တစ်ခါတုန်းက..ရွာတစ်ရွာမှာ လူပျိုကြီးနဲ့ အပျိုကြီးတို့
ရှိကြတယ်..လူပျိုကြီးက အပျိုကြီးကို ချစ်ကြိုက်နေတာပေါ့ကွယ်..
ဒါပေမဲ့
လူပျိုကြီးနဲ့ အပျိုကြီးတို့ နှစ်ယောက်စလုံးဟာ စာမရေးတက်
မဖတ်တက်ကြဘူး...
တစ်နေ့မှာ
လူပျိုကြီးက အပျိုကြီးကို
ရည်းစားစာပေးချင်တယ်..ဒါပေမဲ့သူကစာမရေးတက်ဘူး..
သူများရေးခိုင်းရမှာလည်းရှက်တာပေါ့ကွယ်..
ဒါနဲ့ အပျိုကြီးလည်းစာမဖက်တက်ပါဘူးလေ ဆိုပြီး ငါးသတ္တာဘူးမှာ
ရေးထားတဲ့စာကို ဒီအတိုင်းကူးပေးလိုက်တယ်..
အပျိုကြီးကလည်း လူပျိုကြီးငါ့ကိုရည်းစားစာ ပေးတာပဲဆိုပြီး
စာကိုယူထားလိုက်တယ်..နောက်နေ့မှာ
ချစ်ပါတယ်ဆိုပြီး
အဖြေပေးလိုက်တယ်..
ဒီလိုနဲ့ အပျိုကြီး နဲ့ လူပျိုကြီးတို့ အိမ်ထောင်တွေကျ
သားသမီးတွေရလာတယ်..တစ်နေ့
အပျိုကြီးနဲ့လူပျိုကြီးတို့ ရွာမှာ
"အ"သုံးလုံးသင်တန်းဖွင့်တယ်...အဲဒီသင်တန်းကို
အပျိုကြီးတို့လင်မယားနှစ်ယောက်စလုံးတက်ကြတယ်..
သင်တန်းပြီးတော့ သူတို့လင်မယားနှစ်ယောက်စလုံး စာရေးတက်
ဖတ်တက်သွားတယ်...ဒါနဲ့
အပျိုကြီးဟာ သူအပျိုဘ၀တုန်းက
သူ့ယောကျာင်္းပေးထားတဲ့စာကိုထုတ်ဖတ်တာပေါ့ကွယ်...
စာလေးကတစ်ကြောင်းတည်းပါပဲ...
"ခရမ်းချဉ်သီးဖြင့်
အထူးစီမံ ပြုလုပ်ထားသည်" တဲ့
1:18 AM
Share:
0 comments: