ကမ်းစပ်ဆိုတာ
လှိုင်းရဲ့ခေတ္တခဏ
နားခိုရာ အိမ်မက်တစ်ခုပါ…
လှိုင်း
တို့မည်သည်
သူကျင်လည်ရာလက်တွေ့ဘ၀ပင်လယ်ထဲမှာပဲ
ထာဝရပျော်မွေ့နိုင်မှာပါ….
လှိုင်းလေး
အပြေးအလွှားရောက်လာရင်
ပျော်နေတတ်တဲ့
ဒီ..ကမ်းစပ် က
လှိုင်း
တရွေ့ရွေ့နဲ့ ပင်လယ်ဆီကို ပြန်ဆုတ်ခွါသွားတဲ့အခါ
ဒဏ်ရာတွေ
ကွယ်ဝှက်ရင်း
မနာကျင်တတ်သလို
နှလုံးသားနဲ့
ခပ်ပြုံးပြုံးလေးပဲ
ကျန်နေခဲ့ပေးမှာပါ….
Mawra
Shan
6:48 AM
Share:
0 comments: