• ပုဂံ အမှတ်တရ
  • မန္တလေး အမှတ်တရ
  • Sea Game အမှတ်တရ
  • ဦးပိန် အမှတ်တရ
  • Sea Game အမှတ်တရ
Showing posts with label ဟာသ. Show all posts

တောရွာတစ်ရွာမှာ နေထိုင်တဲ့ ကလေးငယ်တစ်ဦးနဲ့ သူ့ဖခင်ဟာ ရှော့ပင်းမောတစ်ခုထဲမှာ ရောက်ရှိနေကြပါတယ်။ တွေ့သမျှ၊ မြင်သမျှ ကို အံ့ဩတကြီးနဲ့ လိုက်ကြည့်နေကြရာက ငွေမင်ရောင် ပြောင်လက် နေပြီး ပွင့်လိုက်၊ ပိတ်လိုက်ဖြစ်နေတဲ့ နံရံချပ်နှစ်ခု ကို တွေ့လိုက်တဲ့ အခါမှာတော့ မှင်တက်မိသွားကြပါတယ်။
"အဲဒါဘာကြီးလဲ .. ဖေဖေ"လို့ ကလေးက ဖခင်ဖြစ်သူကို မေးခွန်း ထုတ်လိုက် ပါတယ်။ ဖခင်ဖြစ်သူမှာ (ဓာတ်လှေကားကို တစ်ကြိမ်မှ မမြင်ဘူးတာ ကြောင့်) " အဖေ့ဘ၀မှာ ဒါကြီးကို တစ်ခါမှကို မမြင်ဘူး ပါဘူး ..သားရယ်။ အဖေလည်း မသိဘူး" လို့ ပြန်ပြောလိုက်ပါတယ်။
အဲဒီအချိန်မှာပဲ ခပ်၀၀၊ ရုပ်ဆိုးဆိုး အမျိုးသမီးကြီးတစ်ဦး နံရံချပ် တွေရှေ့ ရောက်လာပြီး ခလုပ်တစ်ခုကို နှိပ်လိုက်ပါတယ်။ နံရံချပ်ကြီး နှစ်ခုပွင့်သွားပြီး အထဲက အခန်းကျဉ်းထဲကို ၀င်သွားပါ တော့တယ်။
နံရံချပ်တွေပြန်ပိတ်သွားတာကိုလည်း မြင်လိုက်ကြရပြီး သားအဖ နှစ်ဦးသား ဆက်ကြည့်နေရာက ခဏကြာတဲ့အခါမှာ နံရံချပ် တွေပွင့်လာပြန်ပြီး အသက် ၂၀ ကျော်အရွယ် ချောမောလှပတဲ့ ကောင်မလေးတစ်ဦး ထွက်လာတာကို တွေ့လိုက်ကြရပါတယ်။
ဖခင်ဖြစ်သူမှာ ကောင်မလေးဆီက မျက်လုံး မခွာနိုင်ပဲ သားဖြစ်သူကို စိတ်လှုပ်ရှားသံနဲ့ ပြောလိုက်တာက "သားရေ.. မင်းအမေကို အဲဒီ အခန်းထဲထည့်ရအောင် မြန်မြန် သွားခေါ်ခဲ့ကွာ"
ဟာသ

‎ေယာက်ာၤး ဆိုတာ

Posted by wai phyo  |  No comments

4:23 AM Share:
A ပရယ်မှာစတွေ့ကြတဲ့
B စကစ်ကြိုက်တဲ့ကောင်မလေးရယ်
C စဉ်သမျှလွဲခဲ့ရလို့
D ရင်ဘတ်ကြီးကွဲခဲ့ရပြီ
E မေဂျာကောင်မလေးနဲ့ မင်းထင်သလိုမဟုတ်ရပါဘူး
F အမ်ကနေ
G လတ်ရဲ့သီချင်းတောင်းပေးတော့
H လို့်တောင်မပျော်ဘူးဆို
I လပ်ဗ်ယူလို့ပြောတော့
J အိုင်ပီကုန်တိုက်ဘေးက
K တီဗွီမသွားဖို့ကတိတောင်းခဲ့တယ်လေ
L ဆိုင်းဇီ သီချင်းကို
M ပီသရီးနဲ့နားထောင်ရင်း
N ကိုင်ရာအပြုံးနဲ့
O သိပ်ချစ်တာပဲလို့ပြောတော့
P တီတွေဖြာလို့ငါ့မှာ
Q တာဖြစ်မှ လက်ထပ်မယ်ဆိုပြီး
R ရိုက်သွားတဲ့သူရယ်
S ဆစ်နဲ့ နှလုံးသားကိုလောင်းလို့
T ကောင်ကို ဆားနဲ့တို့ကာမှတော်အုန်းမယ်
U ဒို့ကို အလွမ်းတွေပေးခဲ့တယ်
V ဒီယိုကားတွေထဲကလို
W (whisky) တလုံးနဲ့ အသည်းကိုစိမ်ပီး
X မက်ဆိုးတွေထဲမှာ
Y တခွက်လောက်မှ တန်ဖိုးမရှိတဲ့မင်း
Z ကြည့်ရင်းလင်နောက်လိုက်သွားတယ်တဲ့လေ.။
ဟာသ

အသဲကွဲ စာ

10:46 PM Share:
ခန္ဓာကိုယ် ခပ်ဖြောင့်ဖြောင့် စကတ်တိုတို၊ ဒေါက်မြင့်မြင့် စီးလာသည့် ကောင်မလေးတစ်ယာက် ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်လာသည်။ ထိုစဉ်ရုတ်တရက် ဘေးနားမှ ကားတစ်စီးအရှိန်ပြင်းစွာ ဖြတ်သွားသည်။ မိုးရွာပြီးစဖြစ်၍ ကားလမ်းပေါ်တွင်ရေ အနည်းငယ်ရှိသောကြောင့် ထိုရွံ့ရေများကောင်မလေးကို စင်သွားသည်။ ကောင်မလေး...လဲ လန့်သွားကာ စင်လာသောရေများကို ရှောင်လိုက်၍ ဟန်ချက်ပျက်ကာ ပလက်ဖောင်းပေါ် လဲသွားသည်။ပလက်ဖောင်းနှင့် ဒူးခေါင်းရိုက်မိ၍ ဒူးအနည်းငယ်ပြဲကာ သွေးစို့သွားသည်။ သွေးထွက်သံယို ပါသဖြင့် အသက် (၁၈) နှစ်အောက်များ မဖတ်သင့်ပေ။ ရွံ့ရေများ စင်သွားသဖြင့် ကောင်မလေးညစ်ပတ် သွားသောကြောင့် ညစ်ပတ်သွားသော ဇာတ်လမ်းဖြစ်သည်။ထို့ကြောင့် အသက် (၁၈)  နှစ်အောက်များ မဖတ်သင့်သော ညစ်ပတ်သည့် ဇာတ်လမ်းဖြစ်သည်။

ပြီးပါပြီ...

သင်တွေးတာလေးကိုတော့ သဘောကြပါတယ်
ဒါပေမဲ့ ကျွန်တော်ပြောချင်တာ အဲ့လိုမဟုတ်ပါဘူး :D
နောက်ပြီး စားပြီးနားမလည်
ဖတ်ပြီးပြန်ပိတ်တော့ မလုပ်သွားကြနဲ့နော်
မှတ်ချက်လေးတော့ပေးခဲ့
ထွက်ပြေးမယ်တော့မကြံနဲ့ ဓာတ်ပုံရိုက်ထားတယ် ဟီးဟီး
ဟာသ

``အသက် (၁၈) နှစ်အောက် မဖတ်သင့်သော ညစ်ပတ်သည့် ဇာတ်လမ်း´´

Posted by wai phyo  |  2 comments

7:03 AM Share:
ကိုလှ အရက်သောက်လာသောကြောင့်သူ့မိန်းမက ထုံးစံအတိုင်းဆူပူသည်။
မိန်းမ- ကိုလှ ရှင် ဒီအရည်တွေသောက်လာပြန်ပြီလား။ ဒီတစ်ခေါက်သောက်ရတဲ့ အကြောင်းအရင်းကိုပြောပါဦး။
ကိုလှ- အပေါင်းအသင်းမကောင်းလို့ပါကွာ။
မိန်းမ- ဘယ်သူတွေနဲ့သောက်လို့ဒီလောက်တောင်မူးပြီးလူမှန်းသူမှန်းမသိ ဖြစ်နေတာတုန်း။
ကိုလှ- ကိုမြ နဲ့ ကိုဘ လေကွယ်။
မိန်းမ- ရှင် မူးမူး ရူးရူး နဲ့လျှောက်မပြောနဲ့။ အဲဒီနှစ်ယောက်က အရက်မှ မသောက်တတ်တာ။
ကိုလှ- အေးလေ။ သူတို့ မသောက်တော့ ငါချည်းပဲ သောက်နေရလို့ ဒီလောက်မူးတာ ပေါ့ကွ။ အဲဒါ အပေါင်းအသင်း မကောင်းတာပေါ့ကွ။ ဒီလောက်ပိန်းရလား။...
ဟာသ

အပေါင်းအသင်း မကောင်းလို့

7:11 AM Share:
တစ်ခါတုန်းက ပညာရေးဌာနက စစ်ဆေးရေးအရာရှိတယောက်ဟာ နယ်မြို့လေး တစ်မြို့ကစာသင်ကျောင်းတကျောင်းကို စစ်ဆေးရင်း ကျောင်းသားလေး တစ်ယောက်ကို မေးလိုက်ပါတယ်။
"နတ်ရှင်နောင်ကို ဘယ်သူ သတ်သလဲကွ"
ကျောင်းသားလေးဟာ တော်တော်လေး ကြောက်ရွံ့သွားပါတယ်။
အသံတွေတုန်ပြီး "ကျ ကျနော်မသတ်ဘူး" တဲ့။
ပညာရေးအရာရှိဟာ ကလေးရဲ့ ပညာရေးအခြေအနေအပေါ် အတော်လေး မကျေမနပ်ဖြစ်သွားပြီး အတန်းပိုင် ဆရာမကို လှည့်ကြည့်လိုက်တယ်။ အတန်းပိုင် ဆရာမလည်း ကမန်းကတမ်းနဲ့ ကျောင်းသားလေးအတွက် စိတ်ပူပြီး ကျောင်းသားလေးဖက်က ကာကွယ်ပြီး ပြောလိုက်တာက-
"ဒီကျောင်းသားလေးဟာ အတန်းထဲမှာ သိပ်အေးပါတယ်ဆရာ။ ကျောင်းသားတွေ အချင်းချင်းတောင် ရန်ဖြစ်တာ မရှိပါဘူး။ သူသတ်တာတော့ မဟုတ်နိုင်ဘူး ထင်ပါတယ်ရှင်" တဲ့။
စစ်ဆေးရေး အရာရှိလည်း ဘာမှ ဆက်မပြောတော့ပဲ မျက်စိမျက်နှာ ပျက်ပြီးပြန်သွားပါတယ်။
နောက်တော့ဖြစ်ကြောင်း ကုန်စင်ကို ပညာရေးဝန်ကြီးဌာနဆီစာသင်လိုက်သတဲ့။
ဒီလိုနဲ့ မကြာခင် ၀န်ကြီးဌာနက အခုလို စာပြန်လာပါတော့တယ်။
"နတ်ရှင်နောင် သေတာလည်းကြာပါပြီ။ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်မနေပါနဲ့တော့.." တဲ့ဗျာ။*....
ဟာသ

နတ်ရှင်နောင်

7:01 AM Share:
မေး--> ဆရာဝန်တွေ ခွဲစိတ်တဲ့အခါ ဘာလို့ မျက်နှာဖုံးတွေ တပ်တပ်ထား ကြတာလဲ
ဖြေ--> ခွဲစိတ်မှု မအောင်မြင်တဲ့အခါမှာ သူတို့မျက်နှာကို လူနာမမှတ်မိ အောင်လို့ :D
ဟာသ

ဒါကြောင့်ပါ


မေး--> ဆရာဝန်တွေ ခွဲစိတ်တဲ့အခါ ဘာလို့ မျက်နှာဖုံးတွေ တပ်တပ်ထား ကြတာလဲ
ဖြေ--> ခွဲစိတ်မှု မအောင်မြင်တဲ့အခါမှာ သူတို့မျက်နှာကို လူနာမမှတ်မိ အောင်လို့ :D

12:04 PM Share:
တစ်နေ့မှာ သစ်ခုတ်သမားတစ်ယောက်ဟာ မြစ်ကမ်းထက်နားက သစ်ပင် တစ်ပင်ရဲ့ အကိုင်းကို အားရပါးရ ခုတ်နေပါတယ်။ အဲ..... အဲလိုခုတ်နေရင်းနဲ့ သူ့ရဲ့ လက်စွဲတော် ပုဆိန်ဟာ မြစ်ထဲကို ပြုတ်ကျသွားပါလေရာ။ သူလဲ ဘာလုပ်ရမှန်းမသိတော့တာနဲ့ မြစ်ကမ်းနဖူးမှာ ထိုင်ငိုနေမိတယ်။ အဲဒီအချိန်မှာ မြစ်ကို စောင့်တဲ့ နတ်မင်းကြီးပေါ်လာပြီး သစ်ခုတ်သမားကို အခုလို မေးသတဲ့။
"အသင် ဘာ...ကြောင့် ငိုနေရတာလဲ ?"
"ကျွန်တော်မျိုး ရဲ့ပုဆိန် မြစ်ထဲကို ကျသွားလို့ပါ အရှင် ။ ပုဆိန်မရှိပဲ ကျွန်တော်မျိုး ဘယ်လို အလုပ် ဆက်လုပ်ရပါ့မလဲ"လို့သစ်ခုတ်သမားက ပြန်ဖြေတယ် ။
နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး ရွှေပုဆိန်တစ်လက်နဲ့အတူ ပြန်ပေါ်လာပါတယ်။ ပြီးတော့ သစ်ခုတ်သမားကို မေးတယ်။
"ဒါ သင်၏ ပုဆိန်လား ? "
"မဟုတ်ပါဘူး အရှင်" သစ်ခုတ်သမားက ပြန်ဖြေတယ်။
နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး ငွေပုဆိန်တစ်လက်နဲ့အတူ ပြန်ပေါ်လာပြန် ပါတယ်။
"ဒါ သင်၏ ပုဆိန်လား ? "
"ဒါလဲ မဟုတ်ပါဘူး အရှင်" သစ်ခုတ်သမားက ထပ်ဖြေတယ်။
နောက်တစ်ကြိမ် နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး သံပုဆိန် တစ်လက် နဲ့အတူ ပြန်ပေါ်လာပြန် ပါတယ်။
"ဒါ သင်၏ ပုဆိန်လား ? "
"ဟုတ်ပါတယ်" သစ်ခုတ်သမားက ၀မ်းသာအားရ နဲ့ဖြေတယ် ။
နတ်မင်းကြီးဟာ သစ်ခုတ်သမားရဲ့  ရိုးသားမှု ကို နှစ်သက်ကျေနပ်သွားပြီး ပုဆိန် (၃) လက်လုံးကို ပေးလိုက်တဲ့ အခါ သစ်ခုတ်သမားလည်း ၀မ်းသာအားရနဲ့ အိမ်ကို ပြန်သွားပါတော့တယ် ။
သိပ်မကြာတဲ့ ကာလတစ်ခုမှာ သစ်ခုတ်သမားဟာ သူ့ရဲ့ဇနီးနဲ့အတူ မြစ်ကမ်းနဘေးကို လမ်းလျှောက်ထွက် လာခဲ့ပါတယ်။ မမျှော်လင့်ပဲ သူ့ရဲ့မိန်းမဟာ မြစ်ထဲကို ခြေချော်ပြီး ပြုတ်ကျသွားပါရော ။ ဒီတစ်ခါလည်း ဘာလုပ် ရမှန်းမသိ ငိုနေတဲ့ အတွက် မြစ်စောင့်နတ်မင်းကြီးဟာ ပေါ်လာ ပြန်တယ်။
"ဟယ်... မောင်မင်း ဘာဖြစ်လို့ ငိုနေရပြန်တာတုန်း?"
" ကျွန်တော်မျိုးရဲ့ မိန်းမ မြစ်ထဲကို ပြုတ်ကျသွားလို့ပါ။ မိန်းမမရှိပဲ ကျွန်တော်မျိုး ဘယ်လိုလုပ် အဲ...ဘယ်လိုလုပ် ရပါ့မလဲ "
နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး “မိုးဟေကိုနဲ့ အတူ ပြန်ပေါ်လာ ပါတယ်။ ပြီးတော့ သစ်ခုတ်သမားကို မေးတယ်။
ဒါ သင်၏ မိန်းမ လား ? ”
ဟာ...ဟုတ်ပါတယ် အော်ပြီးတော့ကို သစ်ခုတ်သမားက ပြန်ဖြေလိုက်တယ် ။
နတ်မင်းကြီးဟာ ဒေါသအလွန်ထွက်သွားပြီး ပြောတယ်-
မင်း ညာတယ် ။ ဒါဟာ လိမ်လည်မှုပဲ ”
အိုး....ခွင့်လွှတ်ပါ အရှင်။ ဒါဟာ အထင်လွဲမှားမှု တစ်ခုပါ ။ ကျွန်တော်မျိုးရှင်းပြ ပါရစေ။ တစ်ကယ်လို့ ကျွန်တော် မျိုးက “မိုးဟေကို ကိုမဟုတ်ပါဘူးလို့ ငြင်းခဲ့မယ်ဆိုရင် အရှင်က “သင်ဇာဝင့်ကျော် နဲ့ အတူ နောက်တစ်ကြိမ် ပေါ်လာဦးမယ် ။အဲ ကျွန်တော်မျိုးက မဟုတ်ပါဘူး ထပ်ပြောမှအရှင်က ကျွန်တော်မျိုး မိန်းမ ကို ခေါ်ပြီးပေါ်လာမယ်။ အဲဒီ အခါကျ ကျွန်တော်မျိုးက “ဟုတ်ပါတယ် ဆိုရင် အရှင်က သဘောကျပြီး (၃) ယောက်လုံး ကျွန်တော်မျိုးကို ပေးပါတော့မယ်။ နတ်မင်းကြီးရယ်...ကျွန်တော်က ဆင်းရဲတဲ့ သစ်ခုတ်သမားလေးပါ။ ဘယ်လို လုပ်ပြီး မိန်းမ (၃)ယောက်ကို ဂရုတစိုက် လုပ်ကိုင်ရှာဖွေ ကျွေးနိုင်ပါ့မလဲ။ ဒါဆိုရင် ကျွန်တော်ဘာ ကြောင့် လိမ်ညာရတယ် ဆိုတာ အရှင်သဘောပေါက်မယ် ထင်ပါတယ်။
ဟာသ

ယောင်္ကျားတွေဘာလို့ ညာကြ တာလဲ?

11:04 PM Share:
ဖေဖေခင်ဗျား…….
ရှက်ရှက်နဲ့ ဒီစာကို သားရေးတယ်ဆိုတာကိုသာ ဖေဖေသိခဲ့ရင် ဖေဖေ ကျွန်တော့်ကို သနားမှာ သေချာပါတယ်. ဘာကြောင့်လဲဆိုတော့ ဖေဖေထံက သားပိုက်ဆံ တောင်းရမှာဖြစ်ပြီး ကိုယ့်ဟာ ကိုယ်လည်း အလိုက်မသိတဲ့ သားပါလား ဆိုပြီး မှတ်ယူထားလို့ပါဘဲ. ဒီစာကို ရေးမဲ့အစား သား သေတောင်သေလိုက်ချင်ပါတယ်. ဒီစာကို လူကြုံနဲ့ ပို့လိုက်ပါတယ်. ဒီစာကို ရေးပြီးတော့မှ ပြန်ယူဖို့ လူကြုံကို မှီအောင် လိုက်ပါသေးတယ်. ဒါပေမဲ့ မမှီတော့ဘူး. ဘာပဲဖြစ်ဖြစ် ကံကောင်းထောက်မပြီး သားရေးတဲ့စာ ဖေဖေ့ဆီ မရောက်ပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်.
                                                                     ချစ်တဲ့သား

သားရေ
ကိုယ့်ကိုယ်ကို မညှင်းဆဲပါနဲ့ကွယ်. မင်းရှက်စရာမလိုပါဘူး. မင်းဆုတောင်းတာ ဘုရားသခင် ကြားသွားတယ် ထင်တယ်. သားရေးတဲ့စာ ဖေဖေ့ဆီ ရောက်မလာ ပါဘူးကွယ်
                                                                     ချစ်ဖေဖေ
ဟာသ

အဖေနဲ့သား

9:52 AM Share:
ကောင်းလေးတစ်ယောက်အမျိုးသမီးတစ်ဦး ဓါတ်ပုံများအား ဖေ့ဘွတ်ပေါ်တွင် အားရပါးရ ဝင်ကြည့်သည်။ ထို့နောက် like လုပ်သည်။ ထို့နောက် Commet ရေးသွားသည်။ သူရေးသွားသော Commet ကိုဖတ်ပြီး အမျိုးသမီးအူတက်အောင် ရီ လိုက်ရသည်..
"ညီမလေး အကို လေလည်သွားတယ်နော်    တဲ့..
ဟာသ

လာလည်သွားတယ်

10:16 AM Share:
ထိုင်းနိုင်ငံမှ ရေတပ်သဘောင်္တစ်စီးသည် ကင်းလှည့်ရင်း မျက်စိလည် လမ်းမှားနေသည်။ မည်သည့်နေရာသို့ပင် ရောက်ရှိနေသည်ကို မသိသောကြောင့် သဘောင်္ပေါ်မှ ဗိုလ်မှုးကြီးက ထိုင်းနိုင်ငံသို့ပြန်လည် အကူအညီတောင်းခံရန် အတွက် email တစ်စောင်ကို ပို့နေသည်။
http://mail.google.com/ ကို ရိုက်လိုက်သည့်အခါတွင် Access has been denied ၊mail  ပို့နေသည့်အခါတွင် request time out ....  စသည့် အချက် အလက်များကို တွေ့ရသောအခါ ရေတပ်ဗိုလ်မှုးကြီးက တပ်သားများကို ၀မ်းသာအားရ ပြောလိုက်သည် ။
" ရဲဘော်တို့ စိတ်အေးအေးထားပါ ငါတို့ မြန်မာပြည်ထဲရောက်နေပြီ ”

Credit : Tu Jawng
ဟာသ

ဟာသကမ္ဘာ

2:10 AM Share:

တစ်ခါတုန်းက..ရွာတစ်ရွာမှာ  လူပျိုကြီးနဲ့ အပျိုကြီးတို့
ရှိကြတယ်..လူပျိုကြီးက  အပျိုကြီးကို ချစ်ကြိုက်နေတာပေါ့ကွယ်..
ဒါပေမဲ့ လူပျိုကြီးနဲ့    အပျိုကြီးတို့ နှစ်ယောက်စလုံးဟာ  စာမရေးတက်
မဖတ်တက်ကြဘူး...
တစ်နေ့မှာ လူပျိုကြီးက အပျိုကြီးကို
ရည်းစားစာပေးချင်တယ်..ဒါပေမဲ့သူကစာမရေးတက်ဘူး..
သူများရေးခိုင်းရမှာလည်းရှက်တာပေါ့ကွယ်..
ဒါနဲ့  အပျိုကြီးလည်းစာမဖက်တက်ပါဘူးလေ ဆိုပြီး ငါးသတ္တာဘူးမှာ
ရေးထားတဲ့စာကို  ဒီအတိုင်းကူးပေးလိုက်တယ်..
အပျိုကြီးကလည်း   လူပျိုကြီးငါ့ကိုရည်းစားစာ ပေးတာပဲဆိုပြီး
စာကိုယူထားလိုက်တယ်..နောက်နေ့မှာ ချစ်ပါတယ်ဆိုပြီး
အဖြေပေးလိုက်တယ်..
ဒီလိုနဲ့  အပျိုကြီး နဲ့ လူပျိုကြီးတို့ အိမ်ထောင်တွေကျ
သားသမီးတွေရလာတယ်..တစ်နေ့ အပျိုကြီးနဲ့လူပျိုကြီးတို့ ရွာမှာ
 "အ"သုံးလုံးသင်တန်းဖွင့်တယ်...အဲဒီသင်တန်းကို
အပျိုကြီးတို့လင်မယားနှစ်ယောက်စလုံးတက်ကြတယ်..
သင်တန်းပြီးတော့  သူတို့လင်မယားနှစ်ယောက်စလုံး  စာရေးတက်
ဖတ်တက်သွားတယ်...ဒါနဲ့ အပျိုကြီးဟာ သူအပျိုဘ၀တုန်းက
သူ့ယောကျာင်္းပေးထားတဲ့စာကိုထုတ်ဖတ်တာပေါ့ကွယ်...
စာလေးကတစ်ကြောင်းတည်းပါပဲ...

"ခရမ်းချဉ်သီးဖြင့် အထူးစီမံ ပြုလုပ်ထားသည်"    တဲ့
ဟာသ

အပျိုကြီးနှင့်လူပျိုကြီး

1:18 AM Share:
Get updates in your email box
Complete the form below, and we'll send you the best coupons.

Deliver via FeedBurner
Web Designed By Wai Phyo
back to top