သည်းခံနိုင်လို
့တော့မဟုတ်ဘူးပေါ့ချစ်သူရယ်....
ပျော်ပါစေတော့ရယ်ဆိုတဲ့
နားလည်ပေးမှု့သာမရှိရင်
တစ်ယောက်တည်း
ရပ်တည်ခဲ့ရတဲ့ အခြေအနေကို ငါ တကယ်ခံနိင်ရည် ရှိမှာမဟုတ်လောက်ပါဘူး.......
တစ်ခါတလေ
နင်မသိလိုက်တဲ
့
ငါ
ရဲ့ ရင့်ကျက်ခြင်းဆိုတာ
အသံမထွက်အောင်
ငိုတက်ခဲ့တာလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်....
ဥပေက္ခာပြုခံရခြင်းဆိုတဲ့
ခေါင်းစဉ်အောက်မှာ
ရှင်သန်ခွင့်ရတဲ့
ငါ ကိုယ်က
နွေးထွေးခြင်းဆိုတာကိုပဲ
စာလုံးမပေါင်းတက်ခဲ့လို့ ပဲလား
ကြင်နာခြင်းဆိုတာက
ပဲ ငါ့အတွက်မဟုတ်လို့ လားဟာ....
တကယ်လို
့ပေါ့ ဘ၀မှာ တစ်ကြိမ်တခါလေးများ
ကံကောင်းခွင်
့ရှိခဲ့ရင်
နင်နဲ
့ပတ်သတ်တဲ့ အရာတွေကို နက်နက်နဲနဲခံစားမိသူမဖြစ်ပါစေနဲ့ ဆိုတဲ့
ဆုတစ်ခုကိုပဲ
ငါ တောင်းမိမယ်ထင်ပါရဲ့…...
(ပုံရိပ်စစ်)
7:52 PM
Share:
0 comments: