• ပုဂံ အမှတ်တရ
  • မန္တလေး အမှတ်တရ
  • Sea Game အမှတ်တရ
  • ဦးပိန် အမှတ်တရ
  • Sea Game အမှတ်တရ

အင်တာဗျူး

Posted by wai phyo  |  No comments

အင်တာဗျူးမသွားမီ

v အင်တာဗျူးမည့်နေ့ မတိုင်မီညတွင် အိပ်ရေး၀၀ အိပ်ပါ။ စောစောထပါ။ ရေမိုးချိုး ကိုယ်လက်သန့်စင်ပါ။
v ၀တ်ပြီးသားအ၀တ်များကို ပြန်မ၀တ်ပါနှင့်။ မီးပူတိုက်ထားသော စတိုင်ကျမည့် အ၀တ်များကို ရွေးဝတ်ပါ။
v ခေါင်းကို ကျကျနနဖြီးသင်ပါ။ အင်္ကျီပေါ်တွင် ဆံပင်မျှင်များ ကပ်မနေပါစေနှင့်။
v မိတ်ကပ်များ၊ အနံ့ပြင်းသော ရေမွှေးများ မသုံးပါနှင့်။
v မည်သည့်အခါမှ ညှပ်ဖိနပ်၊ ကွင်းထိုးဖိနပ်များနှင့် မသွားပါနှင့်။
v အင်တာဗျူးမည့်နေရာသို့ အနည်းဆုံး နာရီဝက်စောပြီး ရောက်အောင် သွားပါ။
v အင်တာဗျူးမည့်နေရာမသွားခင် အနီးဆုံး သန့် စင်ခန်းဝင်ပြီး ဆံပင် နှင့် အ၀တ်အစား များကို ပြန်ပြင်ပါ။
v မျက်နှာတွင် အဆီပြန်နေခြင်း၊ အ၀တ်များတွင် ချွေးများနှင့် ရွှဲနစ်နေခြင်း၊ မောဟိုက် ပင်ပန်းသည့်ပုံပေါက်နေခြင်း၊ ပျာယာခတ် နေခြင်းများ မဖြစ်ပါစေနှင့်။
v စိုးရိမ်ပူပန်နေသော၊ လှုပ်ရှားနေသောစိတ်နှင့် အင်တာဗျူးခန်းထဲ မ၀င်ပါနှင့်။ သိပ်စိတ်လှုပ်ရှားနေလျှင် အပြင်တွင် ခေတ္တစောင့် ဆိုင်းပြီး စိတ်ကို ငြိမ်အောင် အရင်လုပ်ပါ။
v မိမိကိုယ် မိမိယုံကြည်မှု အပြည့်ထားပါ။ ငါ လုပ်နိုင်တယ် ဟု အမြဲ တွေးထားပါ။ မည်သည့်အခါမှ ဖြစ်မှ ဖြစ်ပါ့မလား ဟု စိတ်တထင့်ထင့် ဖြစ်မနေပါစေနှင့်။

အင်တာဗျူးစဉ်

v အခန်းတွင်းသို့ အလောသုံးဆယ် မ၀င်ပါနှင့်။ ဟိုဟာနှင့် ၀င်တိုက်။ သည်ဟာနှင့် ၀င်တိုက် လုံးဝ မဖြစ်ပါစေနှင့်။
v အခန်းတွင်းသို့ ရဲရဲတင်းတင်းဝင်ပါ။ ကြောက်ဆုတ် ကြောက်ဆုတ် မလုပ်ပါနှင့်။ သို့သော် over action လည်း မဖြစ်ပါစေနှင့်။
v ရင်းနှီးဖော်ရွေသော မျက်နှာပေး ထားပါ။
v မိမိကို အင်တာဗျူးမိသည်နှင့် စတွေ့တွေ့ချင်း Hello, Good Morning စသဖြင့် ပဋိသန္တာရ စကားဖြင့် မိမိ မည်သူ မည်ဝါ ဖြစ်ကြောင်း ကိုယ်ကို ရှေ့သို့ ကိုင်းညွတ်ကာ စတင် မိတ်ဆက်ပါ။
v စကားပြောရာတွင် အလောသုံးဆယ် မပြောပါနှင့်။ မတိုးလွန်း မကျယ်လွန်း၊ ပြတ်ပြတ်သားသား ဆိုလိုရင်း ကို တိတိ ကျကျ ဖြစ်အောင် ပြောပါ။
v သူ့မေးခွန်း သို့မဟုတ် စကားမဆုံးခင် ဖြတ်မပြောပါနှင့်။ စကားဆုံးအောင် စောင့်ပြီးမှ ပြောပါ။ နားမလည်လျှင် ပြန်မေးပါ။
v အတတ်နိုင်ဆုံး Negative (အပျက်) စကားလုံးများ ( မလုပ်တတ်ဘူး၊ မလုပ်နိုင်ဘူး၊ မသိဘူး၊ မပြောတတ်ဘူး၊ မကြိုက်ဘူး၊ မကျေနပ်ဘူး စသည်) မသုံးပါနှင့်။
v သူတပါးမကောင်းကြောင်း အထူးသဖြင့် ယခင်အလုပ်ရှင် မကောင်းကြောင်း လုံးဝ မပြောပါနှင့်။
v ရိုးသားပါ။ လိမ်ညာမပြောပါနှင့်။
v မိမိ မသိပါက၊ မလုပ်တတ်သော အလုပ်ဖြစ်ပါက မသိဘူး၊ မလုပ်တတ်ဘူး ဟု မပြောပါနှင့်။ ဒါတော့ မလုပ်တတ် သေးဘူး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို သင်ပေးပါ။ တတ်အောင်လုပ်ပါ့မယ်၊ လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် စသဖြင့် ပြောပါ။

အင်တာဗျူးပြီးလျှင်

v ယခုလို အင်တာဗျူးခေါ်သည့် အတွက် ကျေးဇူးတင်ကြောင်း ပြောပါ။
v အင်တာဗျူးပြီး၍ ပြန်ထွက်လာလျှင်လည်း သပ်သပ်ယပ်ယပ် ပြန်ထွက်လာပါ။
v အားလုံးကို ဖော်ဖော်ရွေရွေ နှုတ်ဆက်ပါ။

Posted by အေးငြိမ်း

7:55 AM Share:
About Naveed Iqbal

Nulla sagittis convallis arcu. Sed sed nunc. Curabitur consequat. Quisque metus enim venenatis fermentum mollis. Duis vulputate elit in elit. Follow him on Google+.

0 comments:

Get updates in your email box
Complete the form below, and we'll send you the best coupons.

Deliver via FeedBurner
Web Designed By Wai Phyo
back to top