• ပုဂံ အမှတ်တရ
  • မန္တလေး အမှတ်တရ
  • Sea Game အမှတ်တရ
  • ဦးပိန် အမှတ်တရ
  • Sea Game အမှတ်တရ

ကောင်လေးနဲ့ကောင်မလေး

Posted by wai phyo  |  No comments

ကောင်လေး။  ။ ကောင်မလေး ငါ နင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ ငါပို့ထားတဲ့ message တွေ တွေ့လား ??
ကောင်မလေး။  ။ ဟင့်အင်း ... ငါမှ မျက်လုံးမမြင်ရတာ ဘယ်လိုဖတ်လို့ရမလဲ .. ဒါပေမယ့် ငါ မျက်လုံးပြန်မြင်နိုင်တဲ့တနေ့ကျရင်တော့ နင့် message တွေ ဖတ်ပြီး နင့် propose ကို ငါလက်ခံနိုင်လိမ့်မယ်ထင်တယ် ( တကယ်တော့ ကောင်မလေး မဖြစ်နိုင်မှန်းသိလို့ တမင်ပြောလိုက်တာပါ )
တနေ့မှာ ကောင်မလေးကံကောင်းစွာနဲ့ သူမအတွက် မျက်ကြည်လွှာ အလှူရှင် ပေါ်ပေါက် လာခဲ့ပြီး မျက်စိပြန်မြင်ခွင့်ရခဲ့တယ် ..
ဟိုးအရင်က ကောင်လေးပို့ခဲ့တဲ့ message တွေကို ဖတ်နေမိတုန်း သူမဘေးနားကို တုတ်ကောက်အကူအညီနဲ့ မျက်မမြင် ကောင်လေး တယောက်ရောက်လာခဲ့တယ် ..
ကောင်လေး။  ။ ကောင်မလေး နင် အခုချိန်ဆို ငါ့အချစ်ကို လက်ခံနိုင်လောက်ပြီ ပေါ့နော် ...
ကောင်မလေးက ဒါသူ့ဆီ message တွေပို့ခဲ့တဲ့ကောင်လေးဆိုတာ သိလိုက်တယ် .. ဒါပေမယ့် ဟန်ဆောင်ပြီး ခပ်မာမာပြန်ပြောခဲ့တယ် ...
ကောင်မလေး။  ။ ရှင့်ကို ကျွန်မ မသိဘူး .. ကျေးဇူးပြုပြီး ကျွန်မအနားက ထွက်သွား ပေးပါ ..
ကောင်လေး သိပ်ကို နာကျင်သွားပါတယ်.. သူ့ချစ်သူစိတ်ချမ်းသာအောင် သူထွက်သွား ပေးဖို့ ကြိုးစားခဲ့တယ် ဒါပေမယ့် ကောင်မလေးကို နောက်ဆုံးအနေနဲ့ စကား တစ်ခွန်းပြောခဲ့တယ် .. ..
ကောင်လေး။  ။ ကောင်မလေး နင့်အတွက် ငါ့ message တစ်စောင်က အဖိုးမတန်ခဲ့ဘူးဆိုပေမယ့် ငါ့အချစ်တွေနဲ့အတူ နင့်ကိုပေးခဲ့တဲ့ ငါ့ မျက်ကြည်လွှာ လေးကိုတော့ ဂရုစိုက်ပေးပါကွာ..........

10:18 AM Share:
About Naveed Iqbal

Nulla sagittis convallis arcu. Sed sed nunc. Curabitur consequat. Quisque metus enim venenatis fermentum mollis. Duis vulputate elit in elit. Follow him on Google+.

0 comments:

Get updates in your email box
Complete the form below, and we'll send you the best coupons.

Deliver via FeedBurner
Web Designed By Wai Phyo
back to top