• ပုဂံ အမှတ်တရ
  • မန္တလေး အမှတ်တရ
  • Sea Game အမှတ်တရ
  • ဦးပိန် အမှတ်တရ
  • Sea Game အမှတ်တရ

ကောင်လေးနဲ့ကောင်မလေး

Posted by wai phyo  |  No comments

အရမ်းချစ်ကျတဲ့ ချစ်သူနှစ်ယောက်ရှိတယ်. ဘယ်လောက်ထိချစ်လဲ  ဆိုတော့

သူတို့အတွဲကို  ကံကြမ္မာ ကတောင် မနာလိုဖြစ်ပြီး ကောင်လေး
မှာနှလုံးရောဂါရှိခဲ့တယ် ...  အဲ့ဒီနှလုံးရောဂါက  နှလုံးအစားထိုးပြီး ကုသမှ
ပျောက်ကင်းနိုင်လိမ့်မယ် လို့ ဆရာဝန်တွေက  မှတ်ချက်ချကြတယ်  ....
ဒီလိုနဲ့သူတို့အတွဲ အရမ်းဝမ်းနည်းကြေကွဲရတာပေါ့  ...  ဒီလိုနဲ့နေလာရင်းနဲ့
နှလုံးအလှူရှင် ပေါ်လာတယ်...ကောင်မလေးကအတိုင်းမသိ  ၀မ်းသာခဲ့တယ်...
ဒါ့ပေမယ့် ကောင်လေးက နှလုံးလှူမှာကို လက်မခံခဲ့ဘူး
ဒါကို ကောင်မလေးက လုံးဝနားမလည်နိုင်ဖြစ်ခဲ့ရတာပေါ့
အလွမ်းအဆွေးများစွာနဲ့ ကောင်မလေးကို လူ့လောကအလယ်မှာ
တစ်ယောက်ထဲ ထားခဲ့ပြီးလူ့လောကထဲကနေ
အပြီးထွက်ခွာသွားတော့တယ်... ကောင်မလေးက သေမတတ်ခံစားရင်း
အိပ်ရာပေါ်မှာလဲနေတော့တာပေါ့....ဒီအချိန်မှာ  ကောင်လေးရဲ့
အမေက  စာလေးတစ်စောင်ကိုင်ပြီး   ကောင်မလေးအနားကို
ရောက်လာခဲ့တယ်...ကောင်လေးအမေကပြောတယ် ဒီစာလေးဟာ
သူသားမသေခင်ကရေးသွားတဲ့စာလို့.....ဒီလိုနဲ့ကောင်မလေးက
အိပ်ယာပေါ်ကနေ လူးလှဲထပြီး စာရွက်ကိုလှမ်းယူဖတ်လိုက်တယ်.....
စာက တစ်ကြောင်းတည်းပါပဲ.....
"ကိုယ်ချစ်တဲ့ မင်းလေးကိုတခြားတစ်ဦးရဲ့
 နှလုံးသားနဲ့ချစ်ဖို့   လုံးဝ ခွင့်မပြုနိုင်လို့ပါ"… တဲ့


9:59 AM Share:
About Naveed Iqbal

Nulla sagittis convallis arcu. Sed sed nunc. Curabitur consequat. Quisque metus enim venenatis fermentum mollis. Duis vulputate elit in elit. Follow him on Google+.

0 comments:

Get updates in your email box
Complete the form below, and we'll send you the best coupons.

Deliver via FeedBurner
Web Designed By Wai Phyo
back to top