လူတော်တော်များများက မှန်လို ကျင့်တတ်ကြတယ် ကိုယ်အပေါ်ကောင်းတဲ့သူကို ပြန်ကောင်းမယ် ကိုယ့်အပေါ် မကောင်းတဲ့ သူကိုပြန်ပြီးမကောင်းမယ် ဒါပေမယ့်ဘီသွေးပိုင်ရှင်တွေကတော့ ခိုင်းနှိုင်းဖို့တော့ ခက်လိမ့်မယ် ဘာလို့လဲဆိုတော့ သူတို့ကသူတို့အပေါ်ကောင်းတဲ့ သူတွေအပေါ်မှာလည်း ရိုးရိုးသားသားပဲ သူတို့ကို မကောင်းကြံနေတဲ့သူတွေအပေါ်မှာလည်း ကောင်းတဲ့သူတွေဖြစ်ပါတယ် တစ်ခါတစ်လေသူတို့ကို မကောင်းကြံနေတာကို သိသိနေတာတောင် ဟန်ဆောင်နေလေ့ရှိပါတယ် ဒါကတော့ ဘီသွေးအများစုရဲ့ ထူးခြားတဲ့ responsibility လေးပဲဖြစ်ပါတယ်
ပျော်ရွှင်ခြင်း (Happy)
နဂိုထဲကခပ်ပျော်ပျော်ဘီသွေးတွေက သူတို့ပျော်နေတဲ့အချိန်မှာဆိုရင်တော့ အတိုင်းထက်အလွန်ပဲပေါ့ ဘီသွေးတွေကပျော်တဲ့ အချိန်မှာစကားတွေ ရေပက်မဝင်အောင် ပြောလေ့ရှိတယ် သွက်လက်မြူးကြွနေပြီး ထူးခြားတာတွေလျောက်လုပ် လေ့ရှိတယ် တချို့ဘီသွေးတွေကတော့ အရမ်းပျော်နေတဲ့အချိန်မှာ ရည်းစားဟောင်းတွေဆီ သူငယ်ချင်းဟောင်းတွေဆီကိုဖုန်းဆက်လေ့ရှိပါတယ်
ဝမ်းနည်းခြင်း (sadness)
စိတ်ထိခိုက်လာတဲ့အခါမှာ ဘီသွေးတွေက အခန်းအောင်းသတ္တဝါလေးတွေဖြစ်သွားတတ်ပါတယ် စကားလည်း နည်းသွားတယ် စိတ်မပါလက်မပါပုံစံမျိုးဖြစ်သွားတယ် တခြားသူကိုစိတ်မညစ်စေချင်တဲ့ ဘီသွေးတွေက အတတ်နိုင် ဆုံးဟန်ဆောင်ပြီးဖုံးကွယ် ထားလေ့ရှိပါတယ်
စိတ်လှုပ်ရှားခြင်း (excited)
ဘီသွေးတွေစိတ်လှုပ်ရှားလာပြီဆိုရင်တော့ သူက ဂဏာငြိမ်မှာ မဟုတ်တော့ဘူး သူ့ကိုအားပေးမယ့်သူကို လိုက်ရှာတတ်တယ်
ဒေါသထွက်ခြင်း (angry)
ဘီသွေးတွေရဲ့ဒေါသက ကြောက်ဖို့ ကောင်းပါတယ် အများစုက သည်းခံတတ်သူတွေ စနောက်တတ်သူတွေ ဖြစ်တာကြောင့်သူတို့ဒေါသထွက်ရင်လည်း ဘယ်သူနဲ့မှမတူပါဘူး ဘာဆိုဘာမှ မမြင်တော့ပဲ ပေါက်ကွဲတတ်တဲ့ သူမျိုးတွေပါ
roBBin
7:12 AM
Share:
0 comments: