• ပုဂံ အမှတ်တရ
  • မန္တလေး အမှတ်တရ
  • Sea Game အမှတ်တရ
  • ဦးပိန် အမှတ်တရ
  • Sea Game အမှတ်တရ

မြန်မာနိုင်ငံရှိ ပထမစခဲ့သော ပုဂ္ဂိုလ်များ

Posted by wai phyo  |  1 comment

၁။  ပထမဆုံး သမ္မတ = စဝ်ရွှေသိုက်

၂။  ပထမဆုံး ၀န်ကြီးချုပ် = ဦးနု
၃။  ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး
၎။  ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာမင်းသား
    နှင့်မစ္စတာလိန်း (ဒေါက်တာ ဆင်မျူယ် ဂျွန်ဆင်၏ အင်္ဂလိပ်အဘိဓာန်ကို ပြန်ဆို)
၅။  ပထမဆုံး သိပ္ပံစာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင်
၆။  ပထမဆုံး အမျိုးသားကောလိပ်မှ ဝိဇ္ဇာဘွဲ့ရသူ=အာဇာနည်ခေါင်းဆောင်ကြီး- ဆရာကြီး ဦးရာဇတ်
၇။  ပထမဆုံး အင်ဂျင်နီယာ =ဖန်ချက်ဝန် ဦးရွှေအိုး
၈။  ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော်ဦးဥတ္တမ
၉။  ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း
၁၀။ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု
၁၁။ ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူ နှင့် ဒါရိုက်တာ = လန်ဒန်အတ်   ဦးအုန်းမောင်
၁၂။ ပထမဆုံး မြန်မာ့ရုပ်ရှင် စတန့်မင်းသား = ကျော်စိုး
၁၃။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသား = ဦးကျော်ဝင်း
၁၄။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသမီး =ကြည်ကြည်ဌေး
၁၅။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ကလေးသရုပ်ဆောင် = အောင်ထွန်းလေး
၁၆။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ဆု အမျိုးသား = ဦးကျောက်လုံး
၁၇။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ဆု အမျိုးသမီး =ဒေါ်မေနွဲ့
၁၈။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဒါရိုက်တာ = ဦးသုခ
၁၉။ ပထမဆုံး နိုင်ငံခြားသွား ဆိုင်းဆရာ = စိန်ဗေဒါ
၂၀။ ပထမဆုံး ကာလပေါ်ဝတ္ထုရေး စာရေးဆရာ = ဂျိမ်းစ်လှကျော် (မောင်ရင်မောင်မမယ်မ ၀တ္တု)
၂၁။ ပထမဆုံး သတင်းစာ ဆရာမ = အင်ဒီပင်းဒင့် ဒေါ်စန်း
၂၂။ ပထမဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး ပါမောက္ခ = ဦးဖေမောင်တင်
၂၃။ ပထမဆုံး ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ ကထိက = ဒေါက်တာဘမော်
၂၄။ ပထမဆုံး စတီရီယို အဆိုတော် = တက္ကသိုလ်ထွန်းနောင်
၂၅။ ပထမဆုံး လေသူရဲ = မီးပုံးပျံ ဦးကျော်ရင်
၂၆။ ပထမဆုံး စက်ရုပ်တီထွင်သူ = ဦးကြည်
၂၇။ ပထမဆုံး နယ်လှည့် ဇာတ်သဘင် = ဂရိတ်ဦးဘိုးစိန်
၂၈။ ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရားဝန်ကြီးချုပ် = ဒေါက်တာဆာမြဘူး(၁၈၈၅-၁၉၆၆)
၂၉။ ပထမဆုံး မြန်မာပါရဂူ = ဒေါက်တာဘဟန်(၁၈၉၀-၁၉၆၉)
၃၀။ ပထမဆုံး ညွှန်ကြားရေးမှူးချုပ် နှင့် အဏုမြူ စွမ်းအင် ဦးစီးဌာနတည်ထောင်သူ = ဒေါက်တာတင်လှိုင်
၃၁။ ပထမဆုံး မြန်မာ ကာတွန်းဆရာ = ဦးဘကလေး(ရွှေတလေး)
၃၂။ ပထမဆုံး မြန်မာနိုင်ငံ သမိုင်းကော်မရှင်ဥက္ကဋ္ဌ = ပညာမင်ကြီး စည်သူဦးကောင်း
၃၃။ ပထမဆုံး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်=ဒေါက်တာတင်မောင်
၃၄။ ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗ-က-သ)၏  ဥက္ကဋ္ဌ=ဦးရာရှစ်
၃၅။ ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသူ=စာရေးဆရာချစ်ညို (၁၉၂၄ - ၁၉၈၇)
၃၆။ ပထမဆုံး လူမှုထူးချွန် ပထမဆင့်ကို ရရှိသူ အမျိုးသမီး=ဟာဂျီမပျဉ်းမနားဒေါ်ပု (၁၉၀၆-၁၉၈၂)
၃၇။ ပထမဆုံး ဖလောရင့် နိုက်တင်ဂေးဆု ရရှိသူ =ဗိုလ်မှူးဒေါ်ခင်အုန်းမြ(ခေါ်)စာရေးဆရာမကြီး မြမာလာ
၃၈။ ပထမဆုံး မြန်မာ ကိုယ်ခန္ဓာအလှူရှင် = ဦးဝင်းမြင့်(မန္တလေး)

10:31 PM Share:
About Naveed Iqbal

Nulla sagittis convallis arcu. Sed sed nunc. Curabitur consequat. Quisque metus enim venenatis fermentum mollis. Duis vulputate elit in elit. Follow him on Google+.

1 comment:

  1. အရမ်းလေးစားပါတယ်ဗျာ။ ဒီလို အချက်အလက်တွေဆိုတာ ရဖို့အရမ်းခက်ပါတယ်။ အဲဒါကိုမှ ရှာရှာဖွေဖွေတင်ပြပေးထားတဲ့ ကိုဝေဖြိုးကိုအများကြီးကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘလော့မှာ တင်ထားဖို့အတွက်လည်း ကူးယူသွားပါတယ်။ ခွင့်ပြုပါခင်ဗျာ။ ကျေးဇူးအများကြီးတင်ပါတယ်။ လိုအင်ဆန္ဒမှန်သမျှ ပြည်ဝပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ ဖေ့စ်ဘွတ်မှာ ပြန်ဆုံကြပါစို့ဗျာ။

    ReplyDelete

Get updates in your email box
Complete the form below, and we'll send you the best coupons.

Deliver via FeedBurner
Web Designed By Wai Phyo
back to top