• ပုဂံ အမှတ်တရ
  • မန္တလေး အမှတ်တရ
  • Sea Game အမှတ်တရ
  • ဦးပိန် အမှတ်တရ
  • Sea Game အမှတ်တရ

‎ေယာက်ာၤး ဆိုတာ

Posted by wai phyo  |  No comments

တောရွာတစ်ရွာမှာ နေထိုင်တဲ့ ကလေးငယ်တစ်ဦးနဲ့ သူ့ဖခင်ဟာ ရှော့ပင်းမောတစ်ခုထဲမှာ ရောက်ရှိနေကြပါတယ်။ တွေ့သမျှ၊ မြင်သမျှ ကို အံ့ဩတကြီးနဲ့ လိုက်ကြည့်နေကြရာက ငွေမင်ရောင် ပြောင်လက် နေပြီး ပွင့်လိုက်၊ ပိတ်လိုက်ဖြစ်နေတဲ့ နံရံချပ်နှစ်ခု ကို တွေ့လိုက်တဲ့ အခါမှာတော့ မှင်တက်မိသွားကြပါတယ်။
"အဲဒါဘာကြီးလဲ .. ဖေဖေ"လို့ ကလေးက ဖခင်ဖြစ်သူကို မေးခွန်း ထုတ်လိုက် ပါတယ်။ ဖခင်ဖြစ်သူမှာ (ဓာတ်လှေကားကို တစ်ကြိမ်မှ မမြင်ဘူးတာ ကြောင့်) " အဖေ့ဘ၀မှာ ဒါကြီးကို တစ်ခါမှကို မမြင်ဘူး ပါဘူး ..သားရယ်။ အဖေလည်း မသိဘူး" လို့ ပြန်ပြောလိုက်ပါတယ်။
အဲဒီအချိန်မှာပဲ ခပ်၀၀၊ ရုပ်ဆိုးဆိုး အမျိုးသမီးကြီးတစ်ဦး နံရံချပ် တွေရှေ့ ရောက်လာပြီး ခလုပ်တစ်ခုကို နှိပ်လိုက်ပါတယ်။ နံရံချပ်ကြီး နှစ်ခုပွင့်သွားပြီး အထဲက အခန်းကျဉ်းထဲကို ၀င်သွားပါ တော့တယ်။
နံရံချပ်တွေပြန်ပိတ်သွားတာကိုလည်း မြင်လိုက်ကြရပြီး သားအဖ နှစ်ဦးသား ဆက်ကြည့်နေရာက ခဏကြာတဲ့အခါမှာ နံရံချပ် တွေပွင့်လာပြန်ပြီး အသက် ၂၀ ကျော်အရွယ် ချောမောလှပတဲ့ ကောင်မလေးတစ်ဦး ထွက်လာတာကို တွေ့လိုက်ကြရပါတယ်။
ဖခင်ဖြစ်သူမှာ ကောင်မလေးဆီက မျက်လုံး မခွာနိုင်ပဲ သားဖြစ်သူကို စိတ်လှုပ်ရှားသံနဲ့ ပြောလိုက်တာက "သားရေ.. မင်းအမေကို အဲဒီ အခန်းထဲထည့်ရအောင် မြန်မြန် သွားခေါ်ခဲ့ကွာ"

4:23 AM Share:
About Naveed Iqbal

Nulla sagittis convallis arcu. Sed sed nunc. Curabitur consequat. Quisque metus enim venenatis fermentum mollis. Duis vulputate elit in elit. Follow him on Google+.

0 comments:

Get updates in your email box
Complete the form below, and we'll send you the best coupons.

Deliver via FeedBurner
Web Designed By Wai Phyo
back to top