• ပုဂံ အမှတ်တရ
  • မန္တလေး အမှတ်တရ
  • Sea Game အမှတ်တရ
  • ဦးပိန် အမှတ်တရ
  • Sea Game အမှတ်တရ

သမာဓိ နှင့်  ၀ိပဿနာ

Posted by wai phyo  |  No comments

"သမာဓိ နှင့် ၀ိပဿနာ  = မဇျွိမပဋိပဒါ လမ်း" (ကျေးဇူးတော်ရှင်- မိုးကုတ် ဆရာတော် ဘုရားကြီးဟောကြားတော်မူသော တရားတော် - ၄)

တရားနာကြတာ ဒုက္ခခပ်သိမ်းငြိမ်းချင်လိုနာ တာဟု အစချီ၍.......

လက်ရှိဒုက္ခကိုသိမှသာ နောင်ဒုက္ခငြိမ်းရေးဖြစ်နိုင်ကြောင်း၊ လက်ရှိဒုက္ခကို ကြောက်မှ သာနောင်လာလတ္တံ့ဒုက္ခကိုကြောက်မှာဖြစ်ကြောင်း ရှင်းပြ ဟောကြား တော်မူခဲ့ သည်၊

ဥာဏ်ထက်ချိန် စီးပွားရေး အဆင်ပြေနေလျှင် ဒုက္ခ မရှိဖူး ဟုယူဆတတ်သည်၊ သို့သော် ကိုယ်က ဥာဏ်ကို မရှာ လျှင် ဥာဏ်က တုံး သွားတတ်သည်၊ အိုလာ၊ နာလာမှ သာ သံဝေဂဥာဏ်လေး ဖြစ်တတ်ကြသည်၊ ထိုဥာဏ်သည် ၀ိပဿနာ မဟုတ်ပါဟု ရှင်းလင်းစွား ဟောကြားတော်မူခဲ့ ပါသည်။

မကျန်းမမာဖြစ်တော့မှ မရူနိုင် မရှိုက်နိုင်ဖြစ်တော့မှ သိသောဒုက္ခကို ပါကဋ ဒုက္ခဟု ဟောပြခဲ့၏။(ပါကဋဒုက္ခကို တိရိစ္ဆာန်တောင်သိနိုင်၏ဟု ဥပမာပြခဲ့ တော်မူသည်)။ ထိုကြောင့် ကျန်းမာတုန်း ဒုက္ခကိုမြင်ဖို့ အရေးကြီးကြောင်း ဟောကြားခဲ့ပါသည်။

ထို့နောက် တရားအားထုတ်သော ယောဂီများ သမာဓိရှိဖို့လိုကြောင်း၊ သမာဓိ မရှိပဲ နှင့် ၀ိပဿနာလုပ်နေရင်ဖြင့် ဖြစ်ပျက်မြင်ဖို့၊ ဒုက္ခသစ္စာသိဖို့ ခက်ခဲကြောင်း၊ သို့သော် သမာဓိသက်သက်ဖြင့် သစ္စာမဆိုက်နိုင်ကြောင်း ရှင်းလင်းစွာ ဟောကြား တော် မူခဲ့ ပါတယ်။

အိမ်မှာ တရားအာထုတ်တဲ့ ယောဂီများကို အာနာပါနဖြင့် သမာဓိအရင် ထူထောင်ရန် သင်ကြားပေးတော်မူ၍၊ "သမာဟိတော ယထာဘူတံ ပဇာနာတိ" ဟု မြတ်ဘုရားဟောကြားခဲ့သလို (တည်ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်သည်သာ အပါကဋ္ဋ ဒုက္ခကိုသိ၏ဟု ရှင်းပြ၍)၊ ကျန်းမာတုန်း သမာဓိရှိ တုန်း ကြည့်လိုက်မှသာ သူများမမြင်နိုင်တာကို ထိုးထွင်၍မြင်နိုင်မှာ ဖြစ်ကြောင်း ကျန်းမာတုန်း တရားကျင့်ကြရန် ကြီးမာလှသော မေတ္တာဖြင့်တိုက်တွန်း ဟောကြား တော်မူခဲ့ပါသည်။

ထို့အပြင် သမာဓိ လမ်းတစ်ခုထဲသွား၍ ၀ိပဿနာ ပညာ ကို အားမထုတ်သူ များကို လမ်းမှားထဲ တစ်ဝဲလည်လည် မနေစေရန်---
သမာဓိ က နိဗ္ဗာန် မရောက်၊ ပညာ (၀ိပဿနာ) ကသာ နိဗ္ဗာန်ကို ရောက်ပါ တယ်ဟု -- မေတ္တာဖြင့် အစွန်း မရောက်စေရန် ရှင်းလင်း ဟောကြားတော် မူခဲ့ ပါတယ်။

ငါးပါးအာရုံ ကာမဂုဏ်ခံစားတဲ့ အကျင့်ကနိဗ္ဗာန်ရောက်ကြောင်း အကျင့် မဟုတ်ဖူး (မှန်ပါ့ ဘုရား)

ကိုယ်ကိုဆင်းရဲအောင် ညှဉ်းဆဲကျင့်တဲ့ အကျင့်ဟာလဲ (နိဗ္ဗာန်ရောက်ကြောင်း အကျင့်မဟုတ်ပါဘုရား)

အလယ်အလတ် ဆိုတော မဇျွိမပဋိပဒါ ခန္ဓာကပြောတာ ကိုဥာဏ်နဲ့ကြည့်တဲ့ အလုပ်သာလျှင်-
နိဗ္ဗာန်ရောက်ကြောင်း အကျင့် (မှန်ပါ့ဘုရား)၊ ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။

စာရေးတဲ့ ဆရာကလွဲချင် လွဲသွားလိမ့်မယ်။ (မှန်ပါ့ဘုရား)

ခန္ဓာကပြောတာကတော့။ (မလွဲပါဘုရား)

ဝိပဿနာ လုပ်မဲ့ပုဂ္ဂိုလ်မှာ ၀ိပဿနာဥာဏ်နဲ့  မဂ်ဥာဏ် ပဲရှိတယ်။

ဖြစ်ပျက်ကို မြင်တဲ့ဥာဏ်က ယထာဘူတဥာဏ်၊ ဖြစ်ပျက်မုန်းတဲ့ ဥာဏ်က နိဗ္ဗိန္ဒဥာဏ်၊ ဖြစ်ပျက်မလိုချင်လို ချုပ်သွားတဲ့ ဥာဏ်က မဂ်ဥာဏ်၊ ဟု မေတ္တာဖြင့် ရှင်းလင်းစွာ မဇျွိမပဋိပဒါ ပညာလမ်း ကို ဟောကြား တော်မူခဲ့ပါတယ်။

12:32 AM Share:
About Naveed Iqbal

Nulla sagittis convallis arcu. Sed sed nunc. Curabitur consequat. Quisque metus enim venenatis fermentum mollis. Duis vulputate elit in elit. Follow him on Google+.

0 comments:

Get updates in your email box
Complete the form below, and we'll send you the best coupons.

Deliver via FeedBurner
Web Designed By Wai Phyo
back to top