• ပုဂံ အမှတ်တရ
  • မန္တလေး အမှတ်တရ
  • Sea Game အမှတ်တရ
  • ဦးပိန် အမှတ်တရ
  • Sea Game အမှတ်တရ

မျက်ကြည်လွှာလှူဖို့ ဆုံးဖြတ်ထားသူများ

Posted by wai phyo  |  No comments



မျက်ကြည်လွှာ ဆိုတာ လူတိုင်း လှူဒါန်းလို့ရတာ ဖြစ်ပါတယ်။ မျက်ကြည်လွှာများ စုဆောင်းရေး အတွက် အမျိုးသား မျက်စိဘဏ် (ရန်ကုန်)ကို (၁၉၉၃)ခုနှစ်မှာ စတင် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရန်ကုန်နဲ့ မန္တလေးမြို့ (၂)မြို့မှာသာ မျက်စိဘဏ် ရှိသေးတာ ဖြစ်ပါတယ်။ မျက်စိဘဏ် အနေနဲ့ ဆင်းရဲနွမ်းပါးပြီး ဆေးမကုသနိုင်သော မျက်ကြည်တိမ် ဝေဒနာရှင်များကို ကူညီ ကုသပေးတာ ဖြစ်ပါတယ်။ မျက်စိဘဏ် အနေနဲ့ မျက်ကြည်လွှာ စုဆောင်းခြင်း၊ စစ်ဆေးခြင်း၊ လိုအပ်သော ဆေးရုံများသို့ ဖြန့်ဝေပေးခြင်း တို့ကို ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။ မျက်ကြည်လွှာ အစားထိုး ကုသတယ် ဆိုရာမှာ မျက်စိ တစ်လုံးလုံးကို အစားထိုးကုသခြင်း မဟုတ်ဘဲ မျက်စိရဲ့ မျက်ကြည်လွှာကိုသာ အစားထိုးကုသခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မျက်ကြည်လွှာ ခွဲစိတ်ကုသမှုရဲ့ (၉ဝ)ရာခိုင်နှုန်းက အောင်မြင်မှုရခဲ့တာ ဖြစ်ပါတယ်။ မျက်ကြည်လွှာ အစားထိုးကုသမှုဟာ ဘယ်အသက်အရွယ် မဆို အစားထိုးကုသလို့ ရတာဖြစ်ပါတယ်။ မျက်ကြည်လွှာ အစားထိုးကုသခြင်း ဆိုတာဟာ မျက်ကြည်လွှာ မကောင်းတဲ့ လူတစ်ဦးကို ကွယ်လွန်သွားသူ တစ်ဦး လှူဒါန်းခဲ့တဲ့ မျက်ကြည်လွှာနဲ့ပဲ အစားထိုး ကုသရတာ ဖြစ်ပါတယ်။ လူရဲ့ မျက်ကြည်လွှာကို တခြားအစားထိုး ကုသလို့ရတဲ့ ပစ္စည်းအခုချိန်ထိ တီထွင်နိုင်သေးတာ မဟုတ်ပါဘူး။ မျက်ကြည်လွှာကို မျက်ကြည်လွှာ အလှူရှင် ကွယ်လွန်ပြီးတဲ့နောက်မှ ထုတ်ယူခြင်း ဖြစ်ပါတယ်။ မျက်ကြည်လွှာ အလှူရှင် ကွယ်လွန်ပြီးတဲ့ (၄)နာရီအတွင်းမှာ အလှူရှင်နဲ့ ကျန်ရစ်သူမိသားစုက မျက်ကြည်လွှာ ဘဏ်ကို အကြောင်းကြားပေးရမှာ ဖြစ်ပါတယ်။ မျက်ကြည်လွှာကို ယူတဲ့နေရာမှာ မျက်စိတစ်လုံးလုံးကို ထုတ်ယူခြင်း မဟုတ်ဘဲ မျက်စိရဲ့အပေါ်ယံ အကြည်လွှာကိုသာ ထုတ်ယူခြင်း ဖြစ်ပါတယ်။ မျက်ကြည်လွှာကို လှူဒါန်းခြင်းကြောင့် ကွယ်လွန်သူ အလှူရှင်ရဲ့ မျက်နှာပုံပန်းသဏ္ဌန် ပျက်စီးခြင်း၊ မျက်တွင်းဟောက်ပက် ဖြစ်သွားခြင်း မဖြစ်ပေါ်ပါဘူး။ မျက်ကြည်လွှာကို ဘာသာလူမျိုး၊ အယုတ်အလတ် အမြတ်မရွေး လှူဒါန်းနိုင်တာ ဖြစ်ပါတယ်။ ကိုယ်ရဲ့ မျက်ကြည်လွှာ တစ်စုံ ပေးလှူဒါန်းခဲ့ခြင်းဟာ မျက်ကြည်လွှာ မကောင်းသူနှစ်ဦးရဲ့ အလင်းဓာတ်ကို လက်ဆောင်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ကိုယ်လှူဒါန်းခဲ့တဲ့ အတွက် တခြား မျက်စိမမြင်တဲ့ သူနှစ်ဦးရဲ့ ဘဝကို အမြင်အာရုံ ပြန်လည်ရစေတဲ့အတွက် လူ့လောကထဲမှာ စိတ်ချမ်းသာစွာနဲ့ နေထိုင်သွားစေနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် မျက်စိလှူဒါန်းခြင်းဟာ အလွန်ကိုမွန်မြတ်တဲ့ အလှူဒါနတစ်မျိုး ဖြစ်ပါတယ်။ ကွယ်လွန်သူက မျက်ကြည်လွှာ လှူဒါန်းဖို့ ဆန္ဒမပြုခဲ့ရင်လည်း ကျန်ရစ်တဲ့မိသားစုက လှူဒါန်းဖို့ သဒ္ဓါပေါက်ရင်လည်း လှူဒါန်းလို့ရပါတယ်။ ကိုယ့်ရဲ့ အသိမိတ်ဆွေ ဆွေမျိုးသားချင်းထဲက သေဆုံးသွားသူများ ရှိခဲ့ရင် ကျန်ရစ်တဲ့ မိသားစုကို မျက်စိလှူဒါန်းဖို့ တိုက်တွန်းပေးခြင်းကြောင့်လည်း ကုသိုလ် ရယူနိုင်တာ ဖြစ်ပါတယ်။ မျက်စိ လှူဒါန်းခြင်းဟာ ကွယ်လွန်သူအတွက် အထမြောက်တဲ့ အလှူဒါနတစ်ခုလည်း ဖြစ်ပါတယ်။ မျက်ကြည်လွှာကို လှူဒါန်းပြီးသူများ အတွက် ကျန်ရစ်သူများက ကွယ်လွန်သူကို မျက်စိကို ပိတ်ထားပေးကြရမှာ ဖြစ်ပါတယ်။ ကွယ်လွန်သူရဲ့ ဦးခေါင်းကို ခေါင်းအုံးတစ်လုံး ခံပြီး မြှင့်ထားပေးရပါမယ်။ ပန်ကာမဖွင့်ဘဲ ဖြစ်နိုင်ပါက ပလတ်စတစ် အိတ်ထဲကို ရေခဲတုံး ထည့်ကာ မျက်ခွံပေါ် အုပ်ထားပေးပြီး မျက်စိဘဏ်ကို အကြောင်းကြားပေးရမှာ ဖြစ်ပါတယ်။ မျက်ကြည်လွှာက အသက်ရှင်ကျန်ရစ်သူများ အတွက် အမြင်အာရုံကို ပြန်လည်ရရှိစေနိုင်တဲ့ အတွက် မျက်ကြည်လွှာ လှူဖို့ ဆုံးဖြတ်ထားသူများ အနေနဲ့ ရန်ကုန်မျက်စိဘဏ်၊ ဖုန်း-ဝ၁- ၅၄၉၁၇၄၊ ၅၄၉၁၇၁ ကိုဆက်သွယ်စုံစမ်း မေးမြန်း လှူဒါန်းနိုင်ကြကြောင်း သိရှိရပါတယ်။

Kဇေယျာ

12:56 AM Share:
About Naveed Iqbal

Nulla sagittis convallis arcu. Sed sed nunc. Curabitur consequat. Quisque metus enim venenatis fermentum mollis. Duis vulputate elit in elit. Follow him on Google+.

0 comments:

Get updates in your email box
Complete the form below, and we'll send you the best coupons.

Deliver via FeedBurner
Web Designed By Wai Phyo
back to top