အချစ်တစ်မျိုးရှိတယ်
အရမ်းချစ်နေလျက်နဲ့
လှပပြည့်စုံအောင် ထုတ်ဖော်မပြတတ်ဘူး..
အချစ်တစ်မျိုးရှိတယ်
ဆုံးရှုံးရမယ်မှန်း
သိလျက်နဲ့ အဲဒီနားက ခွဲခွါမသွားနိုင်ဘူး…
အချစ်တစ်မျိုးရှိတယ်
ကြေကွဲရမယ်မှန်း
သိလျက်နဲ့ သူ့ကိုရှောင်ပုန်းလို့ မရနိုင်ဘူး…
အချစ်တစ်မျိုးရှိတယ်
အနာဂတ်အတွက်
မရေရာပေမယ့် သူ့အတွက် ပေးလိုက်ရတဲ့ နှလုံးသားကို
ပြန်ရုပ်သိမ်းလို့
မရနိုင်ခဲ့ဘူး…
အချစ်တစ်မျိုးရှိတယ်
အဆုံးသတ်
မရှိမှန်း သိနေလျက်နဲ့
အဲဒီ
အိမ်မက်ကို ဆက်မက်ချင်နေသေးတယ်….
Mawra
Shan
11:38 PM
Share:
0 comments: