ဒီနေ့ အဖေ ကျွန်တော်တို့ကိုထားခဲ့တာ ၂
နှစ်ပြည့်တဲ့နေ့လေးနော်…. ငယ်ငယ်တုန်းက အဖေ့ကို အရမ်းမုန်းခဲ့တယ်…
ကိုယ့်သား/သမီးတွေ စကားပြောတိုင်း ကိုယ့်လျှာဟာ ကိုယ့်ကို ပြန်ထိုးထဲ့ ဓါးမဖြစ်အောင်
အဖေက လူကြမ်းကြီးလုပ်ပြီး အမှားထောက်ပြခဲ့တဲ့ စေတနာကို အဲဒီတုန်းက မသိခဲ့ဘူးအဖေ…
အဖေလာရင် မောင်နှမတွေ စကားဝိုင်းလေးပျက်သွားတယ်.. နောက်ပိုင်း အဖေ့ရှေ့မှာ စကားပြောရမှာကို
ကြောက်လာတယ်… ပြောစရာရှိရင်လည်း ထောက်ကွက်မရှိအောင်
သေချာစဉ်းစားပြီးမှ ပြောဖြစ်ခဲ့တယ်.. ရှေ့နေပီပီ ကိုယ့်သား/သမီးတွေကို တရားခွင်က အမှုသည်တွေလို
သဘောထားတယ်လို့ ယူဆမိခဲ့တယ်. အဖေက စာပေပညာတင် မကဘူး ဘ၀ သင်ခန်းစာတွေပါ ပေးခဲ့တယ်…
အခုတော့အဖေ့ရဲ့ စေတနာတွေကို ကောင်းကောင်းနားလည်နေပြီအဖေ... ဘာဖြစ်လို့လဲဆိုတော့ ရက်စက်ကြမ်းတမ်းသူတွေရဲ့
နောက်ကွယ်မှာ ချိုမြိန်တဲ့အပြုံးတွေရှိပါလား ဆိုတာကို ကျွန်တော်ကောင်းကောင်း သဘောပေါက်နေလို့ပါပဲ...
အခု ကျွန်တော့်တစ်ယောက်စာ ၀မ်းရေးအတွက်တောင် ကျွန်တော်ခေါင်း အရမ်းစားရတယ်…
ဟိုးအရင် မိသားစု ၆ ယောက်စာအတွက်ဆို အဖေ ဘယ်လောက်တောင် ခေါင်းစားရမလဲ????? ကျန်းမာရေး
ချူချာလို့ လေဖြတ်သွားတာတောင် စိတ်မပူပါနဲ့တဲ့
အဖေ စာရေးနိုင်ပါသေးတယ်တဲ့... အဖေဆုံးခါနီးမှာ အနီးကပ်ပြုစုပေးခဲ့ရတဲ့ အတွက်
သေခြင်းတရားရဲ့ ဆင်းရဲပုံကိုလည်း သိခွင့်ရခဲ့တယ် အဖေ.... ကျွန်တော်တို့လည်း မဝေးတော့တဲ့
တစ်နေ့ အဖေ့နောက်ကို မလွဲမသေ လိုက်ကြရမှာပါဘဲ... ဒီဘ၀မှာ အဖေနေရာကနေ တာဝန်ကျေပွန်စွာ
ရပ်တည်ပေးခဲ့တဲ့ အဖေ့ကို အရမ်းကျေးဇူးတင်ပါတယ်အဖေ.. အဖေသံသရာက မကျွတ်လွတ်ခင် ကိုယ်နဲ့စိတ်ကို အစိုးရပြီး
အပယ်လေးဘုံမှ ကင်းဝေးပါစေ........
12:03 PM
Share:
0 comments: