• ပုဂံ အမှတ်တရ
  • မန္တလေး အမှတ်တရ
  • Sea Game အမှတ်တရ
  • ဦးပိန် အမှတ်တရ
  • Sea Game အမှတ်တရ

သံဃာတော်များအား ဆက်ကပ်သော ဘွဲ့တော်များ

Posted by wai phyo  |  No comments

မြန်မာပြည်မှာ တွေဖြစ်တဲ့ အဂ္ဂမဟာပဏ္ဍိတ နဲ့ အဘိဓဇမဟာရဋ္ဌဂုရု အကြောင်းကို တင်ပြပါ့မယ်။
အဘိဓဇမဟာရဋ္ဌဂုရု
အဘိဓဇမဟာရဋ္ဌဂုရုရဲ့ အဓိပ္ပာယ်ကတော့
အဘိ= ထူးကဲသော
ဓဇ= အလံတံခွန်သဖွယ်
မဟာ= ကြီးကျယ်မြင့်မြတ် ထင်ရှား၍
ရဌ= နိုင်ငံတ၀ှမ်းက
ဂုရု= အလေးအမြတ်ပြုသော ဆရာတော် လို့ အဓိပ္ပာယ်ရပါတယ်။

အဘိဓဇမဟာရဋ္ဌဂုရု ဘွဲတော်ကို အောက်ပါအရည်အချင်းရှိမှ ဆက်ကပ်ပါတယ်။
၁။ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တော် ရပြီးဖြစ်ခြင်း။
၂။ အနည်းဆုံး သိက္ခာဝါ ၄၀ ( သက်တော် ၆၀ ) ရှိရခြင်း။
၃။ ဗဟုသုတ အကြားအမြင်များခြင်း။
၎။ လူရှင်ရဟန်းတို့အား ကျေးဇူးများသော ဗုဒ္ဓဘာသာ စာပေကျမ်းဂန်ကို ရေးသားဖူးခြင်း။ စသော အရည်အချင်းရှိမှ ဆက်ကပ်ပါတယ်။

အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ ဆက်ကပ်ခံရသော ရဟန်းတော်များကို နိုင်ငံတော် အစိုးရမှ ကုန်း၊ရေ၊လေ ခရီးသွားလာစရိတ်ကို အခမဲ့ ဆက်ကပ်ထားပါတယ်။

အဂ္ဂမဟာပဏ္ဍိတ
အဂ္ဂမဟာပဏ္ဍိတ ရဲ့ အဓိပ္ပာယ်ကတော့ ကြီးမြတ်မြင့်မြတ်သော ပညာရှိ လို့ အဓိပ္ပါယ်ရပါတယ်။
အဂ္ဂမဟာပဏ္ဍိတဘွဲ့တော် ချီးမြင့်ထိုက်တဲ့ ရဟန်းတော်ရဲ့ အရည်အချင်းက တော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ ပါဠိတော် အဋ္ဌကထာ ဋီကာ စသည်တို့၌ ကျွမ်းကျင်ခြင်း
၂။ ပါဠိတော် အဋ္ဌကထာ ဋီကာ စသည်တို့ကို အမြဲမပြတ် ပို့ချခြင်း
၃။ အနည်းဆုံး သိက္ခာဝါ ၂၀-ရှိရခြင်း
၎။ ပါဠိတော် အဋ္ဌကထာ ဋီကာ စသည်တို့၌ ကျွမ်းကျင်လိမ္မာသည်ဟု ကျော်ကြားခြင်း
၅။ သီလ၀န္တ ဖြစ်ခြင်း စတဲ့ အရည်အချင်းများနှင့် ပြည့်စုံမှ ဆက်ကပ်ပါတယ်။
မြန်မာပြည်မှ အထက်ပါဘွဲတော်တွေ ဆက်ကပ်ခံရတဲ့ ရဟန်းတော်များဟာ သာသနာကို တကယ့်စွမ်းစွမ်းတမံ ပြုနေတဲ့ ရဟန်းတော်များဖြစ်ပါတယ်။ အစိုးရအလိုလိုက်လို့ အကပ်ခံရတာ မဟုတ်ပါဘူး။ အပေါ်က အရည်အချင်းမရှိဘဲနဲ့ အကပ်မခံရ ပါဘူး။ လေးစားကြည်ညိုထိုက်တဲ့ သံဃာတော်များဖြစ်ပါတယ်။ သံဃာတော်အားလုံးကို ပူဇေမိပါဘုရား။

(မြတ်မင်္ဂလာ စာစောင် ၁၉၉၁ ဧပြီ နဲ့ တခြားကျမ်းစာစောင်တွေ ကနေ ကိုးကားပါတယ်)

12:36 AM Share:
About Naveed Iqbal

Nulla sagittis convallis arcu. Sed sed nunc. Curabitur consequat. Quisque metus enim venenatis fermentum mollis. Duis vulputate elit in elit. Follow him on Google+.

0 comments:

Get updates in your email box
Complete the form below, and we'll send you the best coupons.

Deliver via FeedBurner
Web Designed By Wai Phyo
back to top