ပညတ်ဆိုတာအများကလက်ခံထားတဲ့၊ အများလည်းနားလည်အောင်
သတ်မှတ်ထားတဲ့ သဘောပါ။ အခေါ် အဝေါ် သဘောပါ။ လူမျိုးစုံတော့ အခေါ်အဝေါ် မျိုးစုံပါတယ်။ ဆိုပါစို့။
အိုး- ကိုပဲ မြန်မာလို အိုးလို့ခေါ်ပေမယ့် အင်္ဂလိပ်လို တစ်မျိုး၊ တရုတ်လိုတစ်မျိုး၊ ကုလားတစ်မျိုး
အမျိုးမျိုး အခေါ်အဝေါ် ပြောင်းနေပါတယ်။ ပညတ်ဆိုတာ ပုံသဏ္ဌာန်၊ အရွယ်အစား၊ အရောင် အဆင်း၊
နေရာဒေသ၊ အချိန်အခါတွေပါ။ ဒါတွေကို အများနားလည်အောင် ခေါ်ဝေါ်ရတာပါ။ ပညတ်ဆိုတဲ့သဘောက
ပုံသဏ္ဌာန်ကြောင့်လည်း ပြောင်းလဲသွားတယ်။ အခေါ်အဝေါ်ပေါ့။ အရွယ်အစား၊ အရောင်အဆင်း၊ နေရာဒေသ၊
အချိန်အခါ ဆိုတာတွေကြောင့်လည်း ပြောင်းလဲပါတယ်။ ဒါကြောင့် ပညတ်က ပြောင်းလဲတယ်။ မခိုင်မြဲဘူးလို့ဆိုပါတယ်။
-
ပုဂံ အမှတ်တရ -
မန္တလေး အမှတ်တရ Sea Game အမှတ်တရ -
ဦးပိန် အမှတ်တရ Sea Game အမှတ်တရ
ပညတ်နဲ့ ပရမတ်
Posted by wai phyo |  No comments
ပရမတ်တရား တွေက မူလအခြေခံသဘောတွေပါ။ ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ်
မူလ ပင်ကိုယ်သဘောကနေ မပြောင်းလဲပါဘူး။ ပင် ကိုယ်သတ္တိ မပျောက်ပါဘူး။ ဥပမာအနေနဲ့ ပြောရရင်
သောက်ရေအိုး တစ်လုံးကို နှလုံးသွင်းလိုက်ကြပါစို့။ သောက်ရေထည့် ထားလို့ သောက်ရေအိုးလို့
ခေါ်တာမှန်နေတာပါ။ ခြေဆေးဖို့ ရေတွေထည့်ထားရင် ခြေဆေးအို၊ ဟင်းရွက်စုံချဉ်ရေစိမ်ဖို့
ချဉ်ဖတ် ထည့်ထားရင် ချဉ်ဖတ်အိုး၊ အိုးတိုက်ဖွဲပြာတွေ ထည့်ထားရင် ဖွဲပြာအိုးလို့ခေါ်ရမှာပါပဲ။
ဒါဟာ အမှန်ပါပဲ။ လောကလူသားတွေ နားလည်တယ်။ လက်ခံတယ်။ ပညတ် အမှန်တရားပါ။ ဒီအိုးကိုပဲ
ဘာမျှ အသုံးမပြုဘဲထားရင် အိုးဟာ အိုးပါပဲ။ အဲ-တစ်ခု တော့ရှိတယ်။ မြေကြီးကို အရင်းခံထားပြီး
အမာခံလုပ်၊ ဖုတ်ထားတဲ့အတွက် မြေအိုးလို့ ခေါ်ကြပါတယ်။ ခွက်ပုံစံဆို မြေခွက်၊ အင်တုံပုံစံ
ဆိုရင် မြေအင်တုံဖြစ်ပြီပေါ့။ ဒီမြေအိုးပါပဲ။ တစ်ပုံစံတည်း ဖြစ်ပေမယ့် အညာဒေသ ရွှေဘိုကျောက်မြောင်းက
ထွက်ရင် အညာအိုး၊ ရွှေဘိုအိုး၊ ကျောက်မြောင်းအိုး လို့ ခေါ်ကြပြန်တယ်။ ဒီအိုး တစ်လုံးတည်းကိုပဲ
မ၀ယ်ခင်က၊ မသုံးခင်က ဆိုရင် အိုးအသစ်၊ ၀ယ်ပြီး၊ သုံးပြီး ပြီဆိုရင် အိုးအဟောင်းလို့
ခေါ်ကြပြန်ပါရော။ အရွယ်ကြီးရင် အိုးကြီး၊ အရွယ်ငယ်ရင် အိုးသေးလို့လည်း ခေါ်ပါတယ်။ သောက်တော်ရေအတွက်
ဘုရားစင်ပေါ် တင်ထားရင် ဘုရားအိုး၊ စားပွဲပေါ် တင်ထားရင်စားပွဲ တင်အိုး၊ အိမ်နောက်ဖေးအိမ်သာထဲ
ထားလိုက်ရင် အိမ်သာအိုး ဖြစ်သွားပြန်တယ်။ တစ်ခုခုနဲ့ ထိမိ၊ ခိုက်မိလို့ အိုးကွဲသွားရင်
ဟောမြေအိုး၊ သောက်ရေအိုး၊ အိုးအဟေင်း ဆိုတာတွေ ပျောက်ကုန်ပြီး အိုးကွဲကြီးလို့ ဖြစ်သွားတာပေါ့။
အိုးကွဲကြီးကို ကလေးတွေက တစ်ခြမ်းပြီး တစ်ခြမ်းထုလိုက်၊ ဆော့လိုက် လုပ်တော့ အိုးခြမ်းကွဲ၊
အိုးခြမ်းပဲဖြစ်ပြန်ရော။ တစ်ခါ ထပ်ပြီး အိုးခြမ်းပဲ့လေးတွေကို အမှုန့်ဖြစ်အောင် ထုလိုက်၊
ကျိတ်လိုက်ရင် မြေမှုန့်တွေ ဖြစ်သွားပါတယ်။ ဒါဘာမြေလဲလို့မေးရင် အိုးကနေ ဖြစ်သွားတဲ့
မြေဖြစ်လို့ အိုးမြေလို့ ခေါ်ပါတယ်။ မြေအိုးကနေ အိုးမြေ ဖြစ်သွားပါပြီ။ ပုံသဏ္ဌာန်၊ အရွယ်အစား၊
နေရာဒေသ၊ အချိန်ကာလတွေပြောင်းလို့ အခေါ်အဝေါ်တွေ ပြောင်းလဲတဲ့ သဘောက ပညတ်အာရုံတွေရဲ့
သဘောပါ။ မြေအိုး ပဲဖြစ်ဖြစ်၊ အိုးမြေပဲဖြစ်ဖြစ် မူလအရင်းခံက မြေပါပဲ။မြန်မာလို မြေလို့
ခေါ်နေတာပါ။ ဒါပေမယ့် မြေရဲ့တကယ် အရှိသဘော ဆိုတာ အမှုန့်ကို ခေါ်တာမဟုတ်ပါဘူး။ အဲဒီ မြေကြီးကို
မျက်စိမှိတ်မှိတ်၊ ဖွင့်ဖွင့် သွားထိလိုက်ရင် ထိတဲ့အခါမှာလည်း လက် ညှိုးနဲ့ ထိထိ၊ လက်ခလယ်နဲ့ထိထိ
ထိလိုက်ရင် ထိတဲ့ သဘောရှိနေပါတယ်။ မာတဲ့ပျော့တဲ့သဘောလို့ အသိမှာဖြစ် တတ်ပါတယ်။ မာမှု
ပျော့မှုလို့ခေါ်တဲ့ အဲဒီ ထိသဘော မြေဓာတ် ပရမတ်ဟာ မြေအိုး၊ သောက်ရေအိုး၊ အိုးကြီး၊ အိုးသေး၊
အိုး ဟောင်း၊ အိုးသစ်ဆိုတဲ့ အမည်တွေ၊ ပညတ်တွေ ဘယ်လိုပဲ ပြောင်းပြောင်း မာ ပျော့ ထိ
ဆိုတဲ့ မြေဓာတ် ပရမတ်ကတော့ အမြဲ ရှိနေပါတယ်။ မြေမှုန့်တွေ ဖြစ်တဲ့အထိလည်း ရှိနေပါတယ်။
ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်အကြောင်းကြောင်း တွေကြောင့်ပဲ ဖြစ်ဖြစ် မြေဓာတ်ရဲ့ သဘောက မပြောင်းလဲပါဘူး။
ဒါကို ပရမတ်ရဲ့ အမှန်တရားလို့ ခေါ်ပါတယ်။ ပညတ်က အများသတ် မှတ်တဲ့သဘော အမှန်ပါပဲ။ဒါပေမယ့်
မရှိတရားပါ။ ပရမတ်ဆိုတာ အများသတ်မှတ်သည် ဖြစ်ဖြစ်၊ မသတ်မှတ်သည် ဖြစ်ဖြစ်၊ သိသိ မသိသိ
အမှန်တရားပါပဲ။ တကယ် အရှိတရားပါ။ ပရမတ်ဆိုတာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဆိုတဲ့ သဘောတွေရှိပါ
တယ်။ ပညတ်ကတော့ မရေတွက်နိုင် အောင်များပါတယ်။ ဒီသဘောတွေဟာ ပညတ်နဲ့ ပရမတ်တွေရဲ့ သဘောတွေပါပဲ။(
ဆရာတော် အရှင်ဆေကိန္ဒ ပြန်လည်ဖြေကြားထားခြင်းများသာ ဖြစ်ပါသည်။)
3:19 AM
Share:
About Naveed Iqbal
Nulla sagittis convallis arcu. Sed sed nunc. Curabitur consequat. Quisque metus enim venenatis fermentum mollis. Duis vulputate elit in elit. Follow him on Google+.
Labels
Premier League Standing Table
Text Widget
ဝန်ကြီးဌာန Web Site များ
- သတ္တုတွင်း
- ယဉ်ကျေးမှု
- မွေး/ရေ
- ဟိုတယ်ခရီး
- လ၀က
- ရထားပို့ဆောင်ရေး
- မိုးလေ၀သ
- ဘဏ္ဍာအခွန်
- အမျိုးသားစီမံကိန်း
- ကျန်းမာရေး
- လယ်ယာ စိုက်ပျိုးရေး
- မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
- Myanmar Info Tech
- နိုင်ငံခြားရေး
- နိုင်ငံတော် သမ္မတရုံး
- ပြန်ကြားရေး
- ပြည်သူ့လွှတ်တော်
- ဆောက်လုပ်ရေး
- အားကစား
- အလုပ်သမား
- သိပ္ပံနှင့်နည်းပညာ
- သစ်တော
- သာသနာရေး
- ဗဟိုဘဏ်
- ပို့ဆောင်ရေး
- ပို့ဆောင်ရေး(မြန်မာ့ဆိပ်ကမ်း)
- ပို့ဆောင်ရေး(ပြည်တွင်းရေကြောင်း)
- ပို့ဆောင်ရေး(မိုးလေ၀သ)
- စီးပွား/ကူးသန်း
- ဆက်သွယ်ရေး
- စွမ်းအင်
- စီးပွား/ကူးသန်း(Trade Net)
- စက်မှု
0 comments: