• ပုဂံ အမှတ်တရ
  • မန္တလေး အမှတ်တရ
  • Sea Game အမှတ်တရ
  • ဦးပိန် အမှတ်တရ
  • Sea Game အမှတ်တရ

လူသားအရင်းအမြစ် စီမံခန့်ခွဲသူတို့ ဆောင်ရွက်ရမည့် အဓိက တာဝန်ကြီး (၁၅) ရက်

Posted by wai phyo  |  No comments

လူသားအရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာများ၏ လုပ်ငန်း

တာဝန်များသည် အပေါ်ယံအားဖြင့် အားလုံး တူညီမှု ရှိနိုင်သော်လည်း အတွင်းကျကျ အသေးစိတ် လုပ်ငန်း တာဝန်များသည် လုပ်ငန်း၊ ကုမ္ပဏီ တစ်ခုချင်းအလိုက်၊ အခြေအနေ တစ်ခုချင်းအလိုက် ကွဲပြားခြားနား ကြသည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ တစ်ခါတစ်ရံတွင် လူသား အရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာများ၏ လုပ်ငန်းတာဝန် အသေးစိတ်ကို သတ်မှတ်ရန် ခက်ခဲလှပါသည်။ ဤ အကြောင်း ကြောင့်ပင် လူသား အရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာများသည် အမျိုးမျိုးသော လုပ်ဆောင် ချက်များကို လုပ်ကိုင်တတ်ရန် လိုအပ်ပြီး အခန်းကဏ္ဍ အမျိုးများစွာတို့ကို နိုင်နင်းစွာ ကိုင်တွယ် တတ်ရပေမည်။ ဤသည်မှာ ပြည့်စုံ ကျွမ်းကျင်သော လူသားအရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာ တစ်ယောက်အဖြစ် ရပ်တည်ရေးတွင် အဓိက ကျလှပေသည်။ ဤသို့ဆိုပါက မည်ကဲ့သို့သော လုပ်ငန်းတာဝန် အခန်းကဏ္ဍများကို လုပ်ဆောင် တတ်ရမည်နည်းဟု မေးရန် ရှိပေသည်။ အမေရိကန် ပြည်ထောင်စုရှိ American Society for Training & Development အဖွဲ့ကြီးက လူသားအရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာအများစု၏ လုပ်ငန်းတာဝန် သတ်မှတ်ချက်များနှင့် လုပ်ငန်းတာဝန် အသေးစိတ်တို့ကို စစ်တမ်းကောက်ယူပြီး ဖော်ပြပါ မေးခွန်းအတွက် အဖြေ ပေးခဲ့ပါသည်။ လူသား အရင်းအမြစ် စီမံခန့်ခွဲသူများအတွက် အောက်ပါ အဓိက တာဝန်ကြီး ၁၅ ရပ်သည် အထက်ဖော်ပြပါ စစ်တမ်း ကောက်ယူခြင်းမှ ထွက်ပေါ် လာပါသည်။

၁။ အကဲဖြတ်သူ (Evaluator)
လူသားအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းအစီအစဉ်များ၏ ထိရောက်မှုနှင့် အသုံးဝင်မှုများကို လေ့လာစိစစ်ပြီး ဝန်ထမ်းများနှင့် အဖွဲ့အစည်းအား မည်သို့မည်ပုံ အကျိုးပြုနိုင်သနည်းဟု လေ့လာ အကဲဖြတ်နိုင်သူ ဖြစ်ရပေမည်။

၂။ အဖွဲ့အား အထောက်အကူပြုသူ (Group Facilitator)
အဖွဲ့လိုက် ဆွေးနွေးခြင်းနှင့် အဖွဲ့လိုက် ဆောင်ရွက်ခြင်းတို့ကို စီမံခန့်ခွဲပြီး တစ်ဦးချင်းစီနှင့် အုပ်စုအဖွဲ့လိုက် အတွေ့အကြုံကောင်းများ ရရှိခံစားနားလည်တတ်လာစေရန် ဆောင်ရွက်နိုင်သူ ဖြစ်ရပေမည်။

၃။ တစ်ဦးချင်း ဖွံ့ဖြိုးတိုးတက် ရေးသားအကြံပြု ဆွေးနွေးသူ (Individual Development Counsellor)
ဝန်ထမ်းတစ်ဦးချင်း၏ ကိုယ်ပိုင် အရည်အသွေးများ၊ တန်ဖိုးများ၊ ရည်မှန်းချက်များအား ဆန်းစစ်ဖော်ထုတ်ရာတွင် အထောက်အကူပေးပြီး အလုပ်အကိုင်ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်များ သတ်မှတ်ဖော်ထုတ်ရေးဆွဲပြီး အကောင်အထည်ဖော် ရေးဆောင်ရွက်နိုင်သူ ဖြစ်ရပေမည်။

၎။ သင်ကြားရေးနှင့် အလုပ်အကိုင်ဆိုင်ရာ လမ်းညွှန်စာများ ရေးသားသူ (Instructional Writer)
မည်သို့မည်ပုံ ဆောင်ရွက်ရမည်ဆိုသည့် သင်ကြားရေးနှင့် အလုပ်အကိုင်ဆိုင်ရာ လမ်းညွှန်စာများ ရေးသားနိုင်သူ ဖြစ်ရပေမည်။

၅။ လမ်းညွှန်ပြသသူ (Instructor)
တစ်ဦးချင်းသင်ယူစေရန် သတင်းအချက်အလက်များ ပြင်ဆင်တင်ပြခြင်းနှင့် သတ်မှတ်ထားသော သင်ယူမှုအတွေ့အကြုံများ ရရှိစေရန် လမ်းညွှန်ပြသနိုင်သူ ဖြစ်ရပေမည်။

၆။ လေ့ကျင့်သင်ကြားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံခန့်ခွဲသူ (Manager of Training & Development)
လေ့ကျင့် သင်ကြားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ သို့မဟုတ် စီမံချက်များအား စီစဉ်ခြင်း၊ စုဖွဲ့ဆောင်ရွက်ခြင်း၊ တာဝန်ပေးခြင်း၊ ကွပ်ကဲခြင်းတို့ကို ဆောင်ရွက်ပြီး အဖွဲ့အစည်းရှိ အခြားအဖွဲ့ငယ်များနှင့်အတူ လေ့ကျင့် သင်ကြားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များအား ပူးပေါင်းလုပ်ဆောင်နိုင်ရေးကို ချိတ်ဆက်ပေးနိုင်သူ ဖြစ်ရပေမည်။

၇။ ဈေးကွက်ဖော်ဆောင် မြှင့်တင်သူ (Marketer)
လေ့ကျင့်သင်ကြားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအမြင်များ၊ အစီအစဉ်များနှင့် ဝန်ဆောင်မှုများကို အဖွဲ့အစည်း၏ ဌာနအသီးသီး လက်အောက်ရှိ ကြိုတင်သတ်မှတ်ထားသည့် ဝန်ထမ်းအားလုံး သိရှိစေရန် ဆောင်ရွက်နိုင်သူ ဖြစ်ရပေမည်။

၈။ ပြန်ကြားရေးဆိုင်ရာ ကျွမ်းကျင်သူ (Media Specialist)
လေ့ကျင့်သင်ကြားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများအတွက် ပြန်ကြားရေးဆိုင်ရာ အရုပ်နှင့် အသံပြုလုပ်ချက် နည်းပညာများ၊ ကွန်ပျူတာပြုလုပ်ချက် နည်းပညာများနှင့် အခြားသင်ထောက်ကူ နည်းပညာများကို ကျွမ်းကျင်ပိုင်နိုင်သူ ဖြစ်ရပေမည်။

၉။ လိုအပ်ချက်များကို ဆန်းစစ်လေ့လာသူ (Needs Analyst)
ကြိုတင်သတ်မှတ်ထားသည့် ဆောင်ရွက်နိုင်မှုနှင့် အမှန်တကယ် ဆောင်ရွက်နိုင်မှုအကြား ကွာဟချက်များကို ဖော်ထုတ်ပြီး ၎င်းကွာဟချက်များ ဖြစ်ပေါ်ရခြင်း အကြောင်းရင်းကို ရှာဖွေဖော်ထုတ်နိုင်သူ ဖြစ်ရပေမည်။

၁၀။ အစီအစဉ် စီမံအုပ်ချုပ်သူ (Programme Administrator)
သင်ယူမှု အစီအစဉ်များအတွက် လိုအပ်သည့် အထောက်အကူ ပစ္စည်းများ၊ စက်ပစ္စည်းများ၊ ပါဝင်မည့်သူများနှင့် အခြားလိုအပ်သည့် အစိတ်အပိုင်းအားလုံး အဆင်သင့် ရှိနေစေပြီး အစီအစဉ်တစ်ခုလုံး အောင်မြင်ချောမောစွာ အကောင်အထည် ဖော်နိုင်ရေးကို ဦးစီးဆောင်ရွက်နိုင်သူ ဖြစ်ရပေမည်။

၁၁။ အစီအစဉ်ပုံဖော်သူ (Programme Designer)
သီးခြားသတ်မှတ်ထားသော အစီအစဉ်များ၏ ရည်ရွယ်ချက်များ ပြင်ဆင်ချမှတ် လူသားအရင်းအမြစ် စီမံခန့်ခွဲသူတို့ ဆောင်ရွက်ရမည့် (၁၅) ရပ်၊ ပါဝင်သည့် အကြောင်းအရာများအား အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ လုပ်ဆောင်ချက်များ ရွေးချယ်သတ်မှတ်ခြင်းနှင့် အစီအစဉ် ကျနမှု ရှိနေ စေရန် ဆောင်ရွက်နိုင်သူ ဖြစ်ရပေမည်။

၁၂။ မဟာဗျူဟာ ကျွမ်းကျင်သူ (Strategist)
လေ့ကျင့်သင်ကြားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက် တာဝန်များ အောင်မြင်ပြီးမြောက်စေရန် ပို့ချရန်ရှိသော သင်တန်း ပုံစံများ၊ ဖွဲ့စည်းမှုများ၊ မူဝါဒများ၊ အစီအစဉ်များ၊ ဝန်ဆောင်မှုများနှင့် လက်တွေ့ဆောင်ရွက်မှုများအား ရေရှည်အစီအမံများ ချမှတ်ပြီး အကောင်အထည် ဖော်နိုင်သူ ဖြစ်ရပေမည်။

၁၃။ လုပ်ငန်းတာဝန်အား ဆန်းစစ်လေ့လာသူ (Task Analyst)
အလုပ်အကိုင် သို့မဟုတ် အဖွဲ့အစည်းတစ်ခုတွင် သီးခြားသတ်မှတ်ထားသော အကျိုးရလဒ်များ အောင်မြင်စွာရရှိစေရန် လုပ်ဆောင်မှုများ၊ လုပ်ငန်းတာဝန်များ၊ အသေးစိတ် လုပ်ငန်းတာဝန်များ၊ လူသားအရင်းအမြစ်နှင့် လိုအပ်သော အထောက်အပံ့များအား ဖော်ထုတ် သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်နိုင်သူ ဖြစ်ရပေမည်။

၁၄။ သဘောတရား ပညာရှင် (Theoretician)
သင်ယူခြင်း၊ သင်ကြားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုများနှင့် သက်ဆိုင်သော သဘောတရား အယူအဆများအား တိုးတက်စေခြင်းနှင့် စမ်းသပ် စစ်ဆေးခြင်းများကို ဆောင်ရွက်နိုင်သူ ဖြစ်ရပေမည်။

၁၅။ ချိတ်ဆက်ဖော်ဆောင်ပေးသူ (Transfer Agent)
တစ်ဦးချင်းသင်ယူမှုမှ ရရှိထားသော အတွေ့အကြုံများကို လက်တွေ့နှင့် ချိတ်ဆက် အသုံးချနိုင်ရေးကို ကူညီသူ ဖြစ်ရပေမည်။ အချုပ်အားဖြင့် တင်ပြရသော် လူသားအရင်းအမြစ် စီမံခန့်ခွဲသူများအတွက် အထက်ဖော်ပြပါ အဓိက တာဝန်ကြီး ၁၅ ရပ်သည် အဖွဲ့အစည်း အမျိုးမျိုးရှိ လူသားအရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာများအတွက် အရေးကြီးသော တာဝန်ကြီးများ ဖြစ်ပေသည်။ ၎င်း အဓိက တာဝန်ကြီးများသည် လူသားအရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာများအတွက် အလုပ်အကိုင်ဆိုင်ရာ ကိုယ်ပိုင်အစီအစဉ်များ (Career Mapping) ချမှတ်ရာတွင် များစွာ အထောက်အကူ ပြုနိုင်ပေသည်။ ၎င်းတာဝန်ကြီးများကို အခြေခံပြီး လူသားအရင်းအမြစ် စီမံခန့်ခွဲသူများသည် လူသားအရင်းအမြစ် စီမံခန့်ခွဲမှုပညာရပ် တစ်ခုလုံးကို ခြုံငုံလေ့လာသူ (HRM Generalist) အဖြစ်လည်းကောင်း၊ လူသားအရင်းအမြစ် စီမံခန့်ခွဲမှု ပညာရပ်အောက်ရှိ လုပ်ငန်းစဉ် တစ်ခုတည်းကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာသူ (HRM Specialist) အဖြစ်လည်းကောင်း ရွေးချယ်နိုင်ကြပေမည်။ ထို့အပြင် လူသားအရင်းအမြစ် စီမံခန့်ခွဲသူများအား စစ်တမ်းကောက်ယူခြင်းမှ ရရှိလာသော ဖော်ပြပါ အဓိက တာဝန်ကြီးများသည် လူသားအရင်းအမြစ် စီမံခန့်ခွဲသူများအတွက် လက်တွေ့ကျသော သဘောတရားများကို ဖော်ပြပေးခြင်းဖြင့် ၎င်းတို့၏ လုပ်ငန်းတာဝန် သတ်မှတ်ချက်များနှင့် လုပ်ဆောင်ရမည့် အခန်းကဏ္ဍများကို ရှင်းလင်းစွာ သိမြင်စေပါကြောင်း ရေးသားဖော်ပြအပ်ပေသည်။

ထွန်းထွန်းအောင် (စီးပွား)

8:47 PM Share:
About Naveed Iqbal

Nulla sagittis convallis arcu. Sed sed nunc. Curabitur consequat. Quisque metus enim venenatis fermentum mollis. Duis vulputate elit in elit. Follow him on Google+.

0 comments:

Get updates in your email box
Complete the form below, and we'll send you the best coupons.

Deliver via FeedBurner
Web Designed By Wai Phyo
back to top