အကြင်မိန်းမသည်
-
၁။
စားသောအခါ ၊
၂။
အ၀တ်တန်ဆာပြုပြင်ဆင်ယင်သောအခါ
ဤ
အခါတို့၌ အမိကဲ့သို့ နှစ်သက်ဖွယ်ပြုပြင်ပေးတတ်၏ ။
၃။
လျို့ဝှက်အပ်ကုန်သော မကျစ်မလစ်သောအရာတို့၌
နှမကဲ့သို့
လွန်စွာရှက်တတ်၏ ။
၎။
အမှုကိစ္စဆောင်ရွက်သောအခါ ၊
၅။
လင်၏အနီးအပါးသွားလာသောအခါ ၊
ဤ
အခါတို့၌ ကျွန်မကဲ့သို့ ရိုသေစွာပြုတတ်၏ ။
၆။
ဘေးရန်အန္တရာယ်တွေ့ကြုံလာသောအခါ၌ တိုင်ပင်ဖေါ်တိုင်ပင်ဖက်ရ၏ ။
၇။
အိပ်သောအခါတို့၌ မွေ့လျော်စေတတ်၏ ။
၈။
အရောင်အဆင်းပြုပြင်ခြင်းတို့၌ တင့်တင်စွာပြုပြင်တတ်၏ ။
၉။
လင်ယောက်ျားက အမျက်ထွက်သောအခါ သည်းခံတတ်၏ ။
ဤလက္ခဏာဂုဏ်ရည်
အလီလီနှင့်ပြည့်စုံသော အမျိုးကောင်းသမီးကို
မိန်းမမြတ်
ဟူ၍ ပညာရှိတို့ ဆိုမိန့်တော်မူကြကုန်၏ ။
ထို
မိန်းမကောင်း မိန်းမမြတ်သည် ဒီဘ၀ ဒီခန္ဓာကို စွန့်ခွါရသည်ရှိသော်
နောက်ဘ၀၌
နတ်ပြည်နတ်ရွာ ကောင်းမြတ်သောသုဂတိဘ၀ဇာတ်သို့
မုချဧကန်
ရောက်ရမည်မှာ အမှန်ဖြစ်၏ ။ ။
ဘုတ္တေသု
မန္တေသု ဇနီ ၀ ကန္တိနီ ၊ ဂုယှေသု ဌာနေသု ဘဂိနီ ၀ ဟိရီနီ ။
ကမ္မေသု
ပတ္တေသု ကရီ ၀ ဒါသိနီ ၊ ဘယေသု မန္တီ သယနေသု ရမတီ ။
ရူပီသု
သိက္ခီ ကုဗ္ဗနေသု ခမနီ ၊ သာ နာရီ သေဋ္ဌီတိ ၀ဒန္တိ ပဏ္ဍိတာ ။
ကာယဿ
ဘေဒါ စ ဒိဝေ ဘဝေယျ သာ ။ ။
(
လောကနီတိ - ဣတ္ထိကဏ္ဍ ဂါထာ - ၁၃ )
6:48 PM
Share:
0 comments: