• ပုဂံ အမှတ်တရ
  • မန္တလေး အမှတ်တရ
  • Sea Game အမှတ်တရ
  • ဦးပိန် အမှတ်တရ
  • Sea Game အမှတ်တရ

ခေါင်းဆောင်ကောင်းနှင့် ပါတ်သတ်သောမှတ်ချက်များ

Posted by wai phyo  |  No comments

Everyone is the leader of himself ဆိုပြီး မြန်မာပြည်မှာ စပြီး ပြောခဲ့ ဟောခဲ့ ရေးခဲ့ တဲ့ သူကတော့ မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲသမိုင်းမှာသခင်ကိုစတင်ခဲ့တဲ့ ဆရာကြီးသခင်ဘသောင်းပဲဖြစ်ပါတယ်။ လူတိုင်းခေါင်းဆောင်ဖြစ်ခွင့် ရှိပါတယ်။၁၈ ရာစု နဲ့ ၁၉ ရာစုအစောပိုင်းကတော့ Leaders are born လို့ ယုံကြည်ခဲ့ ကြပြီး ၁၉ ရာစုနှောင်းပိုင်းမှာတော့ Leaders are made ဆိုတာကိုလက်ခံခဲ့ ကြပါပြီ။ Leader ဆိုတဲ့ ခေါင်းဆောင်တွေမှာရှိသင့်တဲ့ Traints (စရိုက်လက္ခဏာ) ၁၃ မျိုးရှိပါတယ်။ဒါတွေကတော့
1. RESPECT–လေးစားမှုမှာ ဘယ်လိုလူတွေကိုလေးစားရမှာလဲဆိုတော့ လူတိုင်းကိုလေးစား ရမှာဖြစ်ပါတယ်။360ံ ဂုဏ်သိက္ခာရှိရှိလေးစားစွာဆက်ဆံရမှာဖြစ်ပါတယ်။လေးစားစွာ မဆက်ဆံ နိုင်ရွေ့  Leader တန်းမမှီနိုင်ပါဘူး။ပထမဆုံး Trait မှာတင်လမ်းဆုံးသွားပါပြီ။Respect ဆိုတဲ့  လေးစားမှုဟာ Demand ဆိုပြီး တောင်းဆိုလို့မရပါဘူး Earned ဆိုတဲ့ ထိုက်တန်စွာ ပြန်လည်ရရှိမှု ဖြစ်ပါတယ်။လူတွေကကိုယ့် ကိုဆက်ဆံစေခြင်သလို ကိုယ်ကလူတွေကို ပြန်လည်ဆက်ဆံရမှာဖြစ်ပါတယ်။
2. EMPOWERMENT– လုပ်ပိုင်ခွင့် အာဏာခွဲဝေခြင်းဆိုတာ လည်းမရှိမဖြစ် Traits ထဲမှာပါပါတယ်။မိမိ တစ်ဦးတည်း အခွင့်အာဏာအားလုံးကို Monopolize လုပ် လက်ဝါးကြီးအုပ်ပြီး အထက်အောက် Transperant မဖြစ်စေသောခေါင်းဆောင်မှုမျိုးဟာ ရေရှည်မအောင်မြင်တတ်ကြပါ။ 
3. ACCOUNTABILITY–ယုံကြည်စိတ်ချအားထားရမှုကလည်း အရေးပါပါတယ်။ငါခေါင်းဆောင် ငါ လုပ်ချင်တာ လုပ်မယ်ဆိုတာကြီးတွေက တော်တော်လေးမရှိသင့်တော် တဲ့ အုပ်ချုပ်မှုမျိုးပါ။ အထက်ကယုံကြည်ပြီး အောက် ကအားကိုးရတဲ့ ခေါင်းဆောင် မှုမျိုးရှားပါတယ်။
4. LISTENING–နားထောင်နိုင်တဲ့ စွမ်းရည်ဆိုတာ တနည်းအားဖြင့် အတ္တကင်းကင်း နဲ့ သူများရဲ့ အရေးစိတ်ဝင် စားပြီးကူညီလိုစိတ်ရှိတဲ့ Leaders တွေမှာတွေ့ရလေ့ ရှိပါတယ်။ တော်တော်များများဟာ ကိုယ်ပြောချင်တာပြောပြီးစကားဝိုင်းအဆုံးသတ်တာများပါတယ်။
5. SINCERITY–ရိုးသားမှုဆိုတာကတော့ တန်ဖိုးမဖြတ်နိုင် Leaders Traints တစ်ခု ဖြစ်ပါတယ်။ငါပြောသလိုလုပ်ငါလုပ်သလို မလုပ်နဲ့ဆိုတဲ့ ခေါင်းဆောင်တော်တော်များ ပါတယ်။မိမိရဲ့ အမှားကို ရိုးသားစွာထုတ်ဖေါ်ပြောဆိုရဲတဲ့ခေါင်းဆောင်တော်တော်ရှား လာပါပြီ။သူများ အမှားကိုထောက် ကိုယ့် အမှားကို ဆင်ခြေဆင်လက်တွေနဲ့ဖုံးဖိတတ်တဲ့ ခေါင်းဆောင် မျိုးဟာ ကြဆုံးတတ်ကြပါတယ်။
6. REWARD–Reward ဆိုတဲ့ချီးမြှောက် မှုတရားတွေကလည်း အောက်လက်ငယ်သားများ ရဲ့ Motivation ကို မြှင့်တင်နိုင်စွမ်းရှိပါတယ်။Tangibles ရော Intangible ရောအရေးကြီးပါ တယ်။
7. DISCIPLINE–စည်းကမ်းဆိုတဲ့ ဘောင်ကလည်းအရေးကြီးပါတယ်။ အဲဒီဘောင်နဲ့ မိမိကိုယ်ကိုရော အောက်လက် ငယ်သားကိုပါဝန်းရံရမှာ ဖြစ်ပါတယ်။
8. MISSION–ဆိုတဲ့လုပ်ငန်းဆောင်တာ ရည်မှန်းချက်ထားရှိပြီး ပေါက်မြောက် အောင်မြင်အောင်ဆောင်ရွက် နိုင်စွမ်းရှိရပါမယ်။
9. CREDIT–ချီးကျူးဂုဏ်ပြုမှုတရားတွေကလည်း အရေးပါလှပါတယ်။ လူအများရှေ့ မှာချီးမြှောက်ပါနှစ်ယောက်ထဲတွေ့ ချိန်ဝေဖန်ပါတဲ့ ။အနည်းဆုံးကျေးဇူးတင်ပါတယ် တော်ပါတယ် ဂုဏ်ယူပါတယ် ဆိုပြီး လက်စွဲနှုတ်ဆက် တဲ့ ချီးကျူးဂုဏ်ပြုမှုလေးဟာ Inspire ဖြစ်စေနိုင် တာတွေ့ ရပါတယ်။ခေါင်းဆောင်တိုင်း မချီးမွမ်းတက် ကြပါဘူး သူတို့ ကိုယ်တိုင်သာ အချီးမွမ်းခံ ချင်ကြတာ များပါတယ်။
10. COMMUNICATION–အထက်အောက် ဘေးတိုက် လိုအပ်သလို ဆက်သွယ်ပြန် ကြား မှုပြုနိုင်ခြင်းဟာ Leaders တစ်ယောက်ရဲ့  အရည်အ ချင်းဖြစ်ပါတယ်။
11. ATTITUDE–ဆိုရာမှာ ကိုယ်အပေါ်ကိုယ်ကိုတိုင်ရဲ့သဘောထား ၊ ကိုယ့် လက်အောက် ငယ်သားအပေါ်သဘောထားအဖွဲ့အစည်းအပေါ်သဘောထား စတာတွေ ဟာ positive ဆန်နိုင်ရပါမယ်။
12. INTEGRITY–ဂုဏ်သိက္ခာဆိုတာ အပျိုစင်နဲ့တူတယ်တဲ့တခါဆုံးရှုံးသွား ရင်နောက်ပြန်မရ နိုင်တော့လို့ပါ။အောင် မြင်ကျော်ကြားလာတဲ့ နောက်ပိုင်းမှာ Integrity ကိုဖျတ်မဲ့အရာများစွာ ရဲ့သွေးဆောင်မှုကို ခံနိုင်ရည်ရှိတဲ့ ခေါင်းဆောင် ဟာလူသေ သော်လည်းနာမည်မသေသူတွေပါ။
13. COURAGE–သတ္တိ ဆိုတာနှစ်မျိုးရှိပါတယ် စာရိတ္တသတ္တိ နဲ့  ၀ါရိတ္တသတ္တိ ပဲဖြစ်ပါတယ်။ မလုပ်သင့် တာကိုရှောင် နိုင်တဲ့ စာရိတ္တ သတ္တိနဲ့  လုပ်သင့် လုပ်ထိုက်တာကို ရဲဝံ့ စွာ လုပ်ကိုင်ရဲတဲ့ ဝါရိတ္တ သတ္တိ ပဲဖြစ်ပါတယ်။ခေါင်းဆောင် ကောင်းရဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံအနေနဲ့ ကဏ္ဍတော်တော်များများမှာ ခေါင်းဆောင်ကောင်းများလိုအပ်လျှက်ရှိ ပါတယ်။အထက်ပါခေါင်းဆောင်ကောင်းရဲ့ အင်္ဂါအရည်အသွေးများကိုဖြည့် စည်းနိုင်ကြသော ခေါင်းဆောင်ကောင်းများ ပေါ်ပေါက်လာနိုင်ပါစေကြောင်း …………………..။

HRD
By https://www.facebook.com/alexendra.nay

9:00 PM Share:
About Naveed Iqbal

Nulla sagittis convallis arcu. Sed sed nunc. Curabitur consequat. Quisque metus enim venenatis fermentum mollis. Duis vulputate elit in elit. Follow him on Google+.

0 comments:

Get updates in your email box
Complete the form below, and we'll send you the best coupons.

Deliver via FeedBurner
Web Designed By Wai Phyo
back to top