲ့........
ရှုံးတိုင်းလည်း လျှော်တယ်လို့ မထင်နဲ့..............။


အဟားးးးးးးးးးးငါဒီနေ့ သိပ်ပျော်နေတယ်........ငိုနေရလို့ .......


အချစ်ဆိုတာ...
သိပ်နူးညံ့ပြီး ဆန်းကြယ်တယ်
တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါ
အဲဒီခံစားမှုက ဘာနဲ့မှ မတူဘူး။
သူ့မျက်နှာကို နောက်ဆုံးမြင်ယောင်ပြီးမှ
အိပ်စက်ခြင်းကို ရောက်သလို သူ့မျက်နှာကို
အရင်ဆုံးသတိရပြီးမှ နိုးထတဲ့အဖြစ်ဟာ
အချစ်မှာပဲ ရှိတယ်။


လျှို့ဝှက်တယ်ဆိုတာ မကောင်းပေမယ့် သိုသိပ်နိုင်ရတယ်....။
ဟန်ဆောင်တယ်ဆိုတာ မကောင်းပေမယ့် ထိန်းချုပ်တတ်ရတယ်....။
အေးစက်တယ်ဆိုတာ မကောင်းပေမယ့် တည်ငြိမ်ရမယ်လေ....။


ကျွန်တော်တို့က ကိုယ်လုပ်နေတဲ့အလုပ်ကို
ဒါပြီးသွားရင် ငါ့တာဝန်ကျေပြီလို့ပဲ
လွယ်လွယ်ကူကူ သတ်မှတ်လိုက်ကြတယ်...
ကိုယ် လုပ်ပေးလိုက်တဲ့အလုပ်ကို တစ်ဘက်လူက
ကျေနပ်နှစ်သက်မှု အပြည့်အ၀ရှိရဲ့လား ဆိုတာကိုတော့
ပြန်လည်ဆန်းစစ်ဖို့ သတိမရတတ်ကြဘူး.....။


သင့်ဖက်ကသာ အစစ်အမှန်တွေကို ပေးမယ်ဆိုရင်....
ကံတရားကလဲ သင့်ကို ချန်ထားမှာမဟုတ်ပါဘူး.....။


ငါ ဆက်လက်ဆုပ်ကိုင်ထားဖို့ မဖြစ်နိုင်တဲ့အခါ .. လွှတ်ချခွင့်ပြုပါ ။
ပြီးတော့ ..
ငါ့ကို လွတ်လပ်စွာ အသက်ရှုခွင့်ပြုပါ ။


တချို့အပြုံးအရယ်က ကိုယ့်ကိုယ်ကို နာကျင်ထိခိုက်စေပြီးမှ
ရလာတဲ့ ရလဒ်ဖြစ်တယ်....


ငါ့ မျက်လုံးက အဓိပ္ပါယ်ထောင်သောင်းမက ရှိနေတာကို…..မင်း စာလုံးပေါင်းကြည့်စမ်းပါ..


ငါက နင်ပြုံးနေရင်!!~ ကျေနပ်သူ နင်ငိုနေရင်~~!
အနေခက်သူ! !!နင့်ကိုမတွေ့ရရင်!!မနေတတ်သူ~~ ~~
နင်လိုသမျှ ~~ပေးဆပ်ချင်သူ ~~
နင်မှားသမျှလည်း ~~မငြိုငြင်တတ်သူ~~!!
နင့်ကို!! ဒီလို !!ရူးသွပ်သူ!!


.ငှက်တစ်ကောင်ကိုချစ်မိမှတော့ လွတ်လပ်ခြင်းကိုပါ
ငါနားလည်ပေးရတော့မှာပေါ့ …  ငါမချုပ်ချယ်ပါဘူး မင်းအတောင်ညောင်းရင် နားခိုအိပ်စက်တတ်တဲ့ သစ်ပင်တိုင်းပဲ ငါဖြစ်ချင်ခဲ့တာပါ…


သင်ယုံကြည်ထိုက်တဲ့ လက်တွဲဖော်ဆိုတာ...
သင့် အပြုံးရဲ့ နောက်ကွယ်က ဒဏ်ရာတွေကို နားလည်တယ်....
သင့် ဒေါသရဲ့ နောက်ကွယ်က အချစ်အဓိပ္ပာယ်ကို ပုံဖော်တတ်တယ်....
သင့် တိတ်ဆိတ်ခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းကို ခံစားတတ်တယ်....


ချစ်သူ
တစ်ခါတစ်လေမှာ
ငါ နင့်ကို message မပို့
ဖုန်းမဆက်ဘူးဆိုတာ
နင့်ကို မေ့နေလို့ မဟုတ်ဘူးနော်
ငါလွမ်းနေသလို
နင်များငါ့ကို လွမ်းနေမလားဆိုပြီး
တိတ်တိတ်ကလေး မျှော်လင့်နေမိလို့ပါ...!


ထားသွားတဲ့သူတစ်ယောက်နောက်
ဘယ်တော့မှ ပြေးမလိုက်မိစေနဲ့
ကိုယ်လိုက်နေသရွေ့ သူကတော့ ပြေးနေဦးမှာပဲ
ရောက်တဲ့နေရာမှာ ရပ်နေပါ..
ကိုယ့်အချစ်တွေ သူနားလည်လာတဲ့တစ်နေ့
ပြန်လာပါလိမ့်မယ်......!


ရူးလောက်အောင်ချစ်ပေမဲ့.
ဒူးထောက်မယ်လို့တော့မထင်နဲ့
လွမ်းစရာကိုနာစရာနဲ့ဖြေပြီး
အချစ်ထက်သာတဲ့ငါ့မာနနဲ့
နင့်ကိုပြာကျစေရမယ်...


ချစ်သူဆီမှာ မပြစ်မရှာပါနဲ့
အပြစ်တွေ့မှာမဟုတ်ဘူး
ချစ်သူဆီမှာအပြစ်တွေ့ရင်
ကိုယ်က သူ့ကို
အပြည့်အ၀ မချစ်သေးလို့ပဲ။
မုန်းသူဆီမှာ အချစ်မရှာပါနဲ့
အချစ်တွေ့မှာ မဟုတ်ဘူး
မုန်းသူဆီမှာ အချစ်တွေ့ရင်
ကိုယ်က သူ့ကို
ချစ်နေသေးလို့ပဲ.!


ငါငိုနေမယ်....
နင့်ကိုလွမ်းလို့တော့မဟုတ်ဘူး
နင့်ကိုပုံပေးခဲ့မိတဲ့
ငါ့အချစ်တွေနှမြောလို့ပါ။
ငါလွမ်းနေမယ်
နင့်ကိုတမ်းတနေတာတော့မဟုတ်ဘူး
နင့်ကြောင့်အသက်ဝင်ခဲ့တဲ့
ငါ့ရင်ခုန်သံတွေအတွက်ပါ။
ငါဝမ်းနည်းနေတယ်.........
နင်ငါ့ကိုထားခဲ့လို့တော့မဟုတ်ဘူး
မိန်းမတစ်ယောက်ဆီမှာဆုံးရှုံးခဲ့တဲ့
ငါ့မာနတွေကိုသတိရလို့ပါ။
ငါမျှော်လင့်နေမိတယ်..........
နင်ပြန်လာမယ့်အချိန်ကိုတော့မဟုတ်ဘူး
ငါသိပ်ချစ်ခဲ့တဲ့နင့်ကို
ငါလုံးဝမေ့နိုင်မယ့်အချိန်ကိုပါ.............!


အချစ်တွေ ပြယ်လာရင်
အပြစ်တွေ သယ်လာတာ
ထုံးစံပါဘဲ....
အကြောင်းပြချက် မရှိဘဲ
လမ်းခွဲသွားတာ အနာကျင်ဆုံးဖြစ်သလို
အကြောင်းပြချက်မရှိဘဲ
ချစ်တဲ့အချစ်ဟာလည်း အလှပဆုံးပါပဲ....


ထားသွားပါလို့ ပြောနေတဲ့
စကားသံရဲ့နောက်မှာ
ခွဲမသွားပါနဲ့လို့ ပြောနေတဲ့
ငါ့ရင်ထဲက စကားတစ်ခွန်းကိုတော့
နင်မှ မကြားခဲ့ပဲလေ......


ချစ်သူ
နင့်ကို အထီးကျန်လို့လွမ်းတာ
မဟုတ်ပါဘူး
နင့်ကို
လွမ်းလို့ အထီးကျန်တာပါ....

Get updates in your email box
Complete the form below, and we'll send you the best coupons.

Deliver via FeedBurner
Web Designed By Wai Phyo
back to top