ငါ သတိရနေချိန်
မာနတွေနဲ့ နေစိမ့်နိုင်ခဲ့တဲ့ မင်းကို
ငါ
…. အကြိမ်ကြိမ် နားလည်ပေးခဲ့ဖူးတယ်…
ငါ့ လေးနက်မှုတွေကို
လျစ်လျူရှုတတ်တဲ့ မင်းကို
ငါ
…. အကြိမ်ကြိမ် နားလည်ပေးခဲ့ဖူးတယ်…
ငါ့
နာကျင်မှုတွေကို ဂရုမစိုက်တတ်ခဲ့တဲ့ မင်းကို
ငါ
…. အကြိမ်ကြိမ် နားလည်ပေးခဲ့ဖူးတယ်…
ငါ့
အပေါ်သံသယနဲ့ အမြဲကြည့်တဲ့ မင်းကို
ငါ
…. အကြိမ်ကြိမ် နားလည်ပေးခဲ့ဖူးတယ်…
ငါ့
ရူးသွပ်မှုတွေကို မြင်အောင် မကြည့်ခဲ့တဲ့ မင်းကို
ငါ
…. အကြိမ်ကြိမ် နားလည်ပေးခဲ့ဖူးတယ်…
ငါ့ နားလည်နိုင်စွမ်းတွေ
ဆိတ်သုဉ်းသွားတဲ့ တနေ့
မင်းရင်ထဲကနေ
ထာဝရ ငါ ထွက်ခွါသွားတဲ့အခါ
မင်းလဲ
ငါ့အပေါ် တစ်ကြိမ်တစ်ခါတော့
ပြန်နားလည်ပေးပါ….
Mawra
Shan
11:27 PM
Share:
0 comments: