(၁) ခွဲခွါနေရလျှင် အမြဲအောက်မေ့
သတိရ၏။
(၂) ကိုယ်ရောက်လာလျှင်
နှစ်သက်သဘောကျ၏။
(၃) ကိုယ့်ကို အမြဲ ပျော်ရွှင်စေလို၏၊
ချစ်မြတ်နိုး၏။
(၄) ကိုယ့်အသံကြားလျှင်
အမြဲ နှစ်သက်၏၊
(၅) ကိုယ့်မိတ်ဆွေများနှင့်သာ
ပေါင်း၏။
(၆) ကိုယ့်ရန်သူများနှင့်
မပေါင်း။
(၇) ကိုယ့်ကို ချီးမွမ်းလျှင်
ထောက်ခံချီးမွမ်း၏။
(၈) ကိုယ့်ကို ဆဲရေးကဲ့ရဲ့လျှင်
တားမြစ်၏။
(၉) ရန်သူတို့၏ လျှို့ဝှက်ချက်ကို
ပြောပြ၏။
(၁၀) ကိုယ့်လျှို့ဝှက်ချက်ကို
လျှို့ဝှက်ပေး၏။
(၁၁) ကိုယ့်အလုပ်ကို
ချီးမွမ်းလေးစား၏။
(၁၂) ကိုယ့်ပညာ၊ စွမ်းရည်သတ္တိကို
အသိအမှတ် ပြု၏။
(၁၃) ကိုယ်စီးပွါးပျက်လျှင်
မနှစ်သက်။
(၁၄) ကိုယ်စီးပွါးတက်လျှင်
ထပ်တူဝမ်းသာ၏။
(၁၅) ကောင်းတာရလျှင်
ကိုယ့်ကို သတိရ၏။
(၁၆) ကိုယ်ဒုက္ခရောက်သော်
စိတ်ချမ်းသာအောင် စောင့်ရှောက်၏။ တို့ ဖြစ်ပါတယ်။
8:59 PM
Share:
0 comments: